အရက်သေစာသောက်စားပြီး ဆိုင်ကယ်စီးဦးထုပ်မဆောင်းလို့ လူသေဆုံးမှုဖြစ်ပွား
ကျောင်းကုန်း ဇန်န၀ါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊လှည်းဆိပ် အုပ်စု၊တာဦးကျေးရွာအနီးတွင်ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ ၆း၄၅ နာရီအချိန်ခန့်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။
အမှုမှာ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ် ၃၁/၇ နှင့် ၃၂/၀ ကြား၊ လှည်းဆိပ်အုပ်စု တာဦးကျေးရွာအနီးတွင် ဒါးကဘက်မှ ကံကလေးဘက်သို့ ကိုဦး(၃၂)နှစ် ၊ကျုံပျော်မြို့နေသူသည် လယ်ယာသုံးထော်လာဂျီယာဉ်အား ၄င်းယာဉ်ကြောအတိုင်း မောင်းနှင်လာစဉ် ကံကလေးဘက်မှ ဒါးကဘက်သို့ သန့်ဇော်မျိုး(၃၂)နှစ်၊ကျောင်းကုန်းမြို့နေသူမောင်းနှင်လာသော ၄၃ယ/--------အနက်ရောင်ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ ထော်လာဂျီယာဉ် ဝဲဘက်နောက်ပိုင်းသို့ ဝင်ရောက်တိုက်မိကာ ကားလမ်းမပေါ်သို့ လွင့်ကျသွားပြီး ဆိုင်ကယ်မောင်းနှင်သူမှာ ဝဲဘက်ဦးခေါင်း ချိုစောင်း တစ်လက်မခန့်ပေါက်ပြဲဒဏ်ရာရရှိပြီး ကျောင်းကုန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိထားသောဒဏ်ရာဖြင့်သေဆုံးမှုဖြစ်ပွား ခဲ့သည်။
လှည်းဆပ်ရဲကင်းစခန်းမှူး ရဲအုပ်ညွန့်အောင်နှင့်အဖွဲ့သည် အခင်းဖြစ်ရပ်အား စစ်ဆေးရာ ဆိုင်ကယ်မောင်းသူမှာ အရက်သေစာသောက်စားထားပြီး၊ဆိုင်ကယ်စီးဦးထုပ် မဆောင်းကြောင်း စစ်ဆေးတွေ့ရှိ သောကြောင့် ကျောင်းကုန်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း မြို့မရဲစခန်းမှ သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment