Latest News

Tuesday, January 30, 2018

အထက ဇီးဖြူကွင်းကျောင်း ခြံအတွင်း မှ ခြုံ နွယ်များကို တပ်မတော်တာဝန်ယူရှင်းလင်းပေး

အထက ဇီးဖြူကွင်းကျောင်း ခြံအတွင်း မှ ခြုံ နွယ်များကို တပ်မတော်တာဝန်ယူရှင်းလင်းပေး

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့ နယ် ဇီးဖြူကွင်း အထက်တန်းကျောင်းဝန်းအတွင်းရှိ ခြုံနွယ်များကို တပ်မ (၄၄)တပ်ရင်းမှ ဒုဗိုလ်မှူးကြီး ဖြိုးဝေလတ် ဦးဆောင်ကာ အရာရှိ အရာခံ စစ်သည်များက ရှင်းလင်းပေးခဲ့ ကြောင်းယင်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီးကပြောသည်။

ယခုကဲ့ သို့ တပ်မတော်က လာရောက်ရှင်းလင်းပေးမှုသည် မိမိသက်တမ်းတစ်လျှောက်တွင် ပထမဆုံးဖြစ်သည်ဟု ၄င်းကဆိုသည်။
“ဒီခြုံတွေရှိနေတော့ တစ်ချို့ ကလေးတွေက ခြုံခိုပြီးကျောင်းပြေးကြတယ် ပြီးတော့ကလေးတွေကလည်းဒီနားတစ်ဝိုက်ဖြတ်သွားနေရတော့ မြွေ ပါးကင်းပါးလည်းစိုးရိမ်ရတာကြောင့် ဒေသခံတွေကို ခုတ်ပေးဖို့ ပြောပေမဲ့ ရွာသားတွေကပါမလာဘူးဆိုတဲ့ အကြောင်းကို စုံညီပွဲတော်မှာပြောဖြစ်တဲ့ အခါ စုံညီကိုတက်ရောက်လာတဲ့ အငြိမ်းစားဗိုလ်မှူးအောင်က သိသွားပြီးချိတ်ဆက်ကူညီလိုက်တာ “ဟု ကျောင်းအုပ်ဆရာမကြီးကပြောသည်။

ယမာန့် နေ့ က အရာရှိ အရာခံ စစ်သည် ခုနစ်ဆယ်ခန့် သည် မနက် (၈း၀၀)မှ ညနေ (၄း၀၀)ခန့် အထိ လုပ်အားပေးခြုံရှင်းပေးခဲ့ ကြသည်။ယင်းကဲ့ သို့ လာရောက်ဆောင်ရွက်ပေးမှုအပေါ်ဆရာဆရာမများကလည်းကျေးဇူးတုန့် ပြန်သောအားဖြင့် ဂုဏ်ပြုနေ့ လည်စာ စားပွဲလေးဖြင့်ပြန်လည်တည့်ခင်းခဲ့ ကြသည်ဟု ယင်းကျောင်းမှ ဆရာတစ်ဦးကပြောသည်။

“သူတို့ က ဟန်း ကောချိုင့်တွေနဲ့ ထမင်းပါထည့်ယူလာတာ ဒါပေမဲ့ သူတို့ ကိုကြည့်ပြီး တစ်ခုခုပြန်တုန့် ပြန်ချင်တာနဲ့  ကျောင်းက မနက်စာ ရယ်နေ့ လည်စာရယ် ပေါ့ နေ့ လည်စာကတော့ ကြက်သားကာလသားချက်နဲ့ ပြန်ဧည့်ခံလိုက်တယ် တော်တော်ပဲ ပျော်စရာဖြစ်သွားတယ်မိသားစုတွေလိုပဲရင်းရင်းနှီးနှီးပဲဒါကကျွန်တော့် ဘ၀မှာ မမေ့ နိင်စရာ မှတ်တမ်းတစ်ခုပဲလို့  “အထကဇီးဖြူကွင်းကကျောင်းဆရာတစ်ဦးကပြောသည်။

ယင်းအပြင်ကျေးရွာအတွင်းနေထိုင်ကြသောဒေသခံများကလည်း ရေသန့် ဗူးများနှင့် ဖရဲသီးများကို တပ်မတော်သားများအတွက်လာရောက်လှူဒါန်းခဲ့ ကြသည်။

ယမာန်နေ့ က ဒုဗိုလ်မှူးကြီးကလည်း ကျောင်းသားကျောင်းသူများကို ပညာတတ် များဖြစ်အောင်ကြီုးစားကြရန်နှင့် ယခုကဲ့ သို့ တုံပြန်ပေးမှုကို ကျေးဇူးတင်ကြောင်း တပ်မတော်အနေဖြင့် လေ့ကျင့်ရေးမရှိသည့်အခါစာသင်ကျောင်းဘုန်းတော်ကြီးကျောင်းနှင့်အများနှင့်သက်ဆိုင်သောနေရာများတွင် ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်းနှင့်အခြားလိုအပ်ချက်များရှိပါက ဆက်သွယ်နိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့ သည်။

အထကဇီးဖြူကွင်းကျောင်းဝန်းအတွင်းတပ်မတော်သားများရှင်းလင်းပေးမှုသည့် ကျောင်းခြံဝန်းအတွင်းနှစ်ဧကခန့် ရှိသည်။

မျိုးမင်းပိုင်

No comments:

Post a Comment