Tuesday, January 2, 2018
၂၀၁၈ နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ ထောင်နဲ့ချီတဲ့ ဟောင်ကောင်သား တွေက တရုတ်ပြည်မကြီး အစိုးရကို ဆန္ဒပြ
ထောင်နဲ့ချီတဲ့ ဟောင်ကောင်မြို့ခံတွေဟာ မြို့တလျှောက်ချီတက်ပြီး တရုတ်ပြည်မကြီး အစိုးရကို ဆန့်ကျင် ဆန္ဒပြရင်း ၂၀၁၈ရဲ့ ပထမဆုံးနေ့ ကို စတင် လိုက်ပါတယ်။
ဟောင်ကောင်ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို နောက် ထပ် တိုက်စားမှုတွေ ရပ်တံ့ဖို့လဲ တောင်းဆိုခဲ့ပါတယ်။ ဟောင်ကောင်ကို ကာကွယ်ကြ၊ တနိုင်ငံ စနစ်၂မျိုးကို ကာကွယ်ကြလို့ ရေးထားတဲ့ လက်ကိုင် ပိုစတာ အမျိုးမျိုးကိုလဲ ကိုင်ဆောင် ထားကြပါတယ်။ ဒါဟာ ဆန္ဒပြသူ တွေက မြို့ အနာဂတ် အပေါ် စိုးရိမ်မှုနဲ့ မျှော်လင့်ချက် မဲ့မှုကို ပြနေတယ်လို့ မီဒီယာတွေက ရေးပါတယ်။
ဒီဆန္ဒပြပွဲကို လူ အယောက် တသိန်းလောက် ပါဝင် ဆင်နွှဲတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ ဗြိတိန် ကိုလိုနီ ဟောင်ကောင်ဟာ ၁၉၉၇မှာ တရုတ် ပြည်မကြီး အစိုးရ လက်အောက်ကို ပြန်ရောက်ခဲ့တာပါ။
တရုတ် အစိုးရက ဟောင်ကောင်ကို ကိုယ်ပိုင်အုပ်ချုပ် ခွင့် မြင့်မြင့်မားမား ပေးမယ်။လွတ်လပ်တဲ့ တရားစီ
ရင်ရေး ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါပေမယ့် တရုတ် အုပ်ချုပ်မှု နှစ်၂၀ကျော်လာတဲ့အခါ တရုတ်ပြည်
မကြီး အစိုးရ ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီ လိုလားတဲ့ ပိုအသက်ငယ်တဲ့ မျိုးဆက်တွေကြား မတူခြားနား မှုတွေ နက်ရှိုင်း လာခဲ့ပါတယ်။
လူငယ် မျိုးဆက်တွေက ကမ္ဘာ့ ဘဏ္ဍာရေး အချက်အခြာ ဟောင်ကောင်ကို တရုတ်ပြည်မကြီးကနေ ခွဲ
ထွက်ဖို့ အထိ တောင်းဆိုခဲ့ကြတာပါ။ဆန္ဒပြပွဲကို တုန့်ပြန်တဲ့ အနေနဲ့ ဟောင်ကောင် ရဲ့ ကိုယ်ပိုင် အခြေခံ ဥပဒေအရ အာမခံ ပေးထားတဲ့အတိုင်း ဆန္ဒပြပွဲမှာ ပါဝင်သူတွေရဲ့ အခွင့်အရေးနဲ့ တခြား ထင်မြင်ချက်
ဖော်ပြပုံတွေကို လေးစားတယ်လို့ မြို့ အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
သီရိထက်စံ
၂၀၁၈ နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ ထောင်နဲ့ချီတဲ့ ဟောင်ကောင်သား တွေက တရုတ်ပြည်မကြီး အစိုးရကို ဆန္ဒပြ
Reviewed by timeayeyar
on
9:52 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment