Latest News

Tuesday, January 9, 2018

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နယ်မြေလုံခြုံရေး၊ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နယ်မြေလုံခြုံရေး၊ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်   ဦးညီပုသည်   လူမှုရေးဝန်ကြီးဒေါက်တာ     ချမ်းသာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်  သတ္တုတွင်းဝန်ကြီး     ဦးကျော်လွင်နှင့် ပြည်နယ်အဆင့်၊ မောင်တောခရိုင် အဆင့်  တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ပိုင်းက   မောင်တောမြို့နယ်ရှိ   ကျေးရွာ များနှင့် ရဲစခန်းများသို့   သွားရောက် ကာဒေသတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်  စပ်လျဉ်း၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ  ဝန်ကြီးချုပ်နှင့်   တာဝန် ရှိသူများသည်   မောရဝတီကျေးရွာရှိ ရိတ်သိမ်ြးေ>ွခလှေ့ထားသော  စပါးများ ဝယ်ယူသူများထံ    အမြန်ဆုံးရောင်းချ နိုင်ရေး      ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ  မှာကြားသည်။
ထို့နောက်    သင်္ဘောကွေ့ရှိဒေသခံ တိုင်းရင်းသားများနှင့်   ရင်းရင်းနှီးနှီး တွေ့ဆုံကာ အားပေးစကား  ပြောကြား သည်။  ယင်းနောက်  အင်းဒင်ကျေးရွာသို့ ရောက်ရှိကာ  နယ်မြေလုံခြုံရေး၊   ဒေသ တည်ငြိမ်အေးချမ်းရေး၊   ဖွံ့ဖြိုးတိုးတက် ရေးနှင့်  စပ်လျဉ်း၍   တာဝန်ရှိသူများအား မှာကြားသည်။
ထိုမှတစ်ဆင့်   UEHRD  အစီ အစဉ်ဖြင့်   ဖောက်လုပ်လျက်ရှိသော အငူမော်-မောင်တော        လမ်းပိုင်းကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်  ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သဝန်ချောင်း  ရဲစခန်းနှင့်  ကိုးတန်ကောက် ရဲစခန်းများ၊   ကိုးတန်ကောက်ကျေးရွာရှိ ဆောက်လုပ်နေသော       နေအိမ်များကို ကြည့်ရှုပြီး    ဒေသခံပြည်သူများအား အားပေးစကားပြောကြားကာ  အငူမော်မှ တစ်ဆင့်   စစ်တွေမြို့သို့   ပြန်လည်ထွက် ခွာသွားသည်။          နေဝင်းထွန်း၊ ဇေယျ
ဓာတ်ပုံ-မြင့်မောင်(မြန်​မာ့အလင်း)

No comments:

Post a Comment