Latest News

Friday, January 26, 2018

ဗိုလ်ချုပ်၏ သမိုင်းဝင် ဆုံးဖြတ်ချက် (၇၅) နှစ် ပြည့်ခဲ့ပြီ

ဗိုလ်ချုပ်၏ သမိုင်းဝင် ဆုံးဖြတ်ချက်
(၇၅) နှစ် ပြည့်ခဲ့ပြီ

ထိုဆုံးဖြတ်ချက်ကား အခြားတော့ မဟုတ်။ မဟာမိတ်တပ်များနှင့် ပူးပေါင်း၍ ဂျပန်ကို ပြန်တော်လှန်
ရန် ဗိုလ်ချုပ်အောင်ဆန်းက ဆန္ဒရှိနေကြောင်း
ဖီးမာရှယ် ဆလင်း အား ဗြိတိသျ ထောက်လှမ်း
ရေး မှတဆင့် သိစေခဲ့သည့် နေ့ဖြစ်သည်။ ထို
နေ့ကား ၁၉၄၃ ဂျန်န၀ါရီ လ ယခုလို အချိန်တွင်ဇြစ်သည်။

အဆိုပါ သတင်းကို ဖီးမာရှယ် ဆလင်းထံ သယ်
ဆောင်ပေးလာသူက ကရင်များနှင့် အတူ ဂျပန်
များကို ရွတ်ရွတ်ခ္ဈံခ္ဈံ ခုခံတိုက်ခိုက်ရင်း ကျန်ခဲ့
သော ဗြိတိသျ တပ်မှ ဗိုလ်မှုး ဟူးခ်ျ ဆီးဂရင်
ဆိုသူပင် ဖြစ်သည်။

အောင်ဆန်းသည် ၀င်ရိုးတန်းနိုင်
ငံများ အဖွဲ့ဝင် ဖြစ်သော ဂျပန်တို့ကို အကူ
အညီပေးရန်မဟုတ် သူ့စိတ်ထဲတွင် မြန်မာနိုင်
ငံ လွတ်လပ်ရေးရရှိရန်သာ တွေး၍ ပူးပေါင်းခဲ့
ခြင်းသာ ဖြစ်ကြောင်း ဆလင်း က ကောင်းစွာ
သိနားလည်ထားပြီး ဖြစ်သည်။

ထိုအချိန်ကား အောင်ဆန်းဆိုသူအား ဂျပန်
တို့က တိုကျိုသို့.ဖိတ်ခေါ်၍ အင်ပါယာ ဟီရိုဟီ
တိုက ဆုတံဆိပ်များ ပေးအပ် ချီးမြှင့်တော့မည်
ဆဲဆဲ အချိန်လည်းဖြစ်သည်။ တိုကျို တွင်
 ဂျပန်အရာရှိများနှင့် တွေ့ဆုံခဲ့ပြီးနောက်
တွင်မူ ဂျပန်တို့သည် မြန်မာတို့အား ရွှေရေစိမ်
လွတ်လပ်ရေးမျိုးသာ ပေးလိုပြီး မြန်မာသယံ
ဇာတ များကို လိုသလို သိမ်းပိုက်ရယူရေးကို
သာ စိတ်ဝင်စားကြသူများဖြစ်ကြောင်း ကောင်း
စွာ သိရှိသဘောပေါက်လာခဲ့သဖြင့် မဟာမိတ်
တို့ နှင့် ပူးပေါင်း၍ မြန်နိုင်သမျ အမြန်ဆုံး မောင်း
ထုတ် နိုင်မှသာ ဖြစ်မည်ဟူသော ဆုံးဖြတ်ချက်
သည် ပို၍ ခိုင်မာလာခဲ့ရသည်။

ဂျပန် လက်အောက်တွင် စစ်ဝန်ကြီး ဖြစ်လာ
ခဲ့သော်လည်း ယစ်မူးနေခြင်း မရှိပဲ
 အကြိမ်ပေါင်းများစွာ အသက်ကို
ရင်း ပြီး ဂျပန်တော်လှန်ရေး အတွက် မြန်မာ့
ပျောက်ကြားတပ်ကို လျို့ ၀ှက်စည်းရုံး
ခဲ့သူ ဖြစ်သည်။

၁၉၄၅ မတ်လ ၂၇ ရက်နေ့ တွင် ဗိုလ်ချုပ်အောင်
ဆန်းဦးဆောင်၍ မြန်မာတပ်မတော်တခုလုံး
မဟာမိတ်တို့ဖက် ခိုလှုံခဲ့ပြီး ဂျပန်တို့အား မြန်
မာ မြေပေါ်မှ မောင်းထုတ်ရန် စတင် တိုက်ခိုက်
ခဲ့လေသည်။

ထိုအချိန်တွင် မဟာမိတ်တို့ အောင်ပွဲခံဖို့က
ကြိမ်းသေသလောက် ဖြစ်နေသော်လည်း မြန်
မာတပ်မတော်မှ ၀င်ရောက်တိုက်ခိုက်ပေးခဲ့မှု
က အဖိုးမဖြတ်နိုင်သော အကူအညီများ ဖြစ်
လာခဲ့ရသည်။

"ကျုပ်သည် တိုင်းပြည်ကံကြမ္မာနှင့် ပါတ်သက်
၍ မည်သည့်အခါ စိတ်အေးချမ်းသာမှု မရှိခဲ့ရ
သေး။ တိုင်းပြည် မလွတ်လပ်သေးသမျ ကာလ
ပါတ်လုံး က္ဈနူပ်၏ အိမ်မက်ထဲတွင်ပင် ဆူညံ
ကျယ်လောင်စွာ တောင်းဆိုရင်း ဒေါသအမျက်
ချောင်းချောင်း ထွက်နေအုန်းမည်သာ ဖြစ်သည်။

အထက်ပါ ဆောင်းပါးကို စကော့တလန်ထုတ်
The National သတင်းစာကြီးတွင် ဗိုလ်ချုပ်၏
ဓါတ်ပုံ နှင့် တခမ်းတနား ရေးသားဖေါ်ပြထား
ခဲ့သည်ကို ကောက်နူပ်တင်ပြထားခြင်းသာ
ဖြစ်ပါသည်။ လှစိုး​ဝေ

No comments:

Post a Comment