ပုသိမ် ဇန်နဝါရီ၂၉ရက်
ဧရာဝတီတိုင်း ဒေသကြီး တွင် မြို့နယ်စုစုပေါင်း ၂၆မြို့နယ်ရှိရာ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း (Village Development Project) DVPလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် မြို့နယ် ၂၀ တွင် ရှိသည့် ကျေးရွာပေါင်း ၉၅ ရွာကို သန်းပေါင်း ၉၀၀ကျော် ကို အသုံးပြု ဆောင်ရွက်သွားမည် ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ဒုတိယပတ် အတွင်းမှ စတင် ဆောင်ရွက် နေပြီ ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှသတင်းရ ရှိသည်
ယင်းမြို့နယ် ကျေးရွာများသည် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန၏ ပြည်ထောင်စု အစိုးရ ဘဏ္ဍာ ရံပုံငွေဖြင့် ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း(Village Development Project) VDP စီမံကိန်းဖြင့်ဆောင်ရွက်နေပြီး ကျန်မြို့နယ် ၆မြို့နယ်မှာ ကမ္ဘာ့ဘဏ် ၏ အကူအညီဖြင့် ဆောင်ရွက်လျှက်ရှိသော လူထု ဗဟိုပြု စီမံကိန်း (Community Driven Development Project )CDD စီမံကိန်းများဖြင့် ဆောင်ရွက်လျက်ရှိနေ ခြင်းဖြစ်ကြောင်ဧရာဝတီတိုင်း ဒေသကြီး ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးသန်း ထံမှသိရှိရသည်
"တစ်ရွာကို ကျပ်သိန်း ၁၀၀ နှုန်းနှင့် ရွာရဲ့ ဖွံ့ဖြိုးရေးအတွက်အသုံးပြုကမယ် ဥပမာအားဖြင့် တံတား ဆေးပေးခန်း ကျောင်းဆောင် စတာတွေ ကို ဆောင်ရွက် ပေးတာပါ ဒီငွေကပြန်ဆပ်ကမဲ့ ငွေမဟုတ်ဘူး ရရှိလာတဲ့ငွေကို အများအတွက် ရွာအတွက် အကျိုးရှိရှိ အသုံးပြုဖို့ ဖြစ်ပါတယ် ဘဏ်မှာ အကောင့်ဖွင့် ပေးထားမယ် လုပ်ငန်းပြီးဆုံး သရွေ့ ကို အပိုင်း လိုက်ထုတ်ပေးသွားမှာပါ ဌာနအနေနဲ့ ကတော့ ငွေထုတ်ပေးမှု အပိုင်းကိုပဲ ထိန်းသိမ်း ထားပါတယ် ကျေးလက် လူထု အနေနဲ့ ပြောချင်တာကတော့ ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နဲ့ ပူးပေါင်း ဆောင်၇ွက် စေချင်ပါတယ်”ညွန်ကြားရေးမှူးဦးစိုးသန်းမှတိုင်းဧရာကိုပြောသည်
ပုသိမ်မြို့နယ်တွင်းရှိကျေးရွာများနှင့် အင်္ဂပူမြို့နယ် အတွင်းရှိ ကျေးရွာများတွင်၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်း က ၎င်း ကိုယ်တိုင် စီမံဆောင်ရွက် ရသည့် အဆိုပါVDPစီမံကိန်းကို စမ်းသပ် ဆောင်ရွက်ခဲ့ရာ အောင်မြင် ခဲ့သဖြင့် ၂၀၁၇ နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ များတွင် တိုင်းဒေသကြီး အတွင်းရှိ ကျန်ကျေးလက် ပြည်သူများကို သင်တန်းပို့ချခြင်း အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီး ဖြစ်၍ လက်ရှိတွင် တိုင်းလုံးကျွတ် အနေဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်း ဆက်လက်ပြောကြားသည်
VDPစီမံကိန်း သည် ကျေးရွာကော်မတီ ဖွဲ့၍ ကျေးရွာ ရှိ မွေးဖွားနှုန်း သေဆုံးမှူ့နှူန်း စီးပွားရေး လူမှုရေး ကျန်းမာရေး ပညာရေး စသည့် အချက်အလက်များ ပါဝင်မှတ်တမ်းတင် ထားသည့် ကျေးရွာစာအုပ် ( Village Book) ပြုလုပ် ကာ ယင်းစာအုပ် အချက်အလက် များအား အခြေပြု၍ ကျေးရွာတွင် နေထိုင်သော ပြည်သူများ က မိမိတို့ ကျေးရွာ၏ ဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်ချက်များကို ကိုယ်တိုင် စီမံခန့်ခွဲ ရသည့်စီမံကိန်း များဖြစ်ကြောင်း နှစ်အလိုက် စီမံကိန်းများ လုပ်ငန်းများ ကို တိုးချဲ့ ဆောင်ရွက် သွားမည့် စီမံကိန်း ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဇြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံး မှသိရသည်
သတင်း၊ဓာတ်ပုံ - ရွှေရည်ဝင်း
No comments:
Post a Comment