Latest News

Monday, January 15, 2018

ခိုးယူလာသည့်ယာဉ်အား တားဆီးသည့် ရဲတပ်သားတစ်ဦးကို ယဉ်ဖြင့် ဝင်တိုက်မှုဖြစ်ပွား

ခိုးယူလာသည့်ယာဉ်အား တားဆီးသည့် ရဲတပ်သားတစ်ဦးကို
ယဉ်ဖြင့် ဝင်တိုက်မှုဖြစ်ပွား

တောင်သာမြို့ မိတ္ထီလာ-မြင်းခြံလမ်းတောင်သာအထကအနီး၌ခိုးယူမောင်းနှင်လာသည့်ယာဉ်အား ဖမ်းဆီးရန်ရဲတပ်သားတစ်ဦးက ဟန့်တားစဉ် ယာဉ်ဖြင့်ဝင်တိုက်မှု ဇန်နဝါရီ ၁၄ရက် ညနေ၅း၃၀အချိန်ကဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ တောင်သာမြို့နယ်ရုံစည်ကြီးကျေးရွာမှ သုခဟိတဓရ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များသည် သီးပင်ကုန်းရပ်ကွက်၌ ဇန်နဝါရီ၁၄ရက် ညနေ ၄း၃၀အချိန်က ကားအဆောက်အဦပြုပြင်နေစဉ် အသင်းပိုင် MDY/HSE -----(TOYOTA HIACE) ယာဉ်အား လမ်းပေါ်၌ကားသော့အဖြုတ်ဘဲရပ်ထားခဲ့ရာ အမျိုးသားတစ်ဦးကခိုးယူမောင်းနှင်သွားပြီး တောင်သာမြို့ဘက်သို့ ထွက်သွားကြောင်းသိရ၍ ရုံးစည်ကြီးရဲကင်းစခန်းမှ တောင်သာမြို့မရဲစခန်းသို့ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း၊
ထို့နောက် တောင်သာမြို့၌ယာဉ်လမ်းစည်းကမ်း တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များက သတ်မှတ်နေရာ၎နေရာခွဲကာတားမြစ်ခဲ့ သော်လည်း ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်မောင်းနှင်သွား၍ တောင်သာမြို့မစခန်းမှရဲတပ်သား အောင်းလင်းဦးက ဆိုင်ကယ်ဖြင့် နောက်မှလိုက်ခဲ့ပြီး အဆိုပါယာဉ်၏ရှေ့ပေ၂၀ခန့်အကွာမှ ထပ်မံဟန့်တားခဲ့ကြောင်း၊ထိုသို့တားဆီးစဉ် ယာဉ်မောင်းဖြစ်သူ တောင်ဒဂုံမြို့နယ်နေစန်းယုနိုင်(၃၉)နှစ်ကဆိုင်ကယ်အား အရှိန်ဖြင့် ဝင်ရောက်တိုက်ခဲ့ရာ ဆိုင်ကယ်မှာ ယာဉ်၏အောက်သို့ရောက်ရှိသွားပြီး ရဲတပ်သားမှာ လမ်းဘေးသို့လွင့်စဉ်သွားခဲ့၍ ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း၊
အဆိုပါယာဉ်မှာလည်း ပေတစ်ရာခန့်အကွာတွင်ရပ်တန့်သွားခဲ့၍ ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ပြစ်မှုကျူးလွန်ခဲ့သူစန်းယုနိုင်အား တောင်သာမြို့မရဲစခန်းမှအရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
လင်းလက်ကြယ်(တောင်သာ)မြန်​မာ့အလင်း

No comments:

Post a Comment