Latest News

Monday, January 29, 2018

စစ်ကိုင်း - မုံရွာ - ရွှေဘိုသွားကားလမ်း၌ တရားမဝင်တင်ဆောင်လာသော တမလန်းဓါးရွေတုးံ ၂၂ တုံး ဖမ်းဆီးရမိ

စစ်ကိုင်း - မုံရွာ - ရွှေဘိုသွားကားလမ်း၌ တရားမဝင်တင်ဆောင်လာသော တမလန်းဓါးရွေတုးံ ၂၂ တုံး ဖမ်းဆီးရမိ

စစ်ကိုင်း ဇန်နဝါရီ ၂၉

စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်တွင် ဇန်နဝါရီ် ၂၈ ရက် ည ၁၁ နာရီက တရားမဝင်သစ်များ ရှာဖွေဖမ်းဆီးခြင်းလုပ်ငန်းဆောင်ရွက်စဉ်
သတင်းအရ ရဲအုပ် မိုးကျော်အောင်(ရွာသစ်ကြီး) မှ ဦးစီး၍ ခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့ရဲတပ်ကြပ်ကြီး နေဝင်း စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာန တောအုပ်ဇော်လွင်ဦး တောခေါင်း သန်းဇော် တောခေါင်း ကျော်မင်းနိုင်အသိသက်သေ ကျောက်ဆည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်မျိုး ဆယ်အိမ်မှူး ဦးဟန်ရတိုနှင့်အတူ ပူးပေါင်းအဖွဲ့မှ စစ်ကိုင်း - မုံရွာ - ရွှေဘိုသွားကားလမ်း၌ တန့်ဆည်မြို့မှ မန္တလေးမြို့သို့ယာဉ်မောင်း ထိန်လင်း မောင်းနှင်ပြီးယာဉ်ပေါ်တွင် ကိုဖြိုး(ခ) မင်းထိုက်လိုက်ပါလာသောယာဉ်အမှတ် YGN7 j/ ---- WISH အနက်ရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းတွင် တရားမဝင်တင်ဆောင်လာသော တမလန်းဓါးရွေတုးံ ၂၂ တုးံ (တန်ချိန် ဒဿမ ၅၅၁၆ တန်) ကာလတန်ဖိုးငွေကျပ်  ၁၁၅၈၃၆၀ ကျပ်အားရှာဖွေတွေ့ရှိသဖြင့်သိမ်းဆည်းခဲ့ပြီး တမလန်းဓါးရွေတုးံများအား တင်ဆောင်လာသည့် YGN 7j ---- WISH အနက်ရောင်ယာဉ်နှင့်အတူ တရားမဝင်သယ်ဆောင်လာသူ ယာဉ်မောင်း ထိန်လင်း (၃၀ နှစ်) နှင့် အမှတ် ၉၁၂ စစ်မြေပြင်အင်ဂျင်နီယာတပ်ဝန်း လားရှိုးမြို့ ၊ ကိုဖြိုး (ခ ) မင်းထိုက် (၂၄ နှစ်)၊ ကျဘမ်းစာတိုကျေးရြွာ မစ်ငယ်မြို့နေသူတိုအား ဥပဒေအရဆက်လက်အရေးယူနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ခိုင်ဇေယျ( ၀၆၆)မြန်​မာ့အလင်း

No comments:

Post a Comment