အိမ်ခြေ ၁၉ လုံးရှိမြေများ ရေထဲသို့ပြိုကျ
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင် ကျွန်းမြို့သို့ ရေလမ်းမှအဝင် အနောက် ဘက် မြို့မျက်နှာစာ အမှတ် ၉ ရပ်ကွက် ယမုန်နာ တာလမ်းမကြီးတွင် ရေစီးကြမ်း သော အနောက်တုံးလှဲချောင်းမြစ်ရေ နှစ်ပေါင်းများစွာ တိုက်စားမှုကြောင့် ပေ ၁ဝဝဝ ကျော် ရှည်လျားသော ယမုန်နာ ကားလမ်းမကြီးတစ်ခုလုံး လမ်းပျောက်သွားပြီး ယမုန်နာလမ်းမ ကြီးအား မျက်နှာမူဆောက်လုပ်ထား သော လူနေအိမ်ခြေ ၂၉ လုံး ရေတိုက် စားခံရပြီး အိမ်ခြေ ၁၉ လုံး၌ အိမ် မြေများ ရေထဲသို့ ပြိုကျပါသွား ၍ နေအိမ်များကို ဖျက်သိမ်းခဲ့ကြရ သည်။
ယင်းအနောက် တုံးလှဲချောင်းမြစ် နှင့် မြစ်ကြောင်းတစ်ဆက်တည်းရှိ သော စော်ကဲချောင်းမြစ်၊ ထီလေးသိမ် ချောင်းတို့သည် ဇွန်လမှ ဇန်နဝါရီအထိ မြစ်ရေတိုးကာ ရေစီးကြမ်းမှုကြောင့် ကျန်ရှိသော ယမုန်နာလမ်းရှိ အိမ်ခြေ ၁ဝ လုံးသည်လည်း မြစ်ရေဆက်လက် တိုက်စား၍ အိမ်မြေများ ပြိုကျလျက် ရှိပြီး တစ်အိမ်နှင့်တစ်အိမ် နေ့၊ ည အကြောင်းကိစ္စရှိ၍ ကူးသန်းသွားလာ လိုလျှင် ကမ်းစပ်တွင် ဝါးတံတားထိုးပြီး သွားလာနေကြရသဖြင့် အချိန်မရွေး အ္တရာယ်ရှိနိုင်ကြောင်း သိရသည်။
အဆိုပါ မော်လမြိုင်ကျွန်းမြို့ အနောက်ဘက်ရှိ မြို့မျက်နှာစာ ယမုန်နာ လမ်းမကြီးနှင့် တောင်ဘက်မြို့မျက်နှာစာ ၁၅ လမ်းမကြီးတို့အား ကမ်းဆည်တည် ဆောက်ပေးခြင်းနှင့် မြို့မျက်နှာစာ မြို့ပတ်လမ်းများ ပြန်လည်ဖော်ထုတ် ပေးပါရန် ဒေသခံ မော်လမြိုင်ကျွန်း မြို့နယ် ပြည်သူများက လိုလားနေကြ ကြောင်း သိရသည်။
မော်ကျွန်း-မြင့်အောင်(မြန်မာ့အလင်း)
No comments:
Post a Comment