Latest News

Sunday, January 28, 2018

နမ့်ဆန်မြို့ နမ့်ခေးကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

နမ့်ဆန်မြို့ နမ့်ခေးကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

နမ့်ဆန် ဇန်နဝါရီ   ၂၉

 ဇန်နဝါရီ (၂၉)ရက် နံနက် (၉:၀၀)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာ အုပ်စု နမ့်ခေးကျေးရွာနေ ဒေါ်အေးမင်း၏ နေအိမ် ဆိုလာမီး ရှော့ဖြစ်ရာ ကတဆင့် ၄င်း၏ နေအိမ်မီးလောင်မှုဖြစ်ပွားပြီး မီးလောင်ရာသို့ ဒေသဦးစီး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ဝင်းနှင့် အဖွဲ့၊ မြို့နယ် မီးသတ်ဦ:စီးမှူးဦးသန့်ဇော်မိုးနှင့် တပ်ဖွဲ့ဝင်များနှင့် မီးသတ် ကား(၁)စီး သွားရောက် မီးငြိမ်းသတ်ပေးရာ (၁၀)နာရီတွင် မီးငြိမ်း သတ်နိုင်ခဲ့ကြောင်း သိရသည်။
 အဆိုပါမီးလောင်မှုကြောင့် ဒေါ်အေးမင်း၏ နေအိမ် (သွပ်မိုး၊ သွပ်ကာ၊ အုတ်ညှပ်၊ နှစ်ထပ်နေအိမ်) တစ်လုံးလောင်ကျွမ်း ဆုံးရှုံးသွားပြီး မီးဘေးသင့် (က)၂ဦး၊ မ(၂)ဦးနှင့် အခြားအိမ်ကူးစက် လောင်ကျွမ်းခြင်းမရှိ၊ လူ၊ တိရိစ္ဆာန် များ ထိခိုက်သေဆုံးခြင်းမရှိကြောင်းနှင့် မီးဘေးသင့် အိမ်ထောင်စု များအား နီးစပ်ရာဆွေမျိုးအိမ်များတွင် နေရာချထား စောင့်ရှောက် ထားကြောင်း သိရသည်။
 နမ့်ဆန်( ပြန်/ဆက် )

No comments:

Post a Comment