Latest News

Friday, January 12, 2018

ညောင်လေးပင်မြို့ အ-ထ-က (၁)ကျောင်း၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုဖွင့်ပွဲကျင်းပ

ညောင်လေးပင်မြို့ အ-ထ-က (၁)ကျောင်း၌  ဗိုလ်ချုပ်အောင်ဆန်းရုပ်တုဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအတွင်းထားရှိသော ဗိုလ်ချုပ်
ရုပ်တုဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ၁၁ ရက် နံနက် ၉ နာရီက အဆိုပါ ကျောင်းရှေ့၌ကျင်းပခဲ့သည်။

ဗိုလ်ချုပ်ရုပ်တု ဖွင့်ပွဲဆိုင်းဘုတ်အားပြည်သူ့လွှတ်တော်  ကိုယ်စာလှယ်ဒေါက်တာမြင့်သိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ် ဦးအောင်နိုင်ဦး၊ ညောင်လေးပင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အလုပ်အမှုဆောင်ဦးခင်မောင်လွင်၊ အ-ထ-က(၁) ကျောင်း
အုပ်ဆရာမကြီး   ဒေါခင်ဌေးကြူ၊ဗိုလ်ချုပ်အောင်ဆန်းရုပ်တု အလှူရှင် ဦးအောင်ကျော်ထွန်း၊ အောက်ခံစင်မြင့်အလှူရှင် ဦးကိုကိုတို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြသည်။ ယင်းနောက် ရုပ်တုကမ္ပည်းမော်ကွန်အား အလှူရှင်ဦးအောင်ကျော်ထွန်းက ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်သိန်းက အဖွင့် အမှာစကားပြောကြားပြီး ကျောင်းအုပ် ဆရာမကြီးက ဗိုလ်ချုပ်အောင်ဆန်း ဘဝအကြောင်းနှင့် အလှူရှင်နှစ်ဦးက လှူဒါန်း
ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြကြောင်း သိရ
သည်။           နေလင်း(ညောင်လေးပင်)​ကြေးမှုံ

No comments:

Post a Comment