Latest News

Sunday, January 21, 2018

ကျနော် ယူနတီဂျာနယ် က အလုပ်ထွက် ရတဲ့ အကြောင်း(ဂျာနယ်လစ်မျိုးမြင့်)


ကျနော် ယူနတီဂျာနယ် က အလုပ်ထွက် ရတဲ့ အကြောင်းကိုမရေးတော့ဘူး လို့ ဆုံးဖြတ်ထား ခဲ့ပေမဲ့ ကျနော့် ဘာကြောင့်အလုပ်ထွက် လိုက်သလဲ ဆိုတာ ကို ဂရုတစိုက်အရေးတယူနဲ့ မေးကြတဲ့ သတင်းထောက်ညီအစ်ကို မောင်နှမ တွေကိုလေးစား တဲ့ အနေ နဲ့ ဖေ့ဘွတ်စ်ပေါ် ကနေ တစ်ဆင့် ပြောပြ လိုက်ပါတယ်။

သတင်းထောက်ညီအစ်ကိုမောင်နှမ တွေကို တစ်ခု တောင်းဆိုထားချင်တာ ကတော့ ဒီပို့ စ်တင်ပြီး များမကြမီ မှာ ၆၆(ဃ) နဲ့ ဖြစ်ဖြစ် ပုဒ်မ-၅၀၀ နဲ့ ဖြစ်ဖြစ် ကျနော် တရားစွဲဆို ခံခဲ့ရင် ကျနော့်ကို ရုံးထုတ် တဲ့ အခါတိုင်း အလုပ်အားရင် လာတွေ့ ပေးကြပါ။

ကျနော့် သတင်း ကို စာမျက်နှာရုပ်သံ တွေမှာ ပါစေချင် လို့ မဟုတ်ပါဘူး။ မီဒီယာဖိနှိပ် တယ် လို့ လည်း ကျနော် အော်မှာ မဟုတ်သလို သတင်းသမား တွေ ကမ်ပိန်း လုပ်စရာ လည်း မလိုပါဘူး။

ကျနော့် သတင်းထောက် ညီအစ်ကိုမောင်နှမ တွေကို တွေ့ ချင်ရုံသက်သက်ပါ။

ဘာကြောင့် အဲလို ပြောရလည်း ဆိုရင် ကျနော် စံတော်ချိန်သတင်းစာတိုက် က အလုပ်ထွက်တုန်း ကျနော် အလုပ်ထွက် ရတဲ့ အကြောင်း ကို ဖေ့ဘွတ်စ်ပေါ် ရေးတင် လို့ စံတော်ချိန် က ပို့ စ်ဖျက်ပေးရင် ၆၆(ဃ) နဲ့ တရားစွဲမယ် လို့ ပြောခဲ့ဖူး လို့ ပါ။

ယူနတီ က အလုပ်ထွက်ခဲ့ တဲ့ အကြောင်း စပြောပါပြီ။

အဖြစ် က ဒီလိုပါ။

ကျနော် အလုပ်ထွက် တဲ့ နေ့ မှာ Unity Journal ရဲ့ အယ်ဒီတာချုပ် ဆိုသူ ကိုသန်းထိုက်လူ ကို ဒီလို ပြောခဲ့တယ်။

ကျနော် က ဂျာနယ်လစ်သတင်းသမား လုပ်နေတာ ပိုက်ဆံရဖို့ အတွက် တစ်ခုတည်း နဲ့ လုပ်နေတာ မဟုတ်ပါဘူး။ ဒီအလုပ် ကို ဝါသနာပါမြတ်နိုးလွန်း လို့ ရယ် အသံမဲ့နေတဲ့ လူတန်းစား တွေရဲ့အသံ ကို ဖော်ပြချင်တာကြောင့်ရယ် ကိုယ်ရေးချင် တဲ့အကြောင်း အရာ ကို ရေးဖို့ အတွက် ဒီ အလုပ် ကို လုပ်နေတာ။

ဒါပေမဲ့ ယူနတီ မှာ ကျနော် ရေးချင်တဲ့ အကြောင်းအရာ ထက် ထုတ်ဝေသူ ရေးချင်တဲ့ အကြောင်းအရာ တွေ လိုက်ရေးပေးနေရတယ်။ ကျနော် နားလည်း ပါတယ် ထုတ်ဝေသူ က ဂျာနယ်တိုက် ရဲ့ ပိုင်ရှင် ဖြစ်တဲ့ အတွက် သူရေးစေချင်တာ ရေးပေးရမယ် ဆိုတာ ကို ပေါ့။

