Latest News

Thursday, January 4, 2018

အင်းတော်မြို့နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ၉၈ဝ သိမ်းဆည်းရမိ

အင်းတော်မြို့နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ၉၈ဝ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့ နန်းမကျိုင်းကျေးရွာအနီး ၌ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ၉၈ဝ (ကာလတန်ဖိုးငွေကျပ် ၅၄၉ဝဝဝဝဝခန့်) ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂ ရက် ညနေ ၅ နာရီခန့်က မူးယစ်တပ်ဖွဲ့စု (၆) ကသာမှ ရဲအုပ် ကျော်မင်းထွန်း ခေါင်းဆောင်သော ပူးပေါင်းအဖွဲ့သည် အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီးနား ကားလမ်း နန်းမကျိုင်းကျေးရွာအနီး မိုင်တိုင်အမှတ် ၂၃၄/ km တွင် အင်းတော် မြို့ဘက်မှ အောင်ဌေးမောင်းနှင်ပြီး မောင်ငွားယိုရဲ လိုက်ပါလာသော ဆိုင်ကယ် နှင့် ထွန်းစိန် မောင်းနှင်ပြီး အာဒီးဆာ လိုက်ပါလာသော ဆိုင်ကယ်နှစ်စီးကို မသင်္ကာ၍ ရပ်တန့်စစ်ဆေးခဲ့ရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁ဝ၉၈ဝ (ကာလတန်ဖိုး ငွေကျပ် ၅၄၉ဝဝဝဝဝ ခန့်)ကို စစ်ဆေး တွေ့ရှိရသဖြင့် ဥပဒေအရ အရေးယူ ဆောင်ရွက်ထားကြောင်း ရဲအုပ် ကျော်မင်းထွန်းက ပြောသည်။

အောင်ဌေးအား စစ်ဆေးချက်အရ ၄င်းတို့လေးဦးသည် အဆိုပါစိတ်ကြွ ရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ် မြောက်ပိုင်း မဘိမ်းမြို့နယ် ရွှေချောင်း ကျေးရွာနေ ထွန်းစိန်၏ နေအိမ်မှတစ်ဆင့် ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ ပယင်းမှော်ထဲသို့ သွားရောက်ရောင်းချ မည့် မူးယစ်ဆေးဝါးများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အောင်ဌေး ဟိုတုံကျေးရွာ မန်ထုံမြို့နယ်၊ မောင်ငွား ယိုရဲ ဆာလာဒီကျေးရွာ ပူတာအိုမြို့နယ်၊ ထွန်းစိန် ကုန်းကျေးရွာ မြောက်ဦးမြို့နယ် နေသူနှင့် အာဒီးဆာ ဆာလာဒီကျေးရွာ ပူတာအိုမြို့နယ်နေသူတို့ကို အင်းတော် မြို့မရဲစခန်းက ဥပဒေအရ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
လူအောင်(ကသာ)မြန်​မာ့အလင်း

No comments:

Post a Comment