Latest News

Wednesday, January 24, 2018

နှစ်ဖက်လက်နက်များဖြင့်ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသော တာဝန်သိသူများအားအားပေးထောက်ပံ့

နှစ်ဖက်လက်နက်များဖြင့်ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသော တာဝန်သိသူများအားအားပေးထောက်ပံ့

ဘားအံ-   ဇန်န၀ါရီ  ၂၅

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊နောက်ကမြိုင်ကျေးရွာတွင် ရွှေဆိုင် လုယက်မှုဖြင့်အလိုရှိသည့် တရားခံပြေး နဂါး ဦးဆောင်အဖွဲ့သည် လက်နက်ကိုင်ဆောင် မူးယစ်ဆေးဝါးရောင်းချသည့်ဟု သတင်းအရ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ၀င်ရောက်ဖမ်းဆီးစဉ် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုကြောင့်ဒဏ်ရာရရှိသော တာဝန်သိသူများအား ဇန်န၀ါရီလ(၂၄)ရက်နေ့က တာဝန်ရှိသူများက အားပေးကြည့်ရှုစစ်ဆေးခြင်းနှင့်ထောက်ပံ့မှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

၂၀၁၂ခုနှစ်၊ကမြ၀တီမြို့တွင်ရွှေဆိုင်လုယက်မှုဖြင့်အလိုရှိသည့်တရား
ခံပြေးနဂါးဦးဆောင်အဖွဲ့သည်ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာ၊ ဦးစောချစ်ချုံ၏နေအိမ်၌အခြေပြုကာဇန်န၀ါရီလ(၂၃)ရက်နေ့၊နေ့လည်(၁)နာရီခန့်ကလက်နက်ကိုင်ဆောင်မူးယစ်ဆေးဝါးရောင်းချနေကြောင်းသတင်းအရဘားအံခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင်ရဲအုပ်သက်စိုးဦးဦးစီးသည့်ပူးပေါင်းအဖွဲ့သည်ဝင်ရောက်စီးနင်းရှာဖွေဖမ်းဆီးစဉ် ပူးပေါင်း အဖွဲ့အား လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခုခံသဖြင့် နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပူးပေါင်းအဖွဲ့မှ ရဲအုပ် သက်စိုးဦးအပါအ၀င်(၄)ဦး ဒဏ်ရာရရှိခဲ့ပြီး ပစ်ခတ်ခုခံသည့်အဖွဲ့မှ စောလီညွှန့်(ခ)နဂါး(ခ)လက်ညိုး၊ အိမ်ရှင် ဦးစောချစ်ချုံ၊ စိုးမင်းအောင်တို့သုံးဦးအား ဒဏ်ရာဖြင့်ဖမ်းဆီး ရမိကာ စုစုပေါင်းပြစ်မှုကျူးလွန်သူ ကျား(၇)ဦး၊ မ(၃)ဦး ပေါင်း(၁၀)ဦး၊ မော်တော်ယာဉ်(၂)စီး၊ WYစိတ်ကြွဆေးပြား(၆၁၀၀)ပြား၊ လက်နက်မျိုးစုံ (၆)လက်၊ကျည်အိမ်(၃၂)ခု၊ကျည်မျိုးစုံ (၄၂၄)တောင့်၊ 40မမဗုံးသီး(၂၄)လုံး တို့အားသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ် ပစ်ခတ်မှုတွင် ဒါဏ်ရာရရှိခဲ့သော ရဲအုပ်သက်စိုးဦးနှင့် ဒုရဲအုပ်ပုလဲမြတို့အား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်မှ ထောက်ပံ့ငွေ(၁)သိန်းစီ၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ထောက်ပံ့ငွေ(၁)သိန်းစီနှင့် အရပ်သား(၂)ဦး တို့အား ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ထောက်ပံ့ငွေ(၁)သိန်းစီကို ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးကြည်လင်းနှင့် ဒုတိယရဲမှူးကြီး ကံဝင်းတို့ကထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ နေမျိုးလွင်(ဘားအံ)မြန်​မာ့အလင်း

No comments:

Post a Comment