Latest News

Tuesday, January 9, 2018

ဝမ်းတွင်းမြို့နယ်၌ တွေ့ရှိသည့် ရှေးဟောင်းအမွေအနှစ်များ အင်းဝခေတ်နှင့် ကုန်းဘောင်ခေတ်ဦးကြားမှ ဖြစ်နိုင်ကြောင်း ခန့်မှန်း

ဝမ်းတွင်းမြို့နယ်၌  တွေ့ရှိသည့်  ရှေးဟောင်းအမွေအနှစ်များ
အင်းဝခေတ်နှင့်  ကုန်းဘောင်ခေတ်ဦးကြားမှ ဖြစ်နိုင်ကြောင်း ခန့်မှန်း

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် နဘဲကုန်းကျေးရွာအနီး     စမုံမြစ်ရေ တိုက်စားမှုကြောင့် ပေါ်ထွက်လာသော အုတ်ရိုးတန်း၏ ထုထည်ပုံစံမှာ ပျူခေတ် အုတ်ချပ်အရွယ်  မဟုတ်သောကြောင့် အင်းဝခေတ်နှင့်  ကုန်းဘောင်ခေတ်ဦး ကြားမှ   သာသနိက  အဆောက်အအုံ ပန္နက်ပုံစံဖြစ်နိုင်ကြောင်း  ရှေးဟောင်း သုတေသနနှင့်  အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ) မှ သိရသည်။
 ''သွားရောက်  လေ့လာတဲ့အခါ အုတ်ချပ်အရွယ်တွေက  စေတီအပေါ် ပိုင်းမှာ အသုံးပြုတဲ့   ဂုံးပုံသ္ဌာန်ဖော်    သပ်အုတ်တွေ    တွေ့ရတယ်။   အဲဒီ သပ်အုတ်တွေနဲ့ အောက်ခြေပန္နက်ပုံဖော် အုတ်ချပ်အရွယ်တွေက    ပျူခေတ် အုတ်ချပ်အရွယ် မတွေ့ရဘူး။ ခန့်မှန်းတာ က အင်းဝခေတ်ကာလနဲ့ ကုန်းဘောင် ခေတ်ဦးထိ  အသုံးပြုခဲ့တဲ့ အုတ်ချပ် အရွယ် အများဆုံးတွေ့ရလို့ အင်းဝခေတ် နဲ့ ကုန်းဘောင်ခေတ်ဦးကြား သာသနိက အဆောက်အအုံပုံစံ    ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်''ဟု ယင်းဌာနမှ  တာဝန် ရှိသူတစ်ဦးက ရှင်းပြသည်။
အဆိုပါဒေသတွင် စမုံမြစ်ရေတိုက် စားပြီး ကမ်းပြိုရာမှ ကမ်းပါးနံရံများတွင် အရိုးစုများကို စတင်တွေ့ရှိကာ အရိုးစု များအောက်၌   အုတ်ရိုးများ  တွေ့ရ ကြောင်း၊ ယင်းအုတ်ချပ်များမှာ အလျား ၁ ပေ x အနံ ၈ လက်မခန့်  စတုဂံပုံနှင့် အချွန်းပုံများ တွေ့ရကြောင်း ဒေသခံများ ထံမှ သိရသည်။
''စမုံမြစ်ရေတိုက်စားလို့ ပေါ်ထွက် လာတဲ့ အုတ်ရိုးတန်းနေရာက  အရင်က ရွာဟောင်းကုန်းနေရာဖြစ်ပြီး    စမုံမြစ် တောင်ဘက်ခြမ်းက   စေတီတစ်ဆူ ပြိုကျ ပျက်စီးခဲ့တာရှိတယ်''ဟု    ဒေသခံ နဘဲကုန်းရွာမှ  ဦးစံရင်က ပြောသည်။
အဆိုပါဒေသတွင်၂ဝ၁၇ ခုနှစ် နိုဝင် ဘာလက  ရှေးဟောင်းအုတ်ရိုးများနှင့် အရိုးများတွေ့ရှိခဲ့ရာ ပျူခတ်မြို့ဟောင်း ခံတပ်များဖြစ်နိုင်သည်ဟု ခန့်မှန်းမှုများ ရှိခဲ့မှုကြောင့်  ရှေးဟောင်းသုတေသန       မှ  တာဝန်ရှိသူများက ၂ဝ၁၇  ခုနှစ် ဒီဇင်ဘာ ၈ ရက်က သွားရောက်စစ်ဆေး ခဲ့ပြီးနောက်  ယင်းကဲ့သို့   ခန်းမှန်းခဲ့ ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)မြန်​မာ့အလင်း

No comments:

Post a Comment