Latest News

Monday, January 15, 2018

အငှားယာဉ်ပေါ်တွင်ပါသွားသည့် နိုင်ငံခြားသား၏ ကျောပိုးအိတ်အား ပြန်လည်ပေးအပ်

အငှားယာဉ်ပေါ်တွင်ပါသွားသည့် နိုင်ငံခြားသား၏ ကျောပိုးအိတ်အား ပြန်လည်ပေးအပ်

နေပြည်တော်    ဇန်နဝါရီ    ၁၄

ဇန်နဝါရီ ၁၃ ရက် နံနက် ၁ဝ နာရီက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးတပ်ဖွဲ့စု(ရန်ကုန်)သို့ ပုလဲကွန်ဒိုအိမ်ရာတွင် တည်းခိုနေထိုင်သည့် အမေရိကန်နိုင်ငံသား Mr.PAULANT HONY LARMON  ရောက်ရှိလာပြီး ၎င်းသည် ဇန်နဝါရီ ၁၂ ရက် ညနေ ၆ နာရီခန့်က မိမိတည်းခိုသည့်နေရာမှ (၅၂)လမ်းသို့ အငှားယာဉ်ဖြင့်သွားရောက်စဉ် အဆိုပါယာဉ်ပေါ်၌ အနက်ရောင်ကျောပိုးအိတ်တစ်လုံးမေ့ကျန်ခဲ့၍ ကူညီစုံစမ်းပေးရန် လာရောက်အကြောင်းကြား ခဲ့သည်။ အကြောင်းကြားချက်အရ  တပ်ဖွဲ့စုမှ  တပ်ဖွဲ့ဝင်များက Control Centre သို့ သွားရောက်စုံစမ်းခြင်း၊ အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်စုံစမ်းခြင်းများ ဆောင်ရွက်နေစဉ် ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် TAXI အငှားယာဉ်မောင်းဖြစ်သူ ဒဂုံ အရှေ့ပိုင်းမြို့နယ် (၁၃၃)ရပ်ကွက်နေ ကိုစန်းယု(၄၃)နှစ်နှင့် ဆက်သွယ်မှုရရှိခဲ့ပြီး ၎င်းက ကျောပိုးအိတ်အား တပ်ဖွဲ့စုရုံး(ရန်ကုန်)သို့ လာရောက်အပ်နှံခဲ့သဖြင့် သက်သေများရှေ့တွင် ဖွင့်ကြည့်စစ်ဆေးခဲ့ရာ အမေရိကန်ဒေါ်လာ ၁၄၂၇ဝ၊ Mr.PAULANT HONY LARMON အမည်ပါ ပတ်စ်ပို့စာအုပ် နှစ်အုပ်နှင့် အနက်ရောင်လက်ပ်တော့ကွန်ပျူတာ တစ်လုံးတို့ကို တွေ့ရှိရပြီး ပိုင်ရှင်ဖြစ်သူထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။    
သတင်းစဉ်

No comments:

Post a Comment