မြောက်ဦး ဇန်နဝါရီ ၁၈
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့၌ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ ရကဖ(၄) ရဲမှူးချုပ်မြဝင်း၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘို မင်းသိုက်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် ရပ်မိ ရပ်ဖများ တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။
အဆိုပါအခမ်းအနားတွင် ရခိုင် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး က အဖွင့်အမှာစကား ပြောကြားရာ တွင် မြောက်ဦးမြို့၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်မကောင်း ဖြစ်မိပါကြောင်း၊ နေရပ်စွန့်ခွာသူများ နှင့်ပတ်သက်ပြီး ပြန်လည်လက်ခံရန် အတွက် စီစဉ်ဆောင်ရွက်နေပါ ကြောင်း၊ နိုင်ငံတော်အတွင်း အရေးကြီးလုပ်ငန်းကိစ္စ လုပ်ကိုင် ဆောင်ရွက်နေချိန်တွင် နိုင်ငံတကာ မှ စီးပွားရေးအရ ပိတ်ဆို့မှုများ ပြုလုပ် လာလျှင် စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိသော ပစ္စည်းများ ပြည်ပသို့ တင်ပို့မှု မရရှိနိုင်ခြင်း၊ အလုပ်သမား များ အလုပ်လက်မဲ့ဖြစ်ခြင်းတို့ကို ကြုံတွေ့ရမည်ဖြစ်ကြောင်း လမ်းညွှန် မှာကြားခဲ့သည်။
ထို့နောက် သေဆုံးသူမိသားစုဝင် များအတွက် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က ထောက်ပံ့ငွေပေးအပ်ခြင်းကို ဆက်လက်ကျင်းပရာ အတွင်းရေးမှူး ဦးတင်မောင်ဆွေက သေဆုံးသူ ခုနစ် ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ငါးသိန်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ ငွေကျပ် ၃၅ သိန်းအား တောင်ရပ် အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ရတနာ့ပါလ နာရေးကူညီမှုရုံးသို့ သွားရောက်၍ ထောက်ပံ့ငွေများအား တောင်ရပ် အုပ်ချုပ်ရေးမှူးက သေဆုံးသူ မိသားစုဝင်များ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။ ခရိုင်(ပြန်/ဆက်)
No comments:
Post a Comment