ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း)ညောင်လေးပင်မြို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းနှင့် မဒေါက်-ရွှေ ကျင် ကားလမ်းဆုံ(ဗိုလ်ချုပ်လမ်းဆုံ)တွင် နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့လွတ်လပ် ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မြင်းစီးရုပ်တု ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၃ ရက် နံနက် ၈ နာရီက ကျင်းပရာ ညောင်လေးပင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင် နိုင်ဦး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ တက်ရောက်ဖွင့်လှစ်ပေးကြသည်။
''ကျွန်တော်တို့ ညောင်လေးပင် မြို့မှာ တိုင်းပြည်ရဲ့ဖခင်၊ တပ်မတော် ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြင်းစီးရုပ်တုကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပါပြီ၊ အခု ဆက်လက်ပြီး နံနက် ၉ နာရီမှာ အာဇာနည်လမ်းမှာရှိတဲ့ သီရိရတနာ ခန်းမမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တု ဖြစ်မြောက်ရေးအတွက် လုပ်အားနဲ့ ဝိုင်းဝန်းကူညီကြတဲ့ မြို့သူ မြို့သား တွေရော ငွေအားနဲ့ လှူဒါန်းပေးတဲ့ အလှူရှင်များကိုပါ ဂုဏ်ပြုမှတ်တမ်း လွှာ ပေးအပ်သွားမှာဖြစ်ပါတယ်'' ဟု ဗိုလ်ချုပ်မြင်းစီးရုပ်တု ဖြစ်မြောက်ရေး ကော်မတီဝင် ဦးခင်မောင်လွင် (ညောင်လေးပင်)က ပြောသည်။
တည်ဆောက်ခဲ့သည့် ဗိုလ်ချုပ် မြင်းစီးရုပ်တုသည် သုံးပေမြင့်သော တြိဂံအုတ်ခုံပေါ်တွင် နောက်ခံအမြင့် ကိုးပေ၊ အလျား ၁၃ ပေ၊ အနံခြောက် ပေရှိကာ ဗိုလ်ချုပ်မြင်းစီးရုပ်တု ဖြစ် မြောက်ရေးအတွက် မြို့ပေါ်မှ လုပ်ငန်း ရှင်များ၊ ရပ်ဝေး ရပ်နီးမှ အလှူရှင်များ ၏ လှူဒါန်းငွေကျပ်သိန်း ၂၅ဝ ခန့် အကုန်အကျခံ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ပိန်းဇလုပ်သိန်းညွန့်(ကြေးမှုံ)
No comments:
Post a Comment