ကချင်ပြည်နယ် မိုးကောင်းမြို့ရှိ မန်ရွက်ကျေးရွာအုပ်စု မြို့ဟောင်းကျေးရွာတောင်ဘက်ရှိ ရှေးဟောင်းစေတီတော်အား ပြန်လည်ပြု
ပြင်မွမ်းမံရန် ဇန်နဝါရီ ၁ဝ ရက်က ဆရာတော် နှင့် ဗုဒ္ဓဘာသာဝင် ပြည်သူများကတူးဖော်ရာ ကြေးဆင်းတုတော်၊ ကျောက်ဆင်းတုတော် ဗုဒ္ဓရုပ်ပွားတော်များနှင့် ကြေးဟင်္သာရုပ်၊ ကြေးဖလား တို့အားတူးဖော် တွေ့ရှိခဲ့ သည်။
မိုးကောင်းမြို့ မန်ရွက်ကျေးရွာအုပ်စု မြို့ဟောင်း
ကျေးရွာ တောင်ဘက် နှစ်ဖာလုံခန့် အကွာအဝေး
ရှိ ရှေးဟောင်း စေတီ တော်ကြီး တစ်ဆူအား မန်ရွက်ကျေးရွာ ပရိ
ယတ္တိဝိဟာရ ဘုန်းတော် ကြီးကျောင်းမှ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုဓမ္မဦးဆောင်ကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်
သောင်းနှင့် ကျေးရွာနေပြည်သူများက စေတီတော်
အား ပြန်လည်ပြုပြင်မွမ်းမံရန် တူးဖော်ရှင်းလင်းစဉ် ရှေးဟောင်းစေတီအတွင်းမှ Óဏ်တော်(၇)လက်မခန့်ရှိ ကျောက်ဆင်းတု ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူ၊ Óဏ်တော် ခြောက်လက်မ၊ Óဏ်တော် ငါးလက်မ၊ Óဏ်တော်လေးလက်မနှင့် Óဏ်တော်သုံးလက်မရှိ ကြေးဆင်းတု ဗုဒ္ဓရုပ်ပွား တော်တစ်ဆူစီနှင့် ကြေးဆင်းတုတော်၏ ဗုဒ္ဓ
ဦးခေါင်းပိုင်း တစ်ခု၊ အမြင့် သုံးလက်မရှိ ကြေး ဟင်္သာရုပ် သုံးရုပ်နှင့် ကြေးဖလားတစ်လုံးတို့ အား ရှာဖွေတွေ့ရှိခဲ့သည်။
ထိုသို့ ရှေးဟောင်း စေတီတော်မှ ပေါ်ထွက် လာသည့် ဗုဒ္ဓရုပ်ပွား
တော် ဆင်းတုတော်များ နှင့် ကြေးဟင်္သာရုပ်၊ ကြေးဖလား တို့အား ဗုဒ္ဓဘာသာဝင် ပြည်သူများ ကြည်ညိုသဒ္ဓါ ပွားများနိုင်ရန် ပရိယတ္တိဝိဟာရ ဘုန်းတော်ကြီးကျောင်း၌ အပူဇော်ခံ ထားရှိပြီး စေတီတော် ပြန်လည်ပြုပြင်ရာ၌ ဌာပနာထည့်သွင်း ပူဇော်သွားမည်ဖြစ်ကြောင်းမန်ရွက်ကျေးရွာ ပရိယတ္တိဝိဟာရ ဘုန်းတော်ကြီးကျောင်းမှ ပဓာနနာယက ဆရာတော်ဘဒ္ဒန္တသုဓမ္မထံမှ သိရသည်။
သူရိန်စိုး(ကချင်မြေ)ကြေးမှုံ
No comments:
Post a Comment