Latest News

Saturday, January 27, 2018

တရုတ်နိုင်ငံသားခြောက်ဦးအား တရားမဝင်သစ်များ၊ ယာဉ်များနှင့်အတူ ဖမ်းဆီးရမိ

တရုတ်နိုင်ငံသားခြောက်ဦးအား တရားမဝင်သစ်များ၊ ယာဉ်များနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်  ဇန်နဝါရီ ၂၇

 ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက် နံနက် ၃ နာရီခွဲတွင် ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ တပ်မတော်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တရုတ်နိုင်ငံဘက်သို့ သစ်တင်ယာဉ်များဖြတ်သန်း သွားလာနေကြောင်းသတင်းအရ နမ့်ခမ်းမြို့၊ (၅)ရပ်ကွက် ပြည်ထောင်စုလမ်း၊ မီးပွိုင့်လမ်းဆုံ၌ သွားရောက် စောင့်ဆိုင်းနေစဉ် မူဆယ်ဘက်မှ ရွှေလီမြို့နယ်၊ ကျေးလှေရွာနေ တရုတ်နိုင်ငံသား အိုက်ထွန်း (၂၅ နှစ်) ပါ အမျိုးသားခြောက်ဦး မောင်းနှင်လာသည့်ယာဉ် ခြောက်စီး (၁၂ ဘီး ၄ စီး၊ ၆ ဘီး ၂ စီး) တို့အား ရပ်တန့်စစ်ဆေးရာ ယာဉ်တစ်စီးလျှင် တရားမဝင် သစ်မျိုးစုံဓားရွှေတုံး(၇)တန်ခန့် စုစုပေါင်း (၄၂)တန်ခန့်စီဖြင့် ဖမ်းဆီးရမိခဲ့ပြီး ယာဉ်ခြောက်စီးမှာလည်း တရားဝင် မှတ်ပုံတင်ထားခြင်းမရှိကြောင်း စစ်ဆေးသိရှိရသဖြင့်  အိုက်ထွန်း ပါ တရုတ်နိုင်ငံသားခြောက်ဦးတို့အား နမ့်ခန်းမြို့မရဲစခန်း၌ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။    
ကိုရဲ(MMAL)

No comments:

Post a Comment