Latest News

Thursday, January 25, 2018

ပုသိမ်သူ(၈)အမြန်ရေယဉ် ပေါ်မှခရီးသည်နှစ်ဦးပြုတ်ကျ တစ်ဦး ဆယ်ယူရရှိ၊ ကျန်တစ်ဦးပျောက်ဆုံးနေ

ပုသိမ်သူ(၈)အမြန်ရေယဉ် ပေါ်မှခရီးသည်နှစ်ဦးပြုတ်ကျ တစ်ဦး ဆယ်ယူရရှိ၊ ကျန်တစ်ဦးပျောက်ဆုံးနေ
===============================================

ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃) ရပ်ကွက်၊ စံပြဆိပ်ကမ်းနှင့် ကျောက်ချောင်းကျေးရွာ၊မြတ်သစ္စာ ဆိပ်ကမ်း အကြားမြစ်အတွင်း ဇန်နဝါရ်ီလ ၂၆ရက်နေ့နံနက်ပိုင်းက ပုသိမ်သူ(၈)ကမ်းရိုးတန်းအမြန်ရေယာဉ်မောင်းနှင်စဉ် ခရီးသည်နှစ်ဦး ပြုတ်ကျကျန်ခဲ့ပြီး တစ်ဦးကို ရေလုပ်သားများဆယ်ယူနိုင် ခဲ့ပြီး တစ်ဦးမှာပျောက်ဆုံးနေကြောင်း ဆယ်ယူရရှိသည့် ခရီးသည်တစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

 မြစ်အတွင်းပြုတ်ကျကျန်နေခဲ့ သောခရီးသည်နှစ်ဦးမှာ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပံ္ပသင်တန်းကျောင်း၊ ဟိုပုန်း၊(ရှမ်းမြောက်)၏ ဒုတိယနှစ် ကျောင်းသား မောင်ပိုင်မျိုးဝေ (ရွာသစ်ကြီးရွာ၊ ပျော်ဘွယ်မြို့၊ မန္တလေးတိုင်းဒေသကြီး)နှင့် ရန်ကုန်တိုင်းဒေသကြီး၊သံလျင်ရှိ ရေတပ်သင်္ဘော ကျင်းဌာနချုပ်တွင်တာဝန်ကျနေသောတပ်ကြပ်ကြီး သက်ပိုင်စိုးတို့နှစ်ဦးဖြစ်ကြောင်း၊ ဆယ်ယူရရှိထားသူမှာမောင်ပိုင်မျိုးဝေဖြစ်ပြီး ပျောက်ဆုံးနေသူမှာ တပ်ကြပ်ကြီးသက်ပိုင်စိုး ဖြစ်ကြောင်းသိရှိရသည်။

 ဖြစ်စဉ်မှာ ပုသိမ် - ဟိုင်းကြီးကျွန်း ကမ်းရိုးတန်း အမြန်ရေယဉ် ပုသိမ်သူ(၈)သည် ဟိုင်းကြီးကျွန်းမြို့ ၊ အမှတ်(၃)ရပ်ကွက် စံပြဆိပ်ကမ်း တံတားတွင်ဆိပ်ကပ်ထားပြီး ခရီးသည်နှင့် ကုန်ပစ္စည်းများချပြီး ဆိပ်
ကမ်းကပြန်လည်ထွက်ခွါစဉ်တပ်ကြပ်ကြီးသက်ပိုင်စိုးမှာရေယာဉ်ပဲ့ပိုင်းရှိ ကြိုးချီသော ဗုံလုံတိုင်တွင်ထိုင်ကာမောင်ပိုင်မျိုးဝေက ဘေးတွင်ရပ်လျက် စကားပြောနေစဉ် ရေယာဉ်မောင်းသောအရှိန်ဖြင့် နှစ်ဦးလုံးရေထဲသို့ပြုတ်ကျခဲ့ကြောင်း၊ ကမ်းရိုးတန်း အမြန်ရေယာဉ် ထွက်ခွာသွားပြီး နောက် မြစ်အတွင်း အော်ဟစ်အကူအညီ တောင်းခံသံကြား၍ နီးစပ်ရာ ရေလုပ်သားများက ဆယ်ယူနိုင်ခဲ့ကြောင်း၊ တပ်ကြပ်ကြီးသက်ပိုင်စိုး မှာမူရေထဲသို့ပြုတ်ကျ သွားကထည်းက ပြန်ပေါ်မလာတော့ကြောင်း မောင်ပိုင်မျိုးဝေ၏ ပြောပြချက်အရသိရသည်။

 တပ်ကြပ်ကြီးသက်ပိုင်စိုး ပျောက်ဆုံးနေသည့်ကိစ္စနှင့် ပတ်သက်၍ ဟိုင်းကြီးကျွန်းမြို့၊ နယ်မြေရဲစခန်းက လူပျောက်အမှတ်စဉ် ၃/၂၀၁၈ဖြင့် အမှုဖွင့်လှစ်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)မြန်​မာ့အလင်း

No comments:

Post a Comment