Latest News

Monday, January 29, 2018

နာရေးဖဲဝိုင်းတွင် စကားများရာမှ လူသတ်မူဖြစ်ပွား တရားခံဖမ်းဆီးရမိ

နာရေးဖဲဝိုင်းတွင် စကားများရာမှ လူသတ်မူဖြစ်ပွား တရားခံဖမ်းဆီးရမိ
Photo Credit
ပုသိမ် ဇန်နဝါရီ၂၉ရက်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၇)ရပ်ကွက် ရာမညလမ်းသွယ် ၉လမ်း လမ်းမကြီး ၂ လမ်းထိပ်တွင် ယနေ့ နံနက် ၆နာရီခွဲအချိန်၌ လူသတ်မူဖြစ်ပွားခဲ့ပြီးသက်ဆိုင်ရာမှ လူသတ်မူကျုးလွန်သူအား အခင်းဖြစ်ပွားပြီး လေးနာရီအချိန်ခန့်တွင်တရားခံဖမ်းဆီးရမိကြောင်းသတင်းရ ရှိသည်

 ရာမည ၁၁ လမ်းရှိ နာရေးအိမ်ဖဲဝိုင်းတွင် ဇန်နဝါရီ၂၈ရက်နေ့၁၁ နာရီအချိန်တွင်  စကားများရန်ဖြစ်ခဲ့သည့်ကိစ္စအပေါ် မကျေမနပ်ဖြစ်ကာ  စီတုံး(ခ)မြတ်စိုးဝင်း (၃၉ နှစ်) ဆိုသူက ဒေါ်သူဇာ ၏ခင်ပွန်းဖြစ်သူ အောင်ကျော်စိုး(၄၁နှစ် )ဆိုသူအား နေအိမ်သို့ရောက်လာပြီး ဓါးဖြင့်ထိုးခဲ့ရာ အောင်ကျော်စိုး၏ ဝဲနို့အုံတွင် ထိုးသွင်းဒဏ်ရာရရှိခဲ့ပြီးဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း ပုသိမ်နယ်မြေရဲစခန်းမှသိရှိရသည်

တရားခံ စီတုံး(ခ)မြတ်စိုးဝင်း အဘအမည်ဦးကြည်ဝင်း ဆိုသည်သူ မှတ်ပုံတင်မရှိ မူစလင် အစ္စ္စလန်ဘာသာဝင်တစ်ဦးဖြစ်ပြီး ကြာပန်းလုပ်သား  ကျောက်ငူရပ် အမှတ်(၆)ရပ်ကွပ်တွင် နေထိုင်သူတစ်ဦးဖြစ်သည် ဟု ဒေါ်သူဇာ၏တိုင်စာတွင်တွေ့ရသည်

တရားခံ အား သေဆုံးသူ ၏ဇနီးဖြစ်သူဒေါ်သူဇာ (၃၀နှစ်)မှ  ယနေ့နံနက် ၁၀နာရီအချိန်တွင် ပုသိမ်နယ်မြေရဲစခန်း၌ ပ( ၃၆/၂၀၁၈ )ရာဇသတ်ကြီးပုဒ်မ( ၃၀၂) ဖြင့် အမှုဖွင့်တိုင်ကြား ထားရာ သက်ဆိုင်ရာမှ အရေးယူထားကြောင်း သိရသည်

သတင်း ရွှေရည်ဝင်း

No comments:

Post a Comment