Latest News

Sunday, January 28, 2018

ၿငိမ္းခ်မ္းေရး သ႐ုပ