Latest News

Thursday, January 25, 2018

မျိုးသုဉ်းပျောက်ကွယ်တော့မည့် မိန်ကောင်ပေါက်သုံးကောင် သဘာဝအတိုင်းရှင်သန်ရန် မူရင်းအသိုက်တွင် ပြန်ပို့ပေး

မျိုးသုဉ်းပျောက်ကွယ်တော့မည့်    မိန်ကောင်ပေါက်သုံးကောင်
သဘာဝအတိုင်းရှင်သန်ရန်  မူရင်းအသိုက်တွင်   ပြန်ပို့ပေး

ကျွန်းလှ ဇန်နဝါရီ ၂၅

ကန့်ဘလူခရိုင်     ကျွန်းလှ မြို့နယ် ထိန်တောကျေးရွာ နေ    တောင်သူတစ်ဦး လယ်တောသို့ သွားစဉ်ဗြုန်း ချောင်းတံတား အနောက် ဘက် သက္ကယ်တောထဲတွင် ဇန်နဝါရီ ၁၅ရက်က တွေ့ရှိ ဖမ်းမိသော မြန်မာအခေါ် ငှက်ဆိုးဟုခေါ်သော    မိန် ကောင်ပေါက် သုံးကောင်ကို မူရင်းအသိုက်သို့   ပြန်လည် ထားရှိပြီး     ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး သစ်တောဦးစီးဌာနညွှန်ကြား ရေးမှူးဦးခင်မောင်ဝင်းထံမှသိရသည်။

''သားငှက်ထိန်းသိမ်းရေးဌာနကလက်ထောက်ညွှန်ကြားရေးမှူးနဲ့အဖွဲ့က သတင်းကြားလို့ အဲဒီရွာသွားကြည့်တယ်၊ မိန်ကောင်လေးတွေက ရက်သား လောက်ပဲရှိသေးတယ်၊ အလွန်ငယ်ပါသေးတယ်၊ အသိုက်ထဲနေတဲ့အရွယ် တွေဖြစ်တယ်၊ ဒါပေမယ့် ကျန်းမာရေးအခြေအနေက တော်တော်ကောင်းပါ တယ်၊ သူတို့ကိုမူလတွေ့ခဲ့တဲ့အသိုက်ထဲပြန်ထည့်ပေးထားခဲ့ပါတယ်၊ အဲဒီ နားကလူတွေကို ဒီငှက်ကမိန်ကောင်လို့လည်းခေါ်တယ်၊ ငှက်ဆိုးလို့လည်းခေါ် တယ်လို့ အသိပေးထားပါတယ်၊ အိမ်တွေမှာလည်းမထားကောင်းတဲ့ အကြောင်း ပြောပြီး အသိုက်ထဲပြန်ထည့်ထားခဲ့ပါတယ်၊ အသိုက်မှာမိခင်ကြီးကလာရှာထား တဲ့ လက္ခဏာတွေလည်းတွေ့ရပါတယ်'' ဟု ဦးခင်မောင်ဝင်းကပြောသည်။

   တွေ့ရှိသောမိန်ကောင်မျိုးကို ၁၉၉၄ ခုနှစ် တောရိုင်းတိရစ္ဆာန်နှင့်သဘာဝ အပင်များကာကွယ်ရေးနှင့်သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေပုဒ်မ၁၅(က)အရ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမျိုးသုဉ်းမည့်အန္တရာယ်မှ ကာကွယ် ရမည့် တောရိုင်းတိရစ္ဆာန်များစာရင်းတွင် လုံးဝကာကွယ်ထားသောငှက်စာရင်း တွင် ပါဝင်ကြောင်းသားငှက်ထိန်းသိမ်းရေးဌာန၏ ရှာဖွေတွေ့ရှိချက်များတွင်ပါဝင် သည်။ ထို့ပြင်InternationalUnion For Conservation Of Nature(IUCN)Red List တွင်Least Concern (မျိုးသုဉ်းရန် စိုးရိမ်ရသောမျိုးစိတ်)စာရင်း တွင် ပါဝင်ကြောင်းသိရသည်။

ငှက်သားပေါက် သုံးကောင်မှာ အသိုက်နှင့်ကင်းကွာခဲ့သည်မှာ တစ်ရက်ခန့် သာရှိသေးကြောင်းတွေ့ရသည့်အတွက် မိခင်နှင့်ပြန်တွေ့ပြီး သဘာဝအတိုင်း ဆက်လက်ရှင်သန် ကျက်စားနိုင်ရန်အတွက် မူရင်းအသိုက်သို့ ပြန်ထားခဲ့ကြောင်း သိရသည်။ မျိုးဝင်းထွန်း(မုံရွာ) ​ကြေးမှုံ                                      

No comments:

Post a Comment