၂၀၂၁ တွင် လက်ရှိ လျပ်စစ်ဓါတ်အား နှစ်ဆ တိုးမြှင့် နိုင်တော့မည်
၂၀၂၁ တွင် သဘာဝ ဓါတ်ငွေ့သုံး လျပ်စစ်ဓါတ်အားပေးစက်ရုံ လေးလုံးအား အမေရိကန် ဒေါ်လာ ၅.၁၆ ဘီဘီယံ အကုန်အကျ ခံ၍ တည်ဆောက်ပြီးစီးရန် ရှိပြီး လျပ်စစ် ဓါတ်အား ပမာဏ ၃,၁၀၀ မီဂါဝတ်ကို ထုတ်လုပ်ဖြန့်ဖြူး နိုင်တော့မည် ဖြစ်သည်ဟု လျပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ က ဆိုပါတယ်။
အဆိုပါ လျပ်စစ်ဓါတ်အားပေး စက်ရုံများကို ကုမ္ပဏီ ၆ ခု မှ တာဝန်ယူ ဆောက်လုပ်သွားမည် ဖြစ်ပြီး ယခုအခါ ပါတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုများ စတင်နေပြီ ဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီများမှ တည်ဆောက်ပြီးသွားတဲ့ အခါ အစိုးရအား လျပ်စစ်ဓါတ်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသွားဖို့ ရှိနေပါတယ်။ အဆိုပါ စက်ရုံများကို ပြည်ပမှ တင်သွင်းတဲ့ LNG ဓါတ်ငွေ့ကို အသုံးပြုပြီး လည်ပါတ်သွားမယ်လို့ သိရပါတယ်။
ဒီနေရာမှာ အစိုးရက ဘယ်လို သဘောတူညီချက်မျိုးနဲ့ ၀ယ်ယူသွားမယ်ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသဘောတူညီချက် အတည်ဖြစ်မှ စက်ရုံများကို စတင် ဆောက်လုပ်မှာလည်း ဖြစ်ပါတယ်။
အဆိုပါ ကုမ္ပဏီများမှာ TOTAL, Siemens AG, Zhefu Holding, TTLC Public Company Ltd, Sinohydro Corp နှင့် မြန်မာရှိ Supreme Trading တို့ ဖြစ်ပါတယ်။
အဆိုပါ လျပ်စစ်ဓါတ်အားပေး စက်ရုံများကို ရခိုင်ပြည်နယ် အနောက်ပိုင်း၊ ရန်ကုန် အပါအ၀င် အခြား ဒေသများမှာ ဆောက်လုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ရဲ့ လျပ်စစ်ပမာဏ ရဲ့ ၇၄.၇% သည် ရေအားလျပ်စစ်မှ ရရှိပြီး ၂၀.၅% အား သဘာဝဓါတ်ငွေ့မှ ထုတ်လုပ်ပြီး ကျန် ရာခိုင်နှုန်းကိုတော့ ကျောက်မီးသွေး နဲ့ ရေနံတို့မှ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
လက်ရှိတွင် မြန်မာ မှ လျပ်စစ်ဓါတ်ပမာဏ အားဖြင့် ၃,၀၀၀ မီဂါဝတ်သာ ထုတ်လုပ်နိုင်သေးပြီး တိုင်းပြည် လူဦးရေ၏ သုံးပုံတပုံကသာ သုံးစွဲနိုင်တဲ့ အနေအထားမှာ ရှိနေပါသေးတယ်။ ထိုင်းနိုင်ငံရဲ့ ဆယ်ပုံတပုံသာ ရှိပါသေးတယ်။ ပြည်တွင်း ထုတ်လုပ်မှုရဲ့ ၁၈% သည်လည်း ဖြန့်ဖြူးရေး ပိုင်းတွင် ခေတ်မှီ ခြင်း မရှိ အိုမင်း ဟောင်းနွမ်းနေမှုကြောင့် ဆုံးရှုံးသွားခဲ့ရပါတယ်။
လှစိုးဝေ
ကိုးကား၊ ၊ Reuters
Subscribe to:
Post Comments (Atom)
No comments:
Post a Comment