ကြည့်မြင်တိုင်မြို့တစ်ဖက်ကမ်း၌မီးလောင်မှုဖြစ်ပွား
ကြည့်မြင်တိုင် ဇန်နဝါရီ ၂၄
၂၃-၁-၂၀၁၈ရက်နေ့ ၂၂း၀၀နာရီအချိန်တွင် ရန်ကုန်အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ် စက်ဆန်းအောက်ရုံအလတ်ချောင်းရပ်ကွက် အောက်ရုံအပိုင်း သိဂီင်္ရွှေဝါလမ်း အမှတ်(မရှိ)နေ ဒေါ်ခင်တင့် အသက်(၅၉)နှစ် နေအိမ်ရှိ မီးဖိုမီကြွင်းမီးကျန်မှစတင်၍ မီးလောင်မှုဖြစ်ပွါးရာ ၎င်းအိမ်နှင့်တဆက်စပ်တည်းရှိသော လူနေအိမ်သုံးလုံးနှင့် ဂိုဒေါင်(၁)လုံး စုစုပေါင်းလူနေအိမ်(၄)လုံးနှင့် ဂိုဒေါင်(၁)လုံးတို့အား မီးကူးစက်လောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းရာသို့ တာမွေ ဆိပ်ကြီးခနောင်တို လှိုင် မရမ်းကုန်း အလုံ စမ်းချောင်း လှိုင်သာယာ အင်းစိန် ကျောက်တံတား တို့မှ မီးသတ်ယာဉ်(၁၈)စီး အုပ်ချုပ်မှုယာဉ်(၄)စီး စုစုပေါင်း(၂၂)စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၂၂း၂၅နာရီအချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၂၂း၃၅နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပါသည်။
အဆိုပါမီးလောင်ကျွမ်းမှုဖြစ်စဉ်သို့ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးဝင်းနှင့်တပ်ဖွဲ့ဝင်များ ကြည့်မြင်တိုင်မြို့နယ် အုပ်ချုပ်ရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တာဝန်ရှိသူများ အနောက်ဘက်ခြမ်း(၄)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များမှ ရောက်ရှိပြီး မီးငြိမ်းသတ်ရေးလုပ်ငန်းများအား ကြီးကြပ်ကွပ်ကဲခဲ့ကြပြီး မီးလောင်ကျွမ်းမှုကြောင့် လူများထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် ၈၀၀၀၀၀/- ဖြစ်ပြီး မီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့မှုကြောင့် နေအိမ်မီးစတက်လောင်ကျွမ်းသူဒေါ်ခင်တင့် အား ကြည့်မင်တိုင်မြို့နယ် စက်ဆန်းနယ်မြေရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ထားပြီး မီးလောင်မှုကြောင့် အိမ်ထောင်စု(၃)စု လူဦးရေကျား(၁၀)ဦး မ(၉)ဦး စုစုပေါင်း(၁၉)ဦး တို့အား အောက်ရုံအပိုင်းရှိ ၎င်းတို့၏ ဆွေမျိုးများနေအိမ်တွင် ယာယီနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်းသတင်းရရှိပါသည်။
မြို့နယ်ပြန်/ဆက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment