Latest News

Tuesday, January 23, 2018

လေးမျက်နှာ (သို့မဟုတ်) သာ၍ မဝေးတော့သော မြို့လေးဆီသို့

လေးမျက်နှာ (သို့မဟုတ်) သာ၍ မဝေးတော့သော မြို့လေးဆီသို့

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့ စာပေဟောပြောပွဲမှ အပြန် ဆရာကြီး တက္ကသိုလ် ဘုန်းနိုင်က သာ၍ဝေးရာဆီကို ပါ ဝတ္ထုဖြင့် စာပေဟောပြောပွဲခရီးကို ဂုဏ်ပြုရေးသားခဲ့သည်။ ဆရာကြီးလာရောက်ဟောပြောခဲ့သည့် ၁၉၇၄ ခုနှစ်တွင် ကျွန်တော်လေးမျက်နှာမြို့သို့ မရောက်သေးပါ။ လှော်ကထား အလကတွင် အဋ္ဌမတန်း တက်ရောက်နေဆဲဖြစ်သည်။ ကွယ် လွန်သွားပြီဖြစ်သော ဦးလေးဟန်စိန်တို့နှင့်အတူ ရွာကနေ လေးမျက်နှာမြို့သို့ လိုက်ပါပြီး အထက်တန်းကျောင်း အား ကစားရုံခန်းမထဲ၌ ဆရာကြီး၏ စာပေဟောပြောပွဲကို နား ထောင်ခဲ့ဖူးခြင်းဖြစ်သည်။ ထိုစာပေခရီးမှအပြန် ၁၉၇၅ ခုနှစ်၌ သာ၍ဝေးရာဆီကိုပါ  ဝတ္ထုကိုရေးသားထုတ်ဝေခဲ့သည်။ ဝတ္ထု ၏ အဓိကဇာတ်ကောင်များမှာ ကိုသာဓုနှင့် မသင်းနု။ ကိုသာဓု ဆိုတာက ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရပြီး အတိတ်မေ့ကာ မီးရထားတစ်တန်၊ ကားတစ်တန်၊ မော်တော် ဘုတ် တစ်တန်စီး လျက် လေးမျက်နှာမြို့သို့ ရောက်ရှိလာသူ။ သူ၏ မူလဘဝက ရန်ကုန်မြို့မှ တရားရုံးချုပ်  ဝတ်လုံတော်ရ  ဦးသက်လွင်။ မသင်းနုက လေးမျက်နှာမြို့ခံ တက္ကသိုလ်ကျောင်းသူ၊ အမှန် အတိုင်း ဝန်ခံရပါမူ ဆရာ၏ဝတ္ထုကို ထိုစဉ်အချိန် ကာလတုန်း က ဖတ်ရတာ သိပ်ပြီးနားမလည်ခဲ့ပါ။ အသက်အရွယ်ရပြီး နောက် တစ်ကြိမ်ပြန်ဖတ်သောအခါမှ ဆရာပေးချင်သော ၾန််ေါန ကို တိတိပပႀကီး ဖမ်းနိုင်ခဲ့သည်။ သို့သော် ထိုစဉ်က လေးမျက်နှာမြို့၏ အနေအထားကတော့ ဆရာ့ဝတ္ထုထဲမှာ ပါသလိုပင် တစ်မြို့လုံးမှ တစ်လမ်းတည်းသာရှိသော၊ ထို တစ်လမ်းမှာလည်း ဆိုက်ကား တစ်စီးသွားရုံသာ ကျယ်သော၊ ကတ္တရာလမ်းမဟုတ်သည့် တာရိုးရှည်တစ်ခုသာဖြစ်သော လေးမျက်နှာမြို့ဖြစ်လို့နေပါသည်။
ဆရာရေးဖွဲ့ခဲ့သည့် ထိုလမ်းပေါ်မှာ ကျွန်တော်တို့ ပျော်ရွှင် စွာလျှောက်ရင်း ကျောင်းတက်ခဲ့ကြသည်။  ခုံကြီးပိုင်းရှိ ပရဟိတကျောင်းမှာနေ၍ နဝမတန်း၊ တက္ကသိုလ်ဝင်တန်းကို အထက်တန်းကျောင်းမှာ သွားတက်ကြရသည်။ ထိုစဉ်က (၁၉၇၅၊ ၇၆ ပတ်ဝန်းကျင် အချိန်ကာလက)  ငဝန်မြစ်သည် လေးမျက်နှာမြို့ဟောင်းကို  ရန်သတ္တရုမပြုသေး။ ဆရာ တက္ကသိုလ် ဘုန်းနိုင်ရေးဖွဲ့ခဲ့သည်က မြစ်သည် သာမန်မြစ်နှင့် မတူ၊  က္ဘာမြေပြင်ကို  နှစ်ခြမ်းခွဲထားသော ချောက်ကြီးနှင့် တူ၏...တဲ့။  မြစ်၏တစ်ဖက်တစ်ချက်က ကမ်းပါးတွေ အလွန် မတ်စောက်နေသည်ကို ရေးဖွဲ့ထားခြင်းပင် ဖြစ်သည်။
မိမိ၏မွေးရပ်ဇာတိမြေ စိန်တောင်ရွာလေးသို့ ပြန်ရောက် တိုင်းရောက်တိုင်း ရွာထိပ်ကနေ လေးမျက်နှာမြို့ဟောင်းဘက် သို့ ငေးမောကြည့်ရှုနေရင်း ငယ်စဉ်က လေးမျက်နှာမြို့သို့ ခရီးသွားရပုံများ၊ လေးမျက်နှာမှတစ်ဆင့် ဟင်္သာတမြို့၊ ရန်ကုန် မြို့များသို့ ခရီးသွားရပုံများကို သတိရမိသည်။ မိုးတွင်းအခါ ဦးခလေးကြီး၏ ကူးတို့လှေဖြင့် လှော်ကထားရွာ၊ မိုးကုတ်ရွာ၊ အင်းလွတ်နှင့် ရေသိုးရွာများကိုဖြတ်၍ သွားရသလို နွေအခါ မှာတော့ ခုနစ်မိုင် ခရီးအား  ခြေကျင်လျှောက်၍ ချီတက်ကြရ သည်။ လေးမျက်နှာမှ ဟင်္သာတနှင့် ရန်ကုန်မြို့များသို့သွားလျှင် လည်း နံနက် ၄ နာရီလောက်ထ၍ ငဝန်မြစ်ကမ်းသို့ ဆင်းကာ မော်တော်ဘုတ်စောင့်ရသည်။ ဘုရားကြီးပိုင်းမှ  ဖုတ်ချက် ဖုတ်ချက်နှင့် မော်တော်ဘုတ်လေး ဆင်းလာပြီဆိုလျှင် ကျွန်တော် တို့ကလည်း အလွန်နက်သော ငဝန်မြစ်ကမ်းပါးမှဆင်းကာ စောင့်ကြိုရသည်။ ထိုမှ အိုင်သပြုသို့ရောက်ပြီး စိန်ဝေလျှံ၊ 'ဝ' တစ်လုံးစသော ချက်ပလက် ကားကြီးများကိုစီးကာ  အိပဲ့အိပဲ့ နှင့်  ခမောက်စု၊ ယုံသလင်း၊  နိဗ္ဗာန်၊  နတ်မော်ရွာများသို့ဖြတ်၍ ဟင်္သာတသို့ ရောက်သည်။ ဟင်္သာတမှသာရဝေါသို့ ကူးတို့ သင်္ဘောနှင့် ရွှေပြောင်ပြောင်ဆိပ်ကမ်းမှ ကူးသည်။ နွေအခါ ကူးတို့သင်္ဘောမကပ်နိုင်၍ ခေါင်းဆေးကျွန်းကြီးပေါ်မှာ အုပ်စု လိုက်အုပ်စုလိုက် လမ်းလျှောက်သွားရင်း  သွားကြရသည်။ မွန်းလွဲ ၁ နာရီခွဲလောက်မှ ရထားစထွက်ပြီး ရန်ကုန် ကြည့်မြင် တိုင်ဘူတာသို့ ရောက်ချိန်က ည ၈ နာရီ ။ နောက်ကျသည့် နေ့ များတွင် ၉ နာရီ၊ ၉ နာရီခွဲခန့်ရောက်သည်။  ဆိုတော့ကာ လေးမျက်နှာ...ရန်ကုန်ခရီးသည် နံနက် ၄ နာရီထွက်၍ ည ၉ နာရီမှ ရောက်သောခရီးဖြစ်ခဲ့သည်။ ထိုစဉ်က သည်ခရီးကို သည်လိုသွားကြရုံကလွဲ၍ အခြားနည်းလမ်းမရှိပြီ။
လွန်ခဲ့သော နှစ် ၂ဝ နီးပါးအချိန်ကာလအထိ အိုင်သပြု ကျေးရွာလေးသို့ ရောက်လျှင် ကားလမ်းကဆုံးပြီ။ ဘယ်ကိုမှ ဆက်သွားလို့မရတော့ပါ။ ထိုသောအခါ ကားပေါ်မှာပါလာသော လူအားလုံး၏ ခြေလှမ်းများသည် ကားဂိတ်နှင့် မလှမ်းမကမ်းတွင် ရှိနေသော ငဝန်မြစ်ဆိပ်သို့ ဦးတည်ကာ ခပ်သုတ်သုတ်သွားကြ ရသည်။ အချို့က လေးမျက်နှာသို့သွားမည့် စက်လှေပေါ်ကို တက် ကြသည်။ အချို့ကမူ ငဝန်မြစ်အောက်ပိုင်းရှိ မဲဇလီ၊ ဘုတ်ချောင်း၊ ငါးသိုင်းချောင်းဘက်သို့ သွားရောက်ရန်အတွက် အဆင်ပြေရာ စက်လှေများပေါ်သို့ မေးရင်းစမ်းရင်းတက်ကြသည်။ ၁၉၉၄ ခုနှစ် လောက်အချိန်အထိ ထိုမြင်ကွင်းများက မပြောင်းလဲသေးပါ။ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် လေးမျက်နှာစာပေဟောပြောပွဲလာစဉ်ကလည်း ပုသိမ်ဒီဂရီကောလိပ်ကျောင်းအုပ်ကြီး တာဝန် ထမ်းဆောင်စဉ် လာခြင်းဖြစ်၍ ကျွန်တော့်အထင် ဆရာကြီးသည် ပုသိမ်မှ ခမောက်စုသို့ ရထားစီးလာပြီးလာ၊ ထိုမှ ကားကြုံဖြင့် အိုင်သပြုသို့ရောက်၊ ဆက်လက်၍ ငဝန်မြစ်ကမ်းသို့ဆင်းကာ လေးမျက်နှာမြို့သို့ စက်လှေဖြင့် လိုက်ပါလာခြင်းဖြစ်ပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဆရာကြီး ရေးခဲ့သော လေးမျက်နှာမြို့ နောက်ခံ 'သာ၍ ဝေးရာဆီကိုပါ' ဝတ္ထု၌ လေးမျက်နှာမြို့နှင့် ငဝန်မြစ်၏ အခြေအနေကို ပီပီပြင်ပြင် ဖော်òန်းထား၍ဖြစ်သည်။ ကျွန်တော်သည်ပင်လျှင်  ဟင်္သာတမှ  နတ်မော်၊  နိဗ္ဗာန်၊ ယုံသလင်း၊ ခမောက်စုစသော မြို့ရွာများကိုဖြတ်၍ ကားဖြင့် မောင်းလာပြီး သကာလ အိုင်သပြုမှ လေးမျက်နှာမြို့ကားလမ်း အတိုင်း ဆက်လက်မထွက်ခွာမီ မရောက်တာကြာ၊ မမြင်တွေ့ ရတာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သော အိုင်သပြုဆိပ်ကမ်း ဟောင်းလေးကို  သွားရောက်ငေးမောကြည့်ရှုမိခဲ့သေးသည်။ မော်တော်ဘုတ်ခေါ်စက်လှေတို့က ရှိမြဲရှိနေဆဲဖြစ်သော်လည်း အများစုက ရေလမ်းကို သိပ်ပြီး အသုံးမပြုကြတော့ပါ။ လေး မျက်နှာဘက်သို့ရော၊ ငါးသိုင်းချောင်းဘက်သို့ပါ ကားလမ်းပေါက် နေပြီဖြစ်သည်။ ယခင်  စက်လှေငယ်လေးဖြင့် အိုင်သပြုမှ လေးမျက်နှာကို ၁ နာရီနီးပါး သွားရသော်ငြား၊ ယခုအခါ ကားဖြင့် ငါးမိနစ်ပင် မကြာလိုက်ပါ။ လေးမျက်နှာမြို့လေးသို့ ရောက်သွား မည် ဖြစ်သည်။
၂ဝ၁၅ ခုနှစ်တွင် တစ်ကြိမ်၊ ယခု ၂ဝ၁၇ ခုနှစ်တွင် တစ်ကြိမ် ကျွန်တော်ရောက်ခဲ့သော လေးမျက်နှာမြို့က ငဝန်မြစ်အရှေ့ဘက် ကမ်းသို့ ပြောင်းရွှေ့ထားပြီးဖြစ်သော မြို့သစ်လေးဖြစ်သည်။ ငဝန်မြစ်ရေ တိုက်စားခြင်းခံရသောကြောင့် အနောက်ဘက် ကမ်းမြို့ဟောင်းမှ ရပ်ကွက်တော်တော်များများ ရေထဲမျောပါကုန် သဖြင့် အရှေ့ဘက်ကမ်းသို့ ရွှေ့ပြောင်းပေးထားသည်မှာ ကာလ အတန်ကြာပေပြီ။ ကျွန်တော်နေခဲ့ဖူးသည့် ပရဟိတကျောင်း တည်ရှိရာ ခုံကြီးပိုင်းရပ်ကွက်နှင့်  ထူပါရုံစေတီတော်မြတ်ကြီး စံပယ်တော်မူရာ ခတ္တူပိုင်းရပ်ကွက်များသာ ကျန်ရှိနေပြီး ကျန် ရပ်ကွက်များနှင့်လမ်းများက ငဝန်မြစ်ရေအောက်သို့ ရောက်သွား ခြင်းဖြစ်သည်။ လေးမျက်နှာမြို့သစ်လေး၏ အနေအထားသည် စ၍ရွှေ့ပြောင်းတည်ခါစ၌ မြို့သစ်တို့ထုံးစံအတိုင်း ဟိုနေရာ ကျဲတောက်တောက်၊ သည်နေရာ ကျဲတဲတဲနှင့် ဌာနဆိုင်ရာရုံးများ ကလည်း ဟိုမှတစ်စု၊ သည်မှာတစ်စု၊ လူနေအိမ်တွေ ကြည့် လိုက်ပြန်တော့လည်း မြို့ဟောင်းကို သံယောဇဉ်ကြီးစွာနှင့် ရေဘေးအ္တရာယ်ကြောင့် မပြောင်းချင့်၊ ပြောင်းချင် ပြောင်း လာကြသော အနေအထားဖြစ်၍ စည်စည်ကားကား မရှိသေး။ ဟော၊ ခုတော့... ဆေးရုံတွေ၊ ကျောင်းတွေ၊ ရုံးတွေက ခမ်းခမ်း နားနား၊ လူနေအိမ်ခြေတွေကလည်း တဖြည်းဖြည်း စည်ကား များပြားလို့ လာခဲ့သည်။ လေးမျက်နှာ- အိုင်သပြု- ငါးသိုင်း ချောင်းလမ်းအတိုင်း ကားဖြင့် ပုသိမ်-မုံရွာလမ်းမကြီးပေါ် တက်မလား၊ လေးမျက်နှာ တလုတ်ထော်-ဟင်္သာတ ကားလမ်း အတိုင်း ဇလွန်နှင့်ဓနုဖြူကိုဖြတ်၍ ရန်ကုန်မြို့ကို ချီတက်မလား၊ အားလုံးသွားလမ်းသာ၍ လာလမ်းသင့်နေကြပြီဖြစ်သည်။
ယခုအခါ လေးမျက်နှာမြို့သစ်ကို ပို၍ကျက်သရေမင်္ဂလာ ရှိသွားစေသည်ကတော့ အောင်ဆန်းတောရတပ်ဦးကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကိတ္တိသာရက ဦးဆောင်လျက် တည်ထားကိုးကွယ်တော်မူခဲ့သော ရွှေတိဂုံပုံတူ သံသရာငြိမ်း အေး စတုမုခဇေယျသိဒ္ဓိစေတီတော်မြတ်ကြီးသည် မြို့ဦးထိပ် တွင် တင့်တယ်သပ္ပာယ်စွာ စံနေတော်မူခြင်းပင်ဖြစ်သည်။ မြို့ တွင်း လမ်းကလေးများကို နာမည်ပေးထားရာ၌လည်း လေး မျက်နှာမြို့ မြစ်ကျိုးရွာဇာတိဖြစ်သော မင်းသားကြီး ဝ္ဏ ကျော်ထင် ဦးစိန်အောင်မင်းကို ဂုဏ်ပြုသောအားဖြင့် ဦးစိန် အောင်မင်းလမ်းဟု အမည်ပေးထားသည့် လမ်းကလေးတစ်ခု ကို တွေ့ ခဲ့ရ၍ ကြည်နူးဝမ်းသာဖြစ်မိသည်။ လေးမျက်နှာမြို့သာ ယခုထက် စည်ကားတိုးတက်၍ လမ်းများစွာပေါ်ပေါက်လာ ဦးမည်ဆိုပါက အခြားသော လေးမျက်နှာဇာတိဖွား နိုင်ငံကျော် အနုပညာရှင်များဖြစ်သည့် အကယ်ဒမီ ဒေါ်ကြည်ကြည်ဌေး၊ ဇာတ်မင်းသားကြီး ဦးဘသော်၊ စန္ဒရားလူမော် အစရှိသည့် အနုပညာရှင်များစွာကိုလည်း ဂုဏ်ပြုချင်စိတ်တွေ ပေါ်ပေါက် လာမိသည်။
ငဝန်မြစ်ကမ်းနဖူးပေါ်မှနေ၍ လှမ်းမျှော်ကြည့်လိုက် သောအခါ ငဝန်တံတား (လေးမျက်နှာ) တည်ဆောက်ရေး လုပ်ငန်းခွင်ကို လှမ်း၍တွေ့နေရသည်။ တံတားအရှည်ပေ ၁၉၆၈ ဒသမ ၆ ပေ၊ တံတားအကျယ် ၂၄ ပေ၊ တံတားအမျိုး အစား Steel Box Girder, Plate Girder  နှင့် RC Girder  ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီး ဌာန တည်ဆောက် ရေးအဖွဲ့ (၄)၊ တံတားအထူးအဖွဲ့ (၁၆)မှ တာဝန်ခံအင်ဂျင်နီယာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သစ်သစ် အောင်က ဦးစီးတည်ဆောက်နေခြင်းဖြစ်သည်။ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ တွင် လုပ်ငန်းစတင်ခဲ့ရာ ၂ဝ၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့၌ ပြီးစီးမည်ဟု ခန့်မှန်းထားသည်။ထို တံတားပြီးစီးသွားလျှင် လေးမျက်နှာမြို့သစ်မှ ငဝန်မြစ်ကိုဖြတ် ၍  ပန်းတောကြီးကျေးရွာအထိ  လမ်းပေါက်သွားမည်ဖြစ်ပြီး ပုသိမ်-မုံရွာလမ်းပေါ်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ ထိုလမ်း ကိုသာ အသုံးပြုနိုင်မည်ဆိုပါက လေးမျက်နှာမြို့လေးသည် လမ်းသုံးသွယ်ဆုံသည့် မြို့တစ်မြို့ဖြစ်လာရုံမျှမက တစ်ချိန် ကလို လမ်းဆုံးမြို့လေးမဟုတ်တော့ဘဲ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည့် မြို့အဖြစ် ပြောင်းလဲသွားမည်မှာ မလွဲပါ။
တစ်စတစ်စပြောင်းလဲနေပြီဖြစ်သော မြို့ကလေးကို ကြည့်၍ တွေးလိုက်မိသည်ကတော့ ဆရာတက္ကသိုလ် ဘုန်းနိုင် ၏ သာ၍ဝေးရာဆီကိုပါ ဝတ္ထုထဲက အဓိကဇာတ်ကောင်ကို သာဓုတစ်ဖြစ်လဲ ဝတ်လုံတော်ရ ဦးသက်လွင်သာ ပြန်လည် ရောက်ရှိလာဦးမည်ဆိုပါက လေးမျက်နှာမြို့ကလေးသည် သူ့အတွက်၊ သူချန်ထားရစ်ခဲ့သော နှလုံးသား တစ်စုံအတွက် သာ၍မဝေးတော့သော  မြို့ကလေးတစ်မြို့အဖြစ် တည်ရှိနေ တော့မည် ဟူ၍သာ.....။ မြင့်စိုး(နတလ)မြန်​မာ့အလင်း

No comments:

Post a Comment