Latest News

Thursday, January 25, 2018

တနိုင်းမြို့နယ်အတွင်း တရားမ၀င်ရွှေတူးဖော်သူများအား ဖမ်းဆီးရမိ

တနိုင်းမြို့နယ်အတွင်း တရားမ၀င်ရွှေတူးဖော်သူများအား ဖမ်းဆီးရမိ

နေပြည်တော် ၊ ဇန်န၀ါရီ - ၂၆

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည် ဇန်န၀ါရီ ၂၄ ရက် ညနေ ၅ နာရီခန့်တွင် တနိုင်းမြို့၏ ၆ မိုင်ခန့် အကွာသို့အရောက်၌ အောင်လော့ဒ်ကျေးရွာဘက်မှ တနိုင်းမြို့ဘက်သို့ မောင်းနှင်လာသော ယာဉ်များအား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာ တရားမ၀င်ရွှေမှော်လုပ်ငန်းများ လာရောက် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ရှောင်ကျန်းယန်(ဘ)ရှောင်စန်းလျောင် နှင့် တနိုင်းမြို့၊ ၀ိုင်းမော်မြို့၊ မြစ်ကြီးနားမြို့များမှ ၁၄ ဦး၊ စုစုပေါင်း ၁၅ ဦးတို့အား လိုင်စင်မဲ့ ပါကျဲရိုး မော်တော်ယာဉ် ၂ စီး၊ ဟိုင်းလပ် ၁ စီး၊ မော်တော်ဆိုင်ကယ် ၅ စီးနှင့် ရွှေအရိုင်းထုပ် ၅ ထုပ်(ခန့်မှန်း ၈ ပိဿာခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများ၊ ယာဉ်များနှင့် ပစ္စည်းများအား တနိုင်းမြို့နယ်ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ ကြောင်း သတင်းရရှိသည်။(MWD)

No comments:

Post a Comment