ဒါပေမဲ့ ထုတ်ဝေသူ ရေးစေချင်တာ တွေက လေဖမ်းဒန်းစီး ငါးစိမ်းသည်တန်း က ငါးစိမ်းသည် မတွေ အတင်းတုတ်သလို
ရေးခိုင်းနေတာ ဖြစ်တဲ့ အတွက် ကျုပ် မရေးနိုင်တော့ဘူး။

နောက်ပြီး ထုတ်ဝေသူ က အယ်ဒီတာချုပ် ကို အရက်ဝယ်ကြက်ဖမ်း ငရုတ်သီးထောင်းခွေးမောင်း ဖိနပ်သိမ်းဖုန်ခါ လို သဘောထားပြီး ခိုင်းနေတာ တွေလည်း ကျနော် သဘောမကျ ဘူး ဗျာ။

အယ်ဒီတာချုပ် ကို ပြယုဂ် လောက်ထား ပြီး သတင်းစာပညာ ကို နားမလည် တဲ့ ထုတ်ဝေသူ က သတင်းလုပ်ငန်း ကို ချယ်လှယ်နေတာ လည်း ကျနော် မကြိုက်ဘူး။ နောက်ပြီး ကျနော် နဲ့ ထုတ်ဝေသူ ပြသာနာ တက်တဲ့ ကိစ္စ မှာလည်း ကျနော် မမှားဘူး ဗျာ့။

ဘယ့်နှယ် ဗျာ သတင်းရင်းမြစ် က ထည့်မရေးပါ နဲ့ Of the record လို့ မေတ္တာရပ်ထား တဲ့ အသံဖိုင် ကို ဖြည်ခိုင်းတယ်
ကျနော် က Of the record မို့ လို အသံဖိုင် မဖြည်ထား တာလို့ 
ပြောတော့ ထုတ်ဝေသူ က ခုံတွေ ပိတ်ကန်ပြီး ဆဲဆိုတယ်။

ကျနော် အရင် လို သွေးစူမလွယ် ပဲ ရင့်ကျပ် နေလို့ ထုတ်ဝေသူ ကံကောင်းသွား တယ် မှတ်ပါ။ သူ့ အနေ နဲ့ အဲလို မလုပ်သင့်ဘူး ဗျာ။ အဲဒါ ကျနော့် ကို စော်ကားတာ ကျနော့် အနေ နဲ့ သည်းခံနိုင် တဲ့ အတိုင်းအတာ ကျော်သွားပြီ ဖြစ်တဲ့ အတွက် ကျနော် အလုပ် ထွက်တာပါ။

အဲလို ကျနော် ပြောတော့ ကိုသန်းထိုက်လူ က ဘာပဲ ဖြစ်ဖြစ် မင်း အလုပ်ထွက် တဲ့ အကြောင်း ထုတ်ဝေသူ ကို အသိပေးပြီး နုတ်ဆက် လိုက်ပါ လို့ ပြောတော့ ကျနော် အခု လို ပြန်ပြော လိုက်တယ်။

သူ ကို ကျနော့် မှာ ပြောစရာ စကား မရှိဘူး။ ကျနော် က လူတစ် ယောက် ကို မကြိုက်တော့ဘူး လုံးဝရှေ့ ဆက်လက်တွဲ လို့ မရ
တော့ဘူး ဆိုရင် အဲဒီ လူကို ကျနော် အပြုံး နဲ့ လည်း လမ်းမခွဲဘူး အမုန်း နဲ့ လည်း လမ်းမခွဲဘူး ကျောခိုင်းပြီး တော့ လမ်းခွဲတတ်တယ်။

ကျနော် ဒီအလုပ် လုပ်လာတာ ၇နှစ်တာ နီးပါးရှိပြီ။ ဘာမှ ဖြစ်မလာခဲ့ဘူး။ ဒါပေမဲ့ ကျနော် ဒီ အလုပ် ကို စိတ်မကုန်ဘူး။ ယူနတီ က ထွက်
ပြီး တော့ တစ်ခြား ဘယ်တိုက် မှာ ဝင်မလုပ်တော့ဘူး။

ကျနော် ကိုယ်တိုင် သတင်းဌားန တစ်ခု ကို တည်ထောင် နိုင်အောင် ငွေရှာမယ် စီးပွားရေး လုပ်မယ်။ ကျနော် ချမ်းသာ ခဲ့ရင် ခင်ဗျား တို့ စီ ပြန်လာခဲ့မယ်။ ဆင်းရဲနေရင် တော့ ကျနော် ပြန်လာမှာ မဟုတ်ဘူး။ ခင်ဗျား တို့ စီက လည်း အကူအညီတောင်းမှာ မဟုတ်ဘူး။

