Latest News

Saturday, January 20, 2018

ကျုံ​ပျော်​မြို့ တွင် အာစရိယပူဇော်ကန်တော့ပွဲ ကျင်းပ

ကျုံ​ပျော်​မြို့ တွင် အာစရိယပူဇော်ကန်တော့ပွဲ ကျင်းပ

ကျုံ​ပျော်​ ဇန်​န၀ါရီ ၂၁

ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံ​ပျော်​မြို့နယ်​အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/ ကျောင်းသူ ဟောင်းများ၏ (၁၅)ကြိမ်မြောက် အာစရိယ ပူဇော်ကန်တော့ပွဲကို ဇန်​န၀ါရီ ၂၀ ရက်နေ့ ညနေ(၅)နာရီအချိန်က ​စတင်​၍အောင်​ဆန်းခန်းမ မြက်​ခင်း​ပေါ်တွင်​ စည်​ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အထက(၁)ကျုံ​ပျော်​ ကန်​​တော့ခံ ဆရာကြီး ၆၉ ​ယောက်​ ဆရာမကြီး ၁၂၀ စုစု​ပေါင်း ၁၈၉ ​ယောက်​ ရှိပြီး အသက်​ ၈၀ နှစ်​အထက်​ ဆရာ/မ ၁၇ ​ယောက်​အတွက်​ တစ်​ဦးလျှင်​ ၁ သိန်းကျပ်​ အသက်​ ၆၀ နှစ်​နဲ့ ၈၀ ကြား ဆရာ/မ ၁၇၂ ​ယောက်​အတွက်​ တစ်​ဦးလျှင်​ ၇ သောင်း ကျပ်​နူန်း နှင့်​ အခြားကန်​​တော့ပစ္စည်းများအား အာစရိယပွဲ ဖြစ်​​မြောက်​​ရေး မှ မတည်​လှုဒါန်းမူဖြစ်​​ကြောင်း အာစရိယပူ​ဇော်​ပွဲ ကျင်းပ​ရေး
ကော်မတီ ဘဏ္ဍာ​ရေးမူး ​ဦးစောရဲထွန်း က​ပြောသည်​။

ဇန်​န၀ါရီလ ၂၀ ရက်​​ ​နေ့လည်​တွင်​ ကြိုဆို​ရေးကားများဖြင့်​ ​ရောက်​ရှိလာ​သော ဆရာကြီး/ဆရာမကြီး များအား ​ဒေါ်ခင်​​အေးသန်း နှင့်​ အဖွဲ့ မှ လက်​ဖက်​ရည်​ မုန့်​များဖြင့်​ဧည်​ခံ​ကျွေး​မွေးခြင်း ​မိတ်​ဆုံစားပွဲ ညစာအဖြစ်​ ၉၉ ​ကျောင်းသား/သူ မနှင်းအိဖြူ မ​ဝေနွယ်​ထွန်း အဖွဲ့မှ ဦး​ဆောင်း၍ ကြွ​ရောက်​လာ​သော ဆရာကြီး/ဆရာမကြီး များနှင့်​ ဧည်​ပရိတ်​သတ်​များအား စတုဒိသာ မြန်​မာထမင်းဟင်းလျာတို့ဖြင့်​ ဧည့်​ခံ​ကျွေး​မွေးခဲ့​ကြောင်း သိရှိရသည်​။ထို​နောက်မှ ၉၈ ​ကျောင်းသား/သူ ​ဟောင်း မသန့်​​ဇင်​ဦး ဦး​ဆောင်​၍ ကြွ​ရောက်​လာ​သော ဆရာကြီး/ဆရာမကြီးများ အား သွေး​ပေါင်​ချိန်​စက်​ အလုံး ၅၀ မဲ​ဖောက်​​ပေးခဲ့ပြီး ကျန်​ရှိ​သော ဆရာ/မ များအတွက်​ ​စောင်​ တစ်​ထည်​စီလှုဒါန်းမူပြုလုပ်​​ကြောင်း မသန်​ဇင်​ဦးမှ ​ပြောသည်​။

ဇန်​န၀ါရီလ ၂၁ ရက်​​နေ့ နံနက်​စာအဖြစ်​ ကိုမင်းနိုင်​အဖွဲ့မှ တရုတ်​ဘုံ​ကျောင်းတွင်​ ဧည်​ခံ​ကျွေး​မွေးပြီး နံနက်​ ၉နာရီတွင်​ အောင်​ဆန်းမ​တွင်​ ဆရာကြီး/ဆရာမကြီးများအား ရှစ်​ခိုးကန်​​တော့အခန်းအနား စတင်​ကျင်းပခဲ့ပြီး ကန်​​တော့ခံ ဆရာကြီး/ဆရာမကြီးကိုယ်​စား ဆရာကြီးဦး​သန်းထိုက်​မှတပည့်​အ​ပေါင်းတို့ကခွင့်​လွှတ်​သည်းခံပါ​ကြောင်း ကန်​​တော့​ချေ​ပြောကြား​ပေးခဲ့သည်​။ထို​နောက်​မှဆရာကြီး ​​စောစီဟဲ ဦး​အောင်​တင်​ ဦးမန်း​ဂျော်​နီ ဦးဆန်းဆင့်​ တို့မှ ဆုံးမသြ၀ါဒလက်​ဆက်​​ပြောကြား​ပေးခဲ့သည်​။

အာစရိယပူဇော်ကန်တော့ပွဲ ကျင်းပ​ရေးကော်မတီ တပည့်​​ဟောင်းတစ်​ဦးဖြစ်​​သော ဦးတင်​အုန်းမှ ​ကျေးဇူးတင်ဝမ်း​မြှောက်​​ကြောင်းပြန်​လည်​​ပြောကြားပြီး ​ကျောင်းအုပ်​ဆရာမကြီး ​ဒေါ်နုနုကြည်​မှ လက်​​ဆောင်​ပစ္စည်းများ​ပေးအပ်​ခဲ့သည်​။

အာစရိယပူဇော်ကန်တော့ပွဲ ကျင်းပ​ရေးကော်မတီ ဥက္ကဋ္ဌ မှ အခန်းအနား​ ဖြစ်မြောက်ရေး အတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီကြသူများနှင့် ကျောင်းသား/ကျောင်းသူ ဟောင်းများအား ကျေးဇူးအထူး တင်​ရှိ​ကြောင်း ပြောကြားခဲ့သည်။

ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံ​ပျော်​မြို့အခြေခံပညာအထက်တန်းကျောင်း ကို ဦးရင်းနား ဇနီး ​ဒေါ်ရုံ ​ဒေါ်စို့ မိသားစု မှ
မြေ ၄ ဧက ကျယ်​၀န်း​သော ​မြေ​နေရာ​တွင်​ ​ကောဇာ ၁၃၂၁ အင်္ဂလိပ်​ခုနှစ်​ ၁၉၆၀ တွင်​ဆောက်​လုပ်​ လှုဒါန်းခဲ့ပြီး ယခုဆိုလျှင်​ နှစ်​​ပေါင်း ၅၈  ကြာမြှင့်​​နေပြီဖြစ်​သည်​။

ဦး​ရွှေ(ကျုံ​ပျော်​)

No comments:

Post a Comment