Latest News

Thursday, January 4, 2018

ဘက်ခမ်း၏ တစ်ရက်ဝင်ငွေ ပေါင် ၄ဝဝဝဝ အထိ ရှိနေ

ဘက်ခမ်း၏ တစ်ရက်ဝင်ငွေ ပေါင် ၄ဝဝဝဝ အထိ ရှိနေ

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း  ဒေးဗစ်ဘက်ခမ်းမှာ စီးပွားရေး လုပ်ငန်းများမှ နှစ်နှစ်အတွင်း ဝင်ငွေ ပေါင် ၂၉ သန်းအထိ ရရှိခဲ့ရာ သူ၏ တစ်ရက်ဝင်ငွေမှာပင် ပေါင် ၄ဝဝဝဝ အထိရှိနေကြောင်း သိရသည်။ စာရွက်စာတမ်းများ၏ စာရင်းအရ ဘက်ခမ်းမှာ  ၂ဝ၁၇ ခုနှစ် တစ်နှစ်ထဲ မှာပင် ဝင်ငွေ ပေါင် ၁၈ ဒသမ ၇၅ သန်း ရရှိခဲ့ရာ ပြီးခဲ့သည့်နှစ် ဝင်ငွေပေါင် ၁ဝ ဒသမ ၂ သန်းထက် သိသိသာသာ များပြားလာခဲ့သည်ကို တွေ့ရသည်။

ဒေးဗစ်ဘက်ခမ်း ကုန်အမှတ်တံဆိပ်များနှင့်ပတ်သက်ပြီး ဘက်ခမ်းပိုင် ဒီဘီကုမ္ပဏီက လိုင်စင်ကြေးနှင့် ဈေးကွက်ရှာဖွေးရေးတို့မှ   ဝင်ငွေများစွာ သဲ့ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဒေးဗစ်ဘက်ခမ်းမှာ အက်ဒီးဒက်စ်ကဲ့သို့ အားကစား ပစ္စည်းကုမ္ပဏီအပြင် H&M ၊ Haig Clubman တို့လို နာမည်ကျော် ကုမ္ပဏီ များနှင့်လည်း စာချုပ်ရှိသူဖြစ်သည်။ ဘက်ခမ်းမှာ ပြီးခဲ့သည့် အောက်တိုဘာ လအထိ တစ်ရက်ပျမ်းမျှဝင်ငွေ ပေါင် ၃၅ဝဝဝ ရရှိနေသည်ဟုသာ ထုတ်ပြန် ခဲ့သော်လည်း နှစ်ကုန်ချိန်တွင် ဝင်ငွေ သိသာစွာ များပြားလာခြင်းဖြစ်သည်။

စပါးနည်းပြ ပိုချက်တီနိုက ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင်မှာ အရှေ့အာရှတစ်ခွင်တွင် ဘက်ခမ်း၏ စူပါစတားအဆင့်ကို  လိုက်မိသည့် အဆင့်ရှိသူဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆွန်ဟောင်မင်မှာ ယခုနှစ် ဘောလုံးရာသီတွင် သွင်းဂိုး ကိုးဂိုး သွင်းယူထားနိုင်ပြီးဖြစ်ကာ နောက်ဆုံး ကစားခဲ့သည့် ခုနစ်ပွဲတွင် ငါးဂိုးအထိ သွင်းယူထားနိုင်ခဲ့သည်။

ပိုချက်တီနိုက ဆွန်ဟောင်မင်ကို ချီးကျူးမှုပြုခဲ့ပြီး ဆွန်မှာ သူ၏ဇာတိမြေ ကိုရီးယားကျွန်းဆွယ်အပြင် အရှေ့အာရှတစ်ခွင်၌ ကမ္ဘာ့ဘောလုံးစူပါစတား ဒေးဗစ်ဘက်ခမ်း၏ အောင်မြင်မှုနှင့် ယှဉ်နိုင်သူဖြစ်ကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။ ပိုချက်တီနိုက ''ကျွန်တော်တို့က ဘက်ခမ်း အကြောင်းပြောတဲ့အခါ သူက ကမ္ဘာ့ထင်ရှားတဲ့ ပုံရိပ်အဖြစ်ပါ ရှုမြင်ကြတယ်၊ ဒါက အရှေ့အာရှမှာတော့ ဆွန်နီ (ဆွန်ဟောင်မင်)နဲ့ တူညီပါတယ်၊ ဆွန်ကတော့ နှိမ့်ချတတ်သူဖြစ်သလို သာမန်ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်''ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိ ပရီမီယာလိဂ်တွင် ကစားနေသည့် ကစားသမားများထဲတွင်  ဘက်ခမ်းထက် တစ်နေ့ဝင်ငွေများသူဆို၍ ပေါ့ဘာ တစ်ဦးသာရှိပြီး  ပေါ့ဘာ၏ တစ်နေ့ ဝင်ငွေမှာ ပေါင် ၄၁၅ဝဝ ဖြစ်သည်။ မေလဲ့သင်း(​ကြေးမှုံ)

No comments:

Post a Comment