Latest News

Tuesday, January 16, 2018

ဦးသာဦးအားပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်​ကြီးရာထူးခန့်​အပ်

ဦးသာဦးအားပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်​ကြီးရာထူးခန့်​အပ်


ပုသိမ်ဇန်နဝါရီ ၁၆ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံးအမိန့်အမှတ်၊ ၇/၂၀၁၈
၁၃၇၉ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၅ ရက်
(၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်)ရက်နေ့ညပိုင်းတွင်ဒုတိယဝန်ကြီး နေရာအားခန့်အပ်တာဝန်ပေးလိုက်သည်ဟု  နိုင်ငံတော်သမ္မတရုံး၏ထုတ်ပြန်ချက်အရ သတင်းရ ရှိသည်

 ပြည်ထောင်သူသမ္မ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၄ ပုဒ်မခွဲ (က) (ဃ) နှင့် ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေပုဒ်မ ၁၆ ပုဒမခွဲ (၁၁) ပုဒ်မခွဲငယ်(၉)တို့ပါ ပြဌာန်းချက်များအရဦးသာဦးကို ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး အဖြစ် ခန့်အပ် တာဝန်ပေးလိုက်သည်ဟု  နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာထုတ်ပြန်ချက်တွင် တွေ့ရှိသည်


လက်ရှိ တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးသန့်စင်မောင်၊ ဒုဝန်ကြီးအဖြစ် ဦးကျော်မျိုးတို့က တာဝန်ယူလျက်ရှိသည်။


ရွှေရည်​၀င်း

No comments:

Post a Comment