Latest News

Sunday, January 28, 2018

ပင်လုံမြို့တွင် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ပင်လုံမြို့တွင် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ


နေပြည်တော် ဇန်နဝါရီ ၂၈

ပင်လုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၅ ရက် ညသန်းခေါင်တွင် ပင်လုံမြို့ အမှတ်(၃)ရပ်ကွက် သုခလမ်းနေ တထိတ်၏နေအိမ်အားဝင်ရောက်ရှာဖွေရာ ၄င်းနှင့်အတူ စိုင်းကျော်အား တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ငါးပြား၊ ဘိန်းဖြူ သုည ဒသမ ဝဝ၆ ကီလိုနှင့် 9MMပစ္စတို တစ်လက်၊ ၄င်းကျည် ကိုးတောင့်၊ ¤င်းကျည်အိမ် တစ်ခု တို့ကိုလည်းကောင်း၊ အလားတူ ဇန်နဝါရီ ၂၇ ရက် နံနက် ၁၁ နာရီ မိနစ် ၄ဝ က မူးယစ်တပ်ဖွဲ့စု(၂၉) မိုင်းဆတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းတုံမြို့နယ် မိုင်းဟန်ကျေးရွာအုပ်စု နားကောင်းမူကျေးရွာ အောင်မင်္ဂလာရပ်ကွက်နေ ဝင်းအောင်၏နေအိမ်ကို ရှာဖွေရာ ၄င်းနှင့်အတူ သန်းမျိုးအားတွေ့ရှိရပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ဝ နှင့် ဘိန်းဖြူ သုည ဒသမ ဝ၃၁၃ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment