Latest News

Monday, January 15, 2018

ပွိုင့်-၂၂ ကျည်ဆံဖြင့်ပစ်ခတ်ရသည့် လုပ်သေနတ်အတိုရောင်းချသူကို မရောင်းရသေးမီ အချိန်မီဖမ်းဆီးနိုင်ခဲ့

ပွိုင့်-၂၂ ကျည်ဆံဖြင့်ပစ်ခတ်ရသည့် လုပ်သေနတ်အတိုရောင်းချသူကို မရောင်းရသေးမီ အချိန်မီဖမ်းဆီးနိုင်ခဲ့

လွယ်ဂျယ် ဇန်နဝါရီ ၁၅

 ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့  အောင်သီရိရပ်ကွက် ချမ်းသာတည်းခိုခန်းတွင် ဇန်နဝါရီ၁၄ရက် နေ့လည်၁၂နာရီက သေနတ်လာရောက်ရောင်းချနေသည့်သတင်းအရ ရှောင်တခင်ဝင်ရောက်စစ်ဆေးရှာဖွေရာမှ ပွိုင့်-၂၂ ကျည်ဆံဖြင့် ပစ်ခတ်ရသည့် ဒေသန္တရလက်လုပ် သေနတ်အတိုတစ်လက်နှင့် ပွိုင့်-၂၂ ကျည်ဆံ ၈ တောင့် သိမ်းဆည်းရမိကြောင်း သိရသည်။

 ဖြစ်စဉ်မှာ လွယ်ဂျယ်မြို့ နယ်မြေခံတပ်မှ တပ်ဖွဲ့ဝင်များ၊လွယ်ဂျယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် လွယ်ဂျယ်မြို့ အောင်သီရိရပ်ကွက် ချမ်းသာတည်းခိုခန်းတွင် တည်းခိုနေသူတစ်ဦးမှာ သေနတ်လာရောက်ရောင်းချနေသည် ဆိုသည့်သတင်းအရ ရှောင်တခင်ဝင်ရောက်ရှာဖွေရာ တည်းခိုခန်းအခန်းနံပတ်(--)တွင် တည်းခိုနေသည့် မိုးမောက်မြို့နယ် မိုင်ဂျာယန်ကျေးရွာ ရပ်ကွက်(၂)နေ ဦးလမိုင်လဆိုင်(၄၅)နှစ်ထံမှ ပွိုင့်-၂၂ ကျည်ဆံဖြင့်ပစ်ခတ်ရသည့် ဒင်အရှည် ၂ လက်မခွဲ၊ကိုယ်ထည်အရှည် ၅ လက်မ၊ပြောင်းအရှည် ၃ လက်ရှိ ဒေသန္တရလက်လုပ်သေနတ်တစ်လက်၊ပွိုင့်-၂၂ ကျည်ဆံ(၈)တောင့်၊စိတ်ကြွရူးသွပ်ဆေးပြား ၁ ပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊တရုတ်နိုင်ငံသုံး တရုတ်ဖုန်းနံပတ်(----)ပါ NOKIA အမျိုးအစား ကီးပက်ဖုန်းဟန်းဆက်တစ်လုံးတို့အား သက်သေများရှေ့တွင် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
 ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးလမိုင်လဆိုင်အား လွယ်ဂျယ်နယ်မြေရဲစခန်းတွင် အရေးယူထားကြောင်း သိရသည်။ဝင်းနိုင် ကချင်မြေ(မြန်​မာ့အလင်း)

No comments:

Post a Comment