Latest News

Sunday, January 28, 2018

မြစ်ကြီးနား ၂၁မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျပ်သိန်းပေါင်း ၄၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူမှုန့်များ ဖမ်းဆီးရမိ

မြစ်ကြီးနား ၂၁မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျပ်သိန်းပေါင်း ၄၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူမှုန့်များ ဖမ်းဆီးရမိ


မြစ်ကြီးနား ဇန်နဝါရီ ၂၉

ကချင်ပြည်နယ် မြစ်ကြီးနား၂၁မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဇန်နဝါရီ၂၈ရက် ညနေ၃နာရီခွဲက မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာမှ နေအိမ်တွင်ဝှက်ထားသည့် မော်တော်ယာဉ်ပါ ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၂)မှ ရဲအုပ်ဖန်အောင် ဦးစီးတပ်ဖွဲ့ဝင်များ၊ (၂၁)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ် တာဝန်ကျရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့ သည် မူးယစ်ဆေးဝါးသယ်ဆောင်လာမည့် ကြိုတင်သတင်းအရ စောင့်ဆိုင်းနေစဉ် မြစ်ကြီးနားဘက်မှ နမ္မတီးဘက်သို့ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် မုံးပေါကျးရွာနေ ဘချမ်ဂွန်အောင်(ခ) မာဂွန်(၂၄)နှစ် မောင်းနှင်ပြီး မြစ်ကြီးနားမြို့နေသူများဖြစ်သည့် စီတာပူရပ်ကွက်နေ ဒေါ်ခေါန်မိုင်(၂၂)နှစ်၊ဒေါ်ရွယ်ဂျား(၂၃)နှစ်၊ပလန(၁)နေ ဒေါ်ဆိုင်းဆန့်(၂၄)နှစ်တို့ လိုက်ပါလာသည့် SHN-2F(----)နံပတ်ပါ CROWN အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းထိုင်ခုံအံဝှက်အတွင်းနှင့် ရှေ့ဘီးဝဲ/ယာအဖုံး အံဝှက်အတွင်း ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက်(၂၄၃)ခွက် ဘိန်းဖြူအလေးချိန်(၂ ဒသမ ၆၇၃)ကီလို ခန့်မှန်းတန်ဖိုးငွေ (၂၁၃၈၄၀၀၀၀)ကျပ်အား သိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်အရ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင်အိမ်ငှားနေထိုင်သူ ကွတ်ခိုင်မြို့နယ် မုံးပေါကျေးရွာနေ ကွမ်းဂျာလွမ်း(၂၂)နှစ်၏ နေအိမ်သို့ရှာဖွေရန်သွားရောက်စဉ် စီတာပူကမ်းနားလမ်းအတိုင်း ကွမ်းဂျာလွမ်း မောင်းနှင်ပြီး  မောင်ဘောက်နန်(၁၉)နှစ် လိုက်ပါလာသည့် YGN-3K (----)နံပတ်ပါ CROWN အမျိုးအစား မော်တောယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းထိုင်ခုံအံဝှက်အတွင်းနှင့် ရှေ့ဘီးဝဲ/ယာအဖုံး အံဝှက်အတွင်း ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက်(၂၁၉)ခွက် ဘိန်းဖြူအလေးချိန်(၂ ဒသမ ၄၀၉)ကီလို  ခန့်မှန်းတန်ဖိုးငွေ (၁၉၂၇၂၀၀၀၀)အား သိမ်းဆည်းရမိခဲ့၍ စုစုပေါင်းသိမ်းဆည်းရမိသည့် ဘိန်းဖြူတန်ဖိုးငွေ ကျပ်သိန်း(၄၀၆၅၆၀၀၀၀)ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဘချမ်းဂွန်အောင်(ခ)မာဂွန်၊ခေါန်မိုင်၊ဆိုင်းဆန့်၊ ရွယ်ဂျား၊ကွမ်းဂျာလွမ်း၊ဘောက်နမ်နှင့် ဖမ်းဆီးမမိသေးသူ ဝင်းကျော် (ခ)ရန်ချန်းတို့ ခုနစ်ဦးအား မြစ်ကြီးနားမြို့မရဲစခန်းတွင် အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင် ကချင်မြေ(မြန်​မာ့အလင်း)

No comments:

Post a Comment