Latest News

Monday, January 15, 2018

စီရိုနယ်လ်ဒိုအတွက် တွစ်တာပေါ်မှာ ချီးကျူးသံတွေအစား ဝေဖန်မှုတွေ ပလူပျံလာခဲ့

စီရိုနယ်လ်ဒိုအတွက် တွစ်တာပေါ်မှာ ချီးကျူးသံတွေအစား
ဝေဖန်မှုတွေ ပလူပျံလာခဲ့


တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ ၂ဝ၁၇ ခုနှစ်အတွင်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုနဲ့   ဘလွန်း ဒီအောဆုလို တစ်ဦးချင်းဆုတံဆိပ်တွေ သိမ်းကျုံး ရယူခဲ့သလို တွစ်တာလို လူမှုကွန်ရက်တွေမှာ လည်း သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ ချီးကျူးမှုကို သိမ်းပိုက်နိုင် ခဲ့သူပါ။

ရီးယဲလ်က အိမ်ကွင်းမှာ ဗီလာရီးယဲလ် ကို အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး မှာတော့   ဒီလို   ချီးကျူးမှုတွေနေရာမှာ ဒေါသတကြီးဝေဖန်မှုတွေသာ   အစားထိုး ဖြစ်တည်သွားပါတယ်။ ဘလွန်းဒီအောငါးကြိမ် စံချိန်တင်   ဆုရှင်ဖြစ်တဲ့  စီရိုနယ်လ်ဒိုဟာ ပြိုင်ဘက် ဂိုးဧရိယာအတွင်း သေချာပေါက် အခွင့်အရေးတွေ များစွာရရှိခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်တာကြောင့်   ပရိသတ်တွေက ဒီအတွက် မပျော်မရွှင်ဖြစ်ကာ ဒီနှစ် ဘောလုံး ရာသီဟာ သူ့အတွက် ရီးယဲလ် နောက်ဆုံးရာသီပဲ ဖြစ်တော့မယ်ဆိုတဲ့           မှတ်ချက်တွေလို   စီရိုနယ်လ်ဒိုနဲ့ပတ်သက်ပြီး   ဆိုးရွားတဲ့ မှတ်ချက်တွေ များစွာကို တွစ်တာ စာမျက်နှာပေါ်   ရေးသားခဲ့ကြ ပါတယ်။ မေလဲ့သင်း(​ကြေးမှုံ)

No comments:

Post a Comment