Latest News

Friday, January 19, 2018

အဲဗာတန်ကို ပြောင်းရွှေ့မှုတွင် ရွန်းနီ၏ပြောစကားက အဓိကကျခဲ့ဟု ဝဲလ်ကော့ပြောကြား

အဲဗာတန်ကို ပြောင်းရွှေ့မှုတွင် ရွန်းနီ၏ပြောစကားက အဓိကကျခဲ့ဟု ဝဲလ်ကော့ပြောကြား

ရွန်းနီသည်  သီယိုဝဲလ်ကော့၏ အာဆင်နယ်မှအဲဗာတန်သို့ ပေါင်သန်း ၂ဝ တန် ပြောင်းရွှေ့မှုတွင် အဓိကဇာတ်ကောင်အဖြစ် ပါဝင်ခဲ့ကြောင်း ဝဲလ်ကော့၏ ပြောစကားအရ  သိရသည်။ ဝဲလ်ကော့က ''ဝိန်းနဲ့ ကျွန်တော်တို့ စကားတွေအများကြီး  ပြောဖြစ်ခဲ့ကြတယ်။ သူက ဒီကိစ္စမှာ သက်ရောက်မှုကြီးမားခဲ့ပြီး အဲဗာတန်ကို လာရောက်ဖို့စည်းရုံးနိုင်ခဲ့တယ်။ ဒီနေရာဟာ  ဘောလုံးကစားလို့ ကောင်းတဲ့နေရာလို့  ပြောတယ်။ ဒီအချက်က အဓိကအကြောင်းပြချက်ဖြစ်ခဲ့ပါတယ်''ဟု ဖွင့်ဟပြောကြားခဲ့သည်။

 ဝဲလ်ကော့နှင့် ရွန်းနီတို့သည်  အင်္ဂလန်အသင်းတွင်  ပွဲများစွာ တွဲဖက်ကစားခဲ့ဖူးသူများဖြစ်ရာ အဲဗာတန်တွင် လည်း သူတို့နှစ်ဦး၏ ပူးတွဲတိုက်စစ်ဆင်မှုကို ပရိသတ်များရှုစားရတော့မည်ဖြစ်သည်။ သို့သော် ဝဲလ်ကော့က အဲဗာတန်တွင် ကစားရသည်မှာလည်း အမြဲတမ်းခက်ခဲမည်ဆိုသည်ကို  သိထားကြောင်း မှတ်ချက်ပြုခဲ့သည်။

 ဝဲလ်ကော့က အာဆင်နယ်ပရိသတ်များကို ဗီဒီယိုမှတစ်ဆင့် ပြောကြားခဲ့သည့် စကားတွင် ''အာဆင်နယ်ပရိသတ်တွေကို ကျေးဇူးအများကြီးတင်တယ်လို့ ဒီနေရာကနေ ပြောကြားလိုပါ တယ်။ ကျွန်တော့်အနေနဲ့  ဒီလိုပြောကြားဖို့ဖြစ်လာရတာက ကျွန်တော့်ကို ကံကောင်းပါစေ ကြောင်း တောင်းဆုပေးကြတဲ့ အာဆင်နယ်ပရိသတ်များရဲ့ စာလွှာကြောင့်ပါ။ လွန်ခဲ့တဲ့ ၁၂ နှစ်တာကာလအတွင်း  သူတို့ရဲ့ဒီလိုလုပ်ဆောင်ပေးမှုကို လုံလောက်တဲ့ကျေးဇူးတုံ့ပြန်မှု မပြုနိုင်ခဲ့ဘူး'' ဟု တွစ်တာတွင် ဗီဒီယိုဖိုင်တင်ကာ ပြောကြားခဲ့သည်။ ဝဲလ်ကော့မှာ ယခုဇန်နဝါရီ ဈေးကွက်အတွင်း အဲဗာတန်က ခေါ်ယူခဲ့သည့် ဒုတိယတန်ဖိုးအကြီးဆုံး ပြောင်းရွှေ့မှုလည်း  ဖြစ်လာခဲ့သည်။ ဝဲလ်ကော့သည် ၂ဝဝ၆ ခုနှစ်တွင် ဆောက်သမ်တန်မှ အာဆင်နယ်သို့ ရောက်ရှိလာခဲ့ပြီး ၁၂ နှစ်တာကာလအတွင်း အက်ဖ်အေဖလားသုံးလုံးသာ ရရှိခဲ့ပြီးနောက် ယခုအခါ အဲဗာတန်သို့ ပေါင်သန်း ၂ဝ ဖြင့် သုံးနှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။မေလဲ့သင်း(​ကြေးမှုံ)

No comments:

Post a Comment