Latest News

Sunday, January 7, 2018

မြစ်ကူးတံတားကြီးတစ်စင်းသဖွယ်အားထားသွားလာနေရသည့် ပန်းဆိုးတန်း-ဒလ ကူးတို့ရေယာဉ်များ

မြစ်ကူးတံတားကြီးတစ်စင်းသဖွယ်အားထားသွားလာနေရသည့်
ပန်းဆိုးတန်း-ဒလ ကူးတို့ရေယာဉ်များ

ပန်းဆိုးတန်းဒလ(ရန်ကုန်)ခရီးသည်ပြေးဆွဲပေးနေသည့်ချယ်ရီ၁l၂နှင့်၃ကူးတို့ရေယာဉ်မျးသည်ရန်ကုန်တိုင်းဒေသကြီးနှင့်ဧရာဝတီတိုင်းဒေသကြီးတို့မှခရီးသွားပြည်သူများအားမြစ်ကူးတံတားကြီးသဖွယ်နေ့စဉ်နှင့်အမျှအားထားသွားလာနေရသည်။

   ကူးတို့ရေယာဉ်များဖြင့်ဒလlတွံတေးlကော့မှူးlကွမ်းခြံကုန်းlမအူပင်lဒေးဒရဲlဖျာပုံlဘိုကလေးlကျိုက်လတ်စသည့်မြိုနယ်များမှခရီးသွားပြည်သူသုံးသောင်းကျော်အားထားသွားလာနေသကဲ့သို့ပို့ဆောင်ရေးဝကြီးဌာနlရေကြောင်းပို့ဆောက်ရေးဦးစီးဌာနlမြစ်ဝကျွန်းပေါ်ဌာနခွဲအနေဖြင့်လည်းဝင်ငွေအကောင်းဆုံးလုပ်ငန်းအဖြစ်သတ်မှတ်ထားရှိကြောင်းသိရသည်။

   ဇန်နဝါရီ၆-ရက်ကဒလမြို့နယ်ရေကြောင်းပို့ဆောင်ရေး မန်နေဂျာဦးမြင့်လွင်ကျော်ကပန်းဆိုးတန်း-ဒလကူးတို့ရေယာဉ်စီးနင်းသွားလာသည့်ခရီးသည်အရေအတွက်မှာပျမ်းမျှအားဖြင့်နေ့စဉ်သုံးသောင်းကျော်သွားလာလျက်ရှိကြောင်းlလဆန်းရက်နှင့်ရုံးပိတ်ဈေးပိတ်ရက်များlရန်ကုန်မြို့တွင်နေ့ကြီးရက်ကြီးအခမ်းအနားများနှင့်ပွဲလမ်းသဘင်များရှိပါကခရီးသည်ပိုများတတ်ကြောင်းlကူးတို့ရေယာဉ်များအဖြစ်ခရီးသည်များသက်တောင့်သက်သာသွားလာနိုင်ရေးအတွက်ဂျပန်နိုင်ငံကလက်ဆောင်ပေးထားသည့်ချယ်ရီ၁/၂နှင့်၃ အဆင့်မြင့်ရေယ
ာဉ်များဖြင့်ပြေးဆွဲလျက်ရှကြောင်းပြောသည်။

  ကူးတို့ရေယာဉ်များ၏ဝင်ငွေရရှိမှုနှင်ပတ်သက်၍မြစ်ဝကျွန်းပေါ်ဌာနခွဲမှတာဝန်ခံအရာရှိတစ်ဦးကဌာနခွဲတွင်လက်ရှိဝင်ငွေအကောင်းဆုံးလုပ်ငန်းမှာပန်းဆိုးတန်း-ဒလကူးတို့လုပ်ငန်းဖြစ်ကြောင်းlဌာနအနေဖြင့်အဓိကအားထားနေရကြောင်းlဝင်ငွေရရှိမှုနှင့်ပတ်သက်ပြီးတစ်ရက်လျင်ပျမ်းမျှငွေကျပ်၃၂သိန်း။တစ်လလျင်ဒီဇင်ဘာလချုပ်အရငွေကျပ်၁၀၀၄ဒသမ၇၅သိန်းရရှိကြောင်းပြောသည်။

   ချယ်ရီကူးတို့ရေယာဉ်၁/၂နှင့်၃ရေယာဉ်များသည်မိုးတွင်းကာလတွင်လည်းလေဒဏ်မိုးဒဏ်ကာကွယ်ပေးနိုင်မှုlကျယ်ပြန်မှုနှင့်သက်တောင့်သက်သာရှိခြင်းတို့ကြောင့်ရေရှည်ကြံ့ခိုင်မှုရှိနေစေရေးတို့အတွက်ဌာနနှင့်ခရီးသွားပြည်သူများကိုယ်စီအသိစိတ်ဓာတ်ဖြင့်ဝိုင်းဝန်းထိန်းသိမ်းသွားရန်လို
အပ်လှပေသည်။ အောင်ဝင်းlဖျာပုံl

No comments:

Post a Comment