ဆောက်သမ်တန် အသင်းတို့ ကြိုးစားနေ
အဲဗာတန်အသင်းနှင့် ဆောက်သမ်တန် အသင်းတို့သည် ဇန်နဝါရီဈေး ကွက်ကာလအတွင်းတွင် အာ ဆင်နယ်အသင်း တောင်ပံ တိုက်စစ်ကစားသမား သီယို ဝေါလ်ကော့သ်အား ပြောင်း ရွှေ့ ကြေး ပေါင်သန်း ၂ဝ ဖြင့် ခေါ်ယူနိုင်ရန် အပြိုင်ကြိုးစား လျက်ရှိကြောင်း သတင်း များတွင် ရေးသားဖော်ပြထား သည်။
အသက်(၂၈နှစ်)အရွယ်ရှိ အင်္ဂလန်ကစား သမား ဝေါလ်ကော့သည် အာဆင်နယ်အသင်းမန်နေဂျာ အာစင်ဝင်းဂါး ၏ ပထမပွဲထွက်ကစားသမားစာရင်းတွင် ပါဝင်ခွင့် နည်းပါးနေသူဖြစ် ပြီး အသင်းတာဝန်ရှိသူများအနေဖြင့် ဇန်နဝါရီဈေးကွက်ကာလ အတွင်း၌ ဝေါလ်ကော့သ်အား ရောင်းချသွားရန် စဉ်းစားဖွယ်ရှိနေ သည်။ တောင်ပံကစားသမား ဝေါလ်ကော့သ်သည် ၂ဝဝ၆ ခုနှစ် ဇန်နဝါရီလ အတွင်းတွင် ဆောက်သမ်တန်အသင်းမှ အာဆင်နယ်သို့ ပြောင်းရွှေ့ကြေး ပေါင်ငါးသန်းဖြင့် ပြောင်းရွှေ့လာသူ ဖြစ်သည်။
အဲဗာတန်အသင်းအနေဖြင့် အာဆင်နယ်အသင်းက ဝေါလ် ကော့သ်အား ပေးချေနေသည့် တစ်ပတ်လုပ်ခငွေ ပေါင် ၁၁ဝဝဝဝနှင့် အနီးစပ်ဆုံး ပမာဏကို ပေးချေနိုင်မည်ဖြစ်သော်လည်း ဆောက်သမ် တန်အသင်းမှာမူ အသင်း၏ ဘဏ္ဍာရေးဆိုင်ရာ ထိန်းချုပ်မှုများ ရှိနေသောကြောင့် ဝေါလ်ကော့သ်အနေဖြင့် အသင်းဟောင်း ဆောက်သမ်တန်သို့ ပြန်လာမည်ဆိုပါက သူ၏ လုပ်ခငွေ ပမာဏကို လျှော့ယူရမည့် အခြေအနေတွင် ရှိနေကြောင်း သတင်းများတွင် ဆက်လက် ရေးသားထားသည်။
သို့သော်လည်း ယခုဇန်နဝါရီ ဈေးကွက်ကာလအတွင်းတွင် ဝေါလ် ကော့သ်၏ အပြောင်းအရွှေ့ဖြစ်ပေါ်လာရေးမှာ အသင်းဖော် တိုက်စစ်ကစားသမား အလက်ဇီဆန်းချက်ဇ်၏ အနာဂတ်အပေါ် မူတည်နေကြောင်း သတင်းများ လည်း ထွက်ပေါ်နေသည်။ မန်နေဂျာ အာစင်ဝင်းဂါးအနေဖြင့် ဝေါလ် ကော့သ်၊ ဆန်းချက်ဇ်တို့၏နေရာတွင် အစားထိုးရမည့် ကစားသမားများ ခေါ်ယူနိုင်ခြင်းမရှိဘဲ နှစ်ဦးစလုံးအား ဇန်နဝါရီဈေးကွက်ကာလအတွင်း ရောင်းချသွားရန် လိုလားမှုမရှိဟု ဆိုသည်။ ထက်အောင်(မြန်မာ့အလင်း)
No comments:
Post a Comment