Latest News

Wednesday, January 24, 2018

မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်ရှာဖွေစစ်ဆေးစဉ် ပြန်လည်ပစ်ခတ်သဖြင့် ပူးပေါင်းအဖွဲ့မှ ပြန်လည်ပစ်ခတ်ဖမ်းဆီး

မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်ရှာဖွေစစ်ဆေးစဉ် ပြန်လည်ပစ်ခတ်သဖြင့် ပူးပေါင်းအဖွဲ့မှ ပြန်လည်ပစ်ခတ်ဖမ်းဆီး


ဘားအံ ဇန်န၀ါရီ ၂၄

 ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာတွင်  ဇန်န၀ါရီလ ၂၃ ရက်နေ့ နေ့လည် ၁ နာရီ ၄၅ မိနစ်အချိန်ခန့်က ဦးစောချစ်ချုံဆိုသူ၏နေအိမ်အားမူးယစ်ဆေးဝါးသတင်းအရ၀င်ရောက်ရှာဖွေဖမ်းဆီးသည့်ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းအဖွဲ့အားလက်နက်ဖြင့်ပြန်လည်ပစ်ခတ်ခုခံသဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းအဖွဲ့မှ လေးဦးဒဏ်ရာ ရရှိခဲ့ပြီးတရားခံအားဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
 ဖြစ်စဉ်မှာဘားအံခရိုင်ရဲတပ်ဖွဲ့ ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့ခေါင်း ဆောင်ရဲအုပ် သက်စိုးဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကရင်မူ/ကူမှ ဒုရဲအုပ်အောင်ကျော်သူနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ခမရ(၂၀၃)မှ ဗိုလ်ကြီး အောင်သူရ၀င်းနှင့်တပ်စိပ်တစ်စိပ်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် တပ်နယ်(၄)မှ ကွပ်ကဲအကြံပေးအဖွဲ့ဝင် ဦးချစ်ဝင်းနှင့် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နောင်ကမြိုင်ကျေးရွာနေ ဦးစောချစ်ချုံဆိုသူ၏ နေအိမ်အားမူးယစ်ဆေးဝါးသတင်းအရ သွားရောက်ရှာဖွေစဉ် နေအိမ်အတွင်းမှ  ၄င်းတို့ကိုင်ဆောင်သော M-16 သေနတ်များဖြင့် ပြန်လည်ပစ်ခတ်သဖြင့် ပူးပေါင်းအဖွဲ့မှ ပြန်လည်ပစ်ခတ်ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ဦးစောချစ်ချုံ(၅၈)နှစ် အား ညာခြေကျင်းဝတ် ကျဉ်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ စောလွှီညွှန့်(ခ)နဂါး(ခ)လက်ညိုး(၄၃)နှစ်အား ၀ဲဘက်ခြေသလုံးကျဉ် ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ဘယ်ခြေဖမိုးကျဉ်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ စိုးမင်းအောင်(၂၇)နှစ်အား ဘယ်ပေါင်ကျဉ်ဖောက်ဝင်ဒဏ်ရာနှစ်ချက် တို့နှင့်အတူစုစုပေါင်းတရားခံကျား(၇)ဦး၊ မ(၃)ဦးတို့အားစိတ်ကြွရူးသွပ် ဆေးပြား ၆၁၀၀ ပြားနှင့်အတူဖမ်းဆီးရမိကာ M-16 ၄ လက် ၄င်းကျဉ်အိမ်တို ၉ ခု၊ ကျဉ်အိမ်ရှည် ၁၅ ခု၊ ၅.၅၆ ကျဉ် ၂၉၂ တောင့်၊ 40 MM ဗုံးပစ်လောင်ချာတစ်လက်၊ ၄င်းဗုံးသီး ၂၄ လုံး၊ ပွိုင်း 22 ပြောင်းရှည်တစ်လက်၊ ၄င်းကျဉ်အိမ် တစ်ခု၊ ကျဉ်ငါးတောင့်၊ ပွိုင့် 30 ကာဘိုင်ကျဉ် ၁၂၇ တောင့် ၊ ကာဘိုင်ကျဉ်အိမ်တို ၄ ခု၊ ကျဉ်အိမ်ရှည် ၃ ခုတို့အားသိမ်းဆည်းရမိခဲ့သည်။
 အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့်ရဲအုပ်သက်စိုးဦးယာပေါင် တစ်ချက်ထိ(မစိုးရိမ်ရ)၊ဒုရဲအုပ် ပုလဲမြ ညာခြေကျင်းဝတ်ပွန်းပဲ့ဒဏ်ရာ တစ်ချက်(မစိုးရိမ်ရ)  ဦးချစ်ဝင်း ယာရင်အုံ နှစ်ချက်ထိ(စိုးရိမ်ရ)၊ သတင်းပေးရန်ကုန်သားဘယ်ပေါင် တစ်ချက်ထိ (မစိုးရိမ်ရ)တို့ ထိမှန်ဒဏ်ရာရရှိခဲ့ပြီးရဲအုပ်သက်စိုးဦးပါ(၄)ဦး၊ တရားခံစောလွှီညွှန့်(ခ) နဂါး(ခ)လက်ညိုးပါ (၃)ဦးတို့အားဘားအံမြို့ ပြည်နယ်ပြည်သူ့ ဆေးရုံးကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူလျှက်ရှိပြီးဆရာဝန်ကြီး၏ ညွှန်ကြားချက်အရဦးချစ်ဝင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီသို့ ဆက်လက်ပို့ဆောင်၍ ဆေးကုသမှု ခံယူစေကာဖမ်းဆီးရမိသော တရားခံများအားအမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရေးဆောင်ရွက်လျက်
ရှိကြောင်းသတင်းရရှိသည်။စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment