Latest News

Friday, January 26, 2018

လာမည့် ဘဏ္ဍာရေးနှစ်မှစ၍ အိမ်သုံးလျှပ်စစ်မီတာများကို ဈေးနှုန်း စိစစ်လျှော့ချပေးရန်​စိစဉ်​​ဆောင်​ရွက်

လာမည့် ဘဏ္ဍာရေးနှစ်မှစ၍ အိမ်သုံးလျှပ်စစ်မီတာများကို ဈေးနှုန်း
စိစစ်လျှော့ချပေးရန်​စိစဉ်​​ဆောင်​ရွက်

နေပြည်တော်   ဇန်နဝါရီ   ၂၆

ဒုတိယအကြိမ် ပြည်သှူလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သှူလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ လွှတ်တော်ရေးရာနှင့် လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်းများနှင့်စပ်လျဉ်း၍   လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့်  လွှတ်တော်အခွင့်အရေးကော်မတီဝင် အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာ လှမိုးတို့က ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ ဥပဒေကြမ်းတစ်ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
မီတာလိုအပ်ချက်များ
အစည်းအဝေးတွင် ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး၏ ကလေးမြို့နယ်တွင်   အိမ်သုံးမီတာ ဘောက်စ် များ လုံလောက်စွာချထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍   လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဝန်ကြီးဌာနအနေဖြင့်     မီတာများကို ဝန်ထမ်းအမြောက်အမြားသုံးစွဲ၍     အချိန်ယူဖတ်ရှုရခြင်း လျော့နည်းစေရန်  လက်ရှိ    တပ်ဆင်အသုံးပြုလျက်ရှိသော မီတာ တစ်မျိုးတစ်စားတည်း အစား အသုံးပြုလိုသော လျှပ်စစ် ပမာဏအပေါ်မူတည်ပြီး အိမ်သုံးဒီဂျစ်တယ်မီတာ  အမျိုးအစား သုံးမျိုး ဝယ်ယူတပ်ဆင်သွားမည် ဖြစ်ပါကြောင်း၊ ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ်ဘတ်ဂျက်ဖြင့် တင်ဒါခေါ်ယူ ၍ ဆောင်ရွက်လျက်ရှိရာ ကျေးရွာများအတွက် မီတာတိုက်ရိုက် ဖတ်ရှုသော ၅/၃ဝ အမ်ပီယာမီတာ၊   မြို့ငယ်များအတွက်Hand Held Units -HHU  (မီတာဖတ်စက်ဖြင့် မီတာ ဖတ်ခြင်း)ဖြင့် ဖတ်ရှုရသော ၅/၃ဝ အမ်ပီယာ မီတာနှင့် မြို့ကြီး များအတွက် ယခင်ဝန်အား ပမာဏထက် နှစ်ဆပိုသုံးနိုင်သော HHU (မီတာဖတ်စက်ဖြင့် မီတာဖတ်ခြင်း)ဖြင့် ဖတ်ရှုရသော ၁ဝ/၆ဝ အမ်ပီယာ မီတာများသည် ၂ဝ၁၈ ခုနှစ်  ဧပြီလဆန်း တွင်  စတင်ရောက်ရှိမည်ဖြစ်ပြီး     မီတာလိုအပ်ချက်များကို     ဖြည့်ဆည်းပေးသွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
တင်ဒါခေါ်ဆိုဆောင်ရွက်
