Latest News

Thursday, January 18, 2018

စစ်တွေမြို့၌ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း

စစ်တွေမြို့၌ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း

စစ်တွေ    ဇန်နဝါရီ     ၁၈

စစ်တွေမြို့၌   ပြန်လည်စိစစ်လက်ခံရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဧည့်ဂေယာ၌ ကျင်းပသည်။

အကောင်အထည်ဖော်
ရှေးဦးစွာ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ကော်မတီပူးတွဲ ဥက္ကဋ္ဌ  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊    အထူးလုပ်ငန်းအဖွဲ့ ( Task Force)  ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး   ဦးခင်မောင်တင်၊   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်    ပြန်လည်နေရာချထားရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးစိုးအောင်တို့   တက်ရောက်၍  အမှာစကား   ပြောကြားကြ သည်။

ဆွေးနွေး
ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ပြန်လည်လက်ခံရေးစခန်းတွင် ဆောင်ရွက် နေမှုအခြေအနေများအား သက်ဆိုင်ရာဌာနအလိုက် ဆွေးနွေး တင်ပြကြရာ   နေရပ်စွန့်ခွာသူများလက်ခံရေးအစီအစဉ်နှင့်  ¤င်းတို့အတွက် လုံခြုံရေးနှင့်ပညာရေး၊ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းကိစ္စရပ်များ၊   ပြန်လည်နေရာချထားရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေရေး၊  ပြန်လည် ထူထောင်ရေး နှင့်      အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊    လုပ်ကိုင်နိုင်ရေး စီစဉ်ထားရှိမှုကိစ္စ၊   လွပ်လပ်လုံခြုံစွာသွား လာလုပ်ကိုင်ခြင်းအတွက်       နိုင်ငံသားစိစစ်ရေး( NVC)ကတ်များ စိစစ်ထုတ်ပေးနေမှုကိစ္စများကို ဆွေးနွေးကြကြောင်း သိရသည်။ဝင်းမင်းစိုး(ပြန်/ဆက်)

No comments:

Post a Comment