ဒါပေမဲ့ ကျနော် ကိုယ်ပိုင် သတင်းဌာန တစ်ခု တည်ထောင်နိုင်ခဲ့တယ် ဆိုရင် တော့ ခင်ဗျား ကို အယ်ဒီတာခန့် မယ် လုပ်ပိုင်ခွင့် အပြည့်အဝပေးမယ်။

ခင်ဗျား တို့ ယူနတီဂျာနယ် အောင်မြင်ပါစေ လို့ ကျနော် ဆုတောင်းပေးခဲ့တယ် လို့ ပြောပြီး အလုပ်ထွက် ခဲ့ လိုက်တာပါ။

လောလောဆယ် မှာ ကျနော် ဟာ စီးပွားရေး လုပ်ဖို့ စဉ်းစား နေတာ ရက်ပေါင်း ၂၀ကျော် လာပါပြီ။ အဲဒီ ကာလ မှာ ကျနော် စီပွားရေး လုပ်ဖို့ အတွက် ရက္ခိုင်ပြည် မောင်တော နဲ့ မင်းပြား ဘက်မှာ ရှိတဲ့ အသိမိတ်ဆွေ တွေ ဖုန်း နဲ့ လှမ်းပြီး မေးကြည့် ပါတယ်။

အဲဒီ ဘက်မှာ ဘာစီးပွားရေး လုပ်ရင် ကောင်းမလည်း လို့ မေးတော့ သူတို့ စေတနာ အခုလို အကြုံကြပါတယ်။ မောင်တော ဘက်မှာ ဆိုရင် ကုလားကယ်ရီ နဲ့ WYသယ်ယူဖြန့် ဖြူးရေး လုပ်ရင် ခဏလေး နဲ့ ချမ်းသားမယ်။

မင်းပြား မှာဆိုရင် လူတိုင်းနီးပါး WYရောင်းကြတယ် ပိုက်ဆံ တစ် သောင်းတန် အတု လုပ်ကြတယ် ရဲ ကလည်း မဖမ်းဘူး သိရဲ့သား နဲ့ လွှတ်ပေးထားတယ်။

အဲဒါကြောင့် ကုလားကယ်ရီ WY ရောင်းတာ နဲ့ ပိုက်ဆံ အတုလုပ်တာ အဲဒီ သုံးခု မှာ တစ်ခုခု လုပ်ပါလား တဲ့ လေ။

အဲဒီ အကြံပေးတဲ့ သူကို ကျနော် ပြန်ပြော လိုက်တယ်။
အခုလို စေတနာ အကြံပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ခင်ဗျား တို့ ပြောတဲ့ အလုပ် တွေက ထောင်ထဲ ကကို ထွက်ရမှာ မဟုတ်တဲ့ ကျနော် မလုပ်ချင်ဘူး။ တစ်ခြား သမာအာဏီဝကျ တဲ့ အလုပ်လေး မရှိဘူးလား လို့ ကျနော် ပြန်ပြော လိုက်တော့ သူတို့ က ရက္ခိုင်လေသံ နဲ့ အခု လို ပြန်ပြောသွားတယ်။
''ဝေး မြန်မာနိုင်ငံ မှာလေး သမာအာဏီဝ အလုပ် နဲ့ ချမ်းသာလားရေလူစွာ လေး ဖေမြင့်ရွီးရေ တက်ကြမ်းစာအုပ် ထဲမှာ ရာ ဟိစွာဝေး'' လို့ ပြောပြီး ဖုန်းချသွားလေတယ်။

ကျနော် လည်း သူတို့ ပြောတာတွေ သေတောင် လုပ်မှာ မဟုတ်
ပေမဲ့ အခုထိ ဘာလုပ်ရင် ကောင်းမလည်း ဆိုပြီး တွေ ဝေနေတုန်း
ပဲ ဖေ့ဘွတ်စ် ပရိသတ်ကြီး ရေ။

စာကြွင်း

ဖေမြင့် ဆိုသူ မှာ ယခင် က သူဌေးဖြစ်နည်း တက်ကြမ်းများ ရေးခဲ့ဖူးသူ ဖြစ်ကာ လက်ရှိတွင် သတင်းနှင့်ပြန်ကြားရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဖြစ်ပါ ၏။

ဂျာနယ်လစ်မျိုးမြင့်

No comments:

Post a Comment