တမူးမဲဆန္ဒနယ်မှ ဦးနိုင်နိုင်ဝင်း၏    မြန်မာနိုင်ငံအတွင်း    ဖြန့်ဝေတပ်ဆင်အသုံးပြုနေသော အိမ်သုံးလျှပ်စစ်ဒီဂျစ်တယ် မီတာ (နလနမ တံဆိပ်)များအား   ဈေးနှုန်းစိစစ်လျှော့ချပြီး   ရောင်းချပေးရန်  ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊  မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဝန်ကြီးဌာန အနေဖြင့် ကျေးရွာ၊ မြို့ငယ်နှင့်  မြို့ကြီးများအတွက် အိမ်သုံး ဒီဂျစ်တယ်မီတာ အမျိုးအစား သုံးမျိုးခွဲခြားသတ်မှတ်၍ ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင်  ပွင့်လင်းမြင်သာမှုနှင့်  မျှတသော ယှဉ်ပြိုင်မှုများဖြစ်ရန် တင်ဒါခေါ်ဆို ဆောင်ရွက်ခဲ့ပါကြောင်း၊ ဈေးပြိုင်စနစ်ဖြင့် ပေးသွင်းလာသည့် မီတာများအနက်  နည်း ပညာနှင့် အရည်အသွေးကောင်းမွန်ပြီး   ဈေးနှုန်းချိုသာသည့် မီတာများကိုဝယ်ယူရရှိရန် ဆောင်ရွက်လျက်ရှိရာ   လာမည့် ဘဏ္ဍာရေးနှစ်မှစ၍ အိမ်သုံးလျှပ်စစ်မီတာများကို   ဈေးနှုန်း စိစစ်လျှော့ချပေးရန်    စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ဓာတ်အားချိတ်ဆက်ရယူ
အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၏   အုတ်တွင်းမြို့နယ်     စစ်တောင်းမြစ်ကမ်းပါးရှိ ကျေးရွာများအား ၁၁ ကေဗွီ ဓာတ် အားပေးလိုင်းသွယ်တန်းပြီး ကမ်းပါးတစ်လျှောက်ရှိ ဒေသခံ ပြည်သူများအတွက် လျှပ်စစ်မီးသွယ်တန်းပေးရန်  အစီအစဉ်  ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍   ဒုတိယဝန်ကြီး   ဒေါက်တာ ထွန်းနိုင်က အုတ်တွင်းမြို့နယ်    စစ်တောင်းမြစ်ကမ်းနားဘေး ရှိ အောင်သာကျေးရွာ၊ ကံသာကျေးရွာ၊ သောင်တန်းကျေးရွာ၊ သောင်ပုကျေးရွာ၊   ကြက်လည်ဆစ်ကျေးရွာနှင့် ချောင်းကျိုး ကျေးရွာစသည့် ကျေးရွာခြောက်ရွာသည် ဓာတ်အားချိတ်ဆက် ရယူနိုင်သည့် ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ၅ မိုင်ကျော် ကွာဝေး သဖြင့်  အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP) တွင် မပါဝင်ခြင်းဖြစ်ပါကြောင်း၊ အဆိုပါကျေးရွာ ၆ ရွာ ဓာတ် အားရရှိနိုင်ရန် NEP  စီမံကိန်း၏ ဒုတိယအဆင့်တွင်   ပါဝင် သော ဇီးဖြူသောင်ကျေးရွာနှင့်  သရက်တောကျေးရွာများမှ  တစ်ဆင့် ဓာတ်အားချိတ်ဆက်  ရယူရမည်ဖြစ်သည့်အတွက် NEP  စီမံကိန်း၏ ဒုတိယအဆင့်ကျေးရွာများ အကောင်အထည် ဖော် ဆောင်ရွက်ပြီးသည့်  ကာလမှသာ ဆောင်ရွက်ပေးနိုင် မည် ဖြစ်ပါကြောင်း၊ အချို့သောကျေးရွာများ၏   လမ်းပန်း ဆက်သွယ်မှု အခက်အခဲများကြောင့်   ကွန်ကရစ်တိုင်များ၊ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ သယ်ယူပို့ဆောင် တည်ဆောက်နိုင်ရန် အဆင်ပြေမှုမရှိသည့်အတွက်   လတ် တလော ဆောင်ရွက်ပေးနိုင်ခြင်း  မရှိပါကြောင်း   ဖြေကြား သည်။
ထည့်သွင်းလျာထားပေး
ကျောက်တော်မဲဆန္ဒနယ်မှ ဦးဦးထွန်းဝင်း၏  ကျောက်တော် မြို့နယ်ရှိ ပိန္နဲချောင်း-ကြောင်စွယ်ဖြူကမ်းခြေအား  လျှပ်စစ်မီး သွယ်တန်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍   ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ကြောင်စွယ်ဖြူကမ်းခြေ တစ်လျှောက်နှင့် ဂုပ္ပိထောင့်ကျေးရွာပတ်ဝန်းကျင်ရှိ ကျေးရွာ ပေါင်း ၃ဝ အား  လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးအတွက်  ကျောက်တော်-ဂုပ္ပိထောင့် ၆၆ ကေဗွီ ဓာတ်အားလိုင်း ၉ မိုင် တည်ဆောက်ခြင်းနှင့် ဂုပ္ပိထောင့်ကျေးရွာတွင် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံအသစ်တစ်ရုံ တည်ဆောက်ခြင်း လုပ်ငန်းအား ဌာနအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက် သွားမည့် ၅ နှစ် စီမံကိန်း၏ ၂ဝ၂၁ - ၂ဝ၂၂  ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင်    ထည့်သွင်းလျာထားပေး သွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိပါက အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ညှိနှိုင်းဆောင်ရွက်သွားမည်
ဂုပ္ပိထောင့်ဓာတ်အားခွဲရုံ တည်ဆောက်ပြီးပါက ကြောင် စွယ်ဖြူကမ်းခြေတစ်လျှောက်နှင့်   ဂုပ္ပိထောင့်ကျေးရွာအနီး ပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၃ဝ အား   လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် ၁၁/ ဝ ဒသမ ၄ ကေဗွီ ထရန်စဖော်မာများအား သက်ဆိုင်ရာ ရခိုင် ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့်    ဆက်လက်အကောင် အထည်ဖော်နိုင်ရန်   ညှိနှိုင်းဆောင်ရွက်သွားမည်    ဖြစ်ပါ ကြောင်း ဖြေကြားသည်။
ပြန်လည်ရှင်းလင်းဖြေကြား
ထို့အတူ မိုင်းရယ်မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်၊ မင်းဘူး မဲဆန္ဒနယ်မှ ဦးဝင်းဝင်းနှင့် မိုင်းပန် မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုး တို့၏ လွှတ်တော်ရေးရာနှင့် လျှပ်စစ်ကဏ္ဍဆိုင်ရာ   မေးခွန်း များနှင့်စပ်လျဉ်း၍    လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့်      လွှတ်တော်အခွင့်အရေး ကော်မတီဝင် အောင်မြေသာစံမဲဆန္ဒနယ်မှ   ဒေါက်တာလှမိုး တို့က ပြန်လည်ရှင်းလင်းဖြေကြားသည်။
ထို့နောက် ရုပ်မြင်သံကြားနှင့်   ဗီဒီယိုဥပဒေကို   ပြင်ဆင် သည့် ဥပဒေကြမ်း အား ပြန်ကြားရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက လွှတ်တော်သို့ တင်သွင်းသည်။
ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍    ပြည်သှူလွှတ်တော် ဥပဒေကြမ်းကော်မတီ၏    အစီရင်ခံစာကို     ကော်မတီဝင် သာကေတမဲဆန္ဒနယ်မှ ဒေါက်တာဝေဖြိုးအောင်က ဖတ်ကြား ရှင်းလင်းရာ   ပြန်ကြားရေးဝန်ကြီးဌာနမှ   တင်သွင်းသည့် ဥပဒေကြမ်းအား ၂ဝ၁၃ ခုနှစ် ပြည်သှူလွှတ်တော်ဆိုင်ရာ နည်း ဥပဒေ ၅၉ အရ အခြေခံရမည့်မူ ၁၂   ချက်နှင့်အညီ   စိစစ် လေ့လာခဲ့ရာ ပြင်ဆင်ရမည့် အချက် ၆ ချက်ကို   တွေ့ရှိခဲ့ပါ ကြောင်း၊ ယင်းတို့အနက် ဥပဒေကြမ်းအပိုဒ် ၂ ကို အပိုဒ် ၃ အဖြစ် ပြင်ဆင်ရာတွင် အပိုဒ် ၃ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ပုဒ်မ ၂ဝ၊ ပုဒ်မခွဲ(ဂ)တွင် ပါရှိသော ''ဒဏ်ကြေးငွေ အနည်းဆုံး ကျပ် ၅ဝဝဝမှ အများဆုံး$ ကျပ် ၅ဝဝဝဝ အထိဆိုသည့်''  စကားရပ် ကို ''ဒဏ်ကြေးငွေ  အနည်းဆုံး ကျပ် $ ငါးသောင်းမှ   အများဆုံး  $ငါးသိန်းအထိဆိုသည့်''  စကားရပ်ဖြင့်    အစားထိုးရမည်ဖြစ်ပြီး၊ ဥပဒေကြမ်း အပိုဒ် ၃  ကို အပိုဒ် ၄ အဖြစ်   ပြင်ဆင်ရာတွင် အပိုဒ် ၄(က) အား ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ပုဒ်မ ၃၂ ခြေဆင်းတွင်ပါရှိသော ''ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ငွေဒဏ်$ ကျပ် ၁ဝဝဝဝဝ အထိဖြစ်စေ၊  ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ရမည်'' ဆိုသည့်စကားရပ်ကို ''အနည်းဆုံး ခြောက်လမှ အများ ဆုံး  သုံးနှစ်အထိ  ထောင်ဒဏ်ချမှတ်ရမည့်အပြင် $ကျပ်ဆယ်သိန်း ထက်မပိုသော ငွေဒဏ်လည်းချမှတ်နိုင်သည်'' ဆိုသည့် စကား ရပ်ဖြင့် အစားထိုးရမည်ဖြစ်ပြီး၊   ရုပ်မြင်သံကြားနှင့်    ဗီဒီယို ဥပဒေပုဒ်မ   ၃၂   ပုဒ်မခွဲ   (ခ)နှင့်    (ဂ)တို့တွင်   ပါရှိသော ''ငှားရမ်းခြင်း''ဆိုသည့် စကားရပ်၏နောက်တွင် ''ရောင်းချ ခြင်း'' ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်ဖြစ်ပြီး၊ ဥပဒေ ကြမ်း အပိုဒ် ၄ ကို အပိုဒ် ၅ အဖြစ် ပြင်ဆင်ရာတွင် အပိုဒ် ၅ (က)အား ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ပုဒ်မ ၃၃ ခြေဆင်း ကို   ''ထောင်ဒဏ် ၃ နှစ် အထိဖြစ်စေ၊ ငွေဒဏ်$ ကျပ် ၁ဝဝဝဝဝ အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်'' ဆိုသည့်   စကားရပ်အား   ''၃ နှစ်ထက်မပိုသော  ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး$ ကျပ်သုံးသိန်းမှ အများဆုံး ကျပ်သိန်း   ၃ဝ အထိ  ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်''ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်ဖြစ်ပြီး၊ အပိုဒ် ၅(ခ) ကို    ရုပ်မြင် သံကြား နှင့်   ဗီဒီယိုဥပဒေပုဒ်မ ၃၃ ပုဒ်မခွဲ (က)နှင့်   (ခ) တို့တွင် ပါရှိသော   ''ငှားရမ်းခြင်း'' ဆိုသည့်      စကားရပ်၏နောက်တွင်   ''ရောင်းချခြင်း'' ဆိုသည့် စကားရပ်ကို   ဖြည့်စွက် ရမည်ဖြစ်ပါကြောင်း  အစီရင်ခံစာကို ဖတ်ကြားတင်သွင်းသည်။
အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သှူလွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဆွေးနွေးလိုသည့်  လွှတ်တော်ကိုယ်စား လှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ သည်။
ဒုတိယအကြိမ် ပြည်သှူလွှတ်တော် သတ္တမပုံမှန်အစည်း အဝေး အဋ္ဌမနေ့ကို ဇန်နဝါရီလ ၂၉ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။  မီမီဖြိုး(မြန်​မာ့အလင်း)

No comments:

Post a Comment