ပုသိမ် ဇန်နဝါရီ၁၂ရက်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ တိုင်းအစိုးရရုံး တွင် ယနေ့ ညနေ၃နာရီခန့်က ဝန်ကြီးချုပ်ဟောင်းမန်းဂျော်နီမှ ၎င်း၏ရုံးခန်းအတွင်း မီဒီယာများနှင့် ပထမဆုံးတွေ့ဆုံပြီးသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်
၎င်း၏ကျန်းမာရေးအခြေအနေအရ တာဝန်များကို အင်တိုက်အားတိုက် မထမ်းဆောင်နိုင်မည်စိုးရိမိသဖြင့် တာဝန်မှနူတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများကို ပြောခဲ့သည်။
"ကိုယ်ကကိုယ်စဉ်းစားမိတယ် ငါ့အသက်အရွယ်ကကြီးလာပြီ ဒေါ်အောင်ဆန်းစုကြည်ထက်တောင်အသက်ကြီးတယ် ကိုယ်အသက်က်ုယ့်အရွယ်နဲ့တကယ်ကိုအလုပ်လုပ်ရတော့မှာ
ပြည်သူတွေကအလုပ်လုပ်ဖို့ရွေးချယ်ထားတာ ၂၀၂၀ မှာရွှေးကောက်ပွဲရှိတယ်။ တကယ်ကို နင်လားငါလားလုပ်ကတော့မှာလေ ငါ့ကျန်းမာရေး ငါ့အသက်အရွယ်နဲ့ ဆက်လုပ်နိင်စရာအကြောင်းမရှိတော့ဘူး။ အပြည့်အဝတာဝန်မယူနိင်တာနဲ့ အနားယူခွင့်တောင်းလိုက်တယ်"ဟု ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီကပြောသည်။
၎င်း၏ဝန်ကြီးချုပ်ကာလတွင် အင်းကိစ္စကိုပထမဦးဆုံးရင်ဆိုင်ခဲ့ရသည်ဖြစ်ပြီး အင်းသားကြီးများနှင့် ဒေသခံရေလုပ်သားငယ်များအကြား အငြင်းပွါးနိုင်သည့်အခြေအနေများကို ဥပဒေနှင့်အညီ မည်သူမှ မနစ်နာအောင် စီမံဆောင်ရွက်ပေးခဲ့သည် လယ်ယာမြေသိမ်းဆည်းမှုများနှင့်ပါတ်သတ်၍လည်းအမူပေါင်း ၃၂၅မူကို အစိုးရအဖွဲ့သို့တိုင်ကြားထားသည့်အတွင်း ၁၃၆ မှုအထိ ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး အောက်ခြေတွင်မပြီးပြတ်သေးဘဲ ကြန့်ကြာနေပါက နောက်ဆုံးအခြေအနေများကို မဖြစ်မနေတင်ပြခိုင်းထားကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
၎င်း၏ဆွေမျိုးများ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေကြာင်းသတင်းများထွက်ပေါ်နေခြင်းအပေါ် ယခုလိုလုပ်တဲ့သူကိုချက်ချင်းသူကိုပြောဆိုပါ ၎င်းကိုယ်တိုင် ဖမ်းဆီးထောင်ချ အရေးယူမည် ဖြစ်ပြီး၎င်း၏အမျိုးထဲတွင် လက်ရှိထွက်ရှိနေသည့်သတင်း ထဲကလို မျိုးမရှိကြောင်း မဖြစ်နိုင်ကြောင်း တိုင်းဧရာဝန်ကြီးချူပ်ဦးမန်းဂျော်နီမှ ပြောသည်
ဦးမန်းဂျော်နီသည် မီဒီယာများနှင့် ယခုလိုမတွေ့ခဲ့သည်မှာ ၎င်း၏ပြောရေးဆိုခွင့် ရှိသူများထားရှိထားသောကြောင့် ပါဟု ပြောသည်
ဝန်ကြီးချုပ် မန်းဂျော်နီသည် ဝန်ကြီး ရာထူးမှ နှုတ်ထွက်ခဲ့သော်လည်း ၎င်း၏မူလတာဝန်ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖြစ် ပြန်လည်ဆာင်ရွက်နေမည်ဟုသတင်းရ ရှိသည်
၎င်းအုပ်ချူပ်နေစဉ်ကာလအတွင်း အကျင့်ပြက်နေသည့်အစိုးရဝန်ထမ်းတချို့ ကိစ္စရပ်များကိုထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းစေခဲ့ပြီး ပြသာနာများရှိပါကလည်းပြည်သူများမှ အစိုးရ နှင့်ပူးပေါင်း လုပ်ဆောင်စေလိုကြောင်း ပြည်သူများမှ လာဘ်စား အကျင့်ပြက်နေသည့်ဝန်ထမ်းများကိုတွေ့ခဲ့လျှင် ထိထိရောက်ရောက်တိုင်ကြားသင့်ကြောင်း အဆိုပါရှင်းင်းပွဲတွင် မှာကြားပြောဆိုသည်
လက်ရှိတွင်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုကျုံပျော်မြို့နယ် အမှတ်၂ လွှတ်တော်ကိုယ်စားလှယ်အဖြစိ ဆက်လက်တက်ရောက်မည်ဖြစ်ကြောင်း သတင်းရ ရှိသည်
ရွှေရည်ဝင်း
No comments:
Post a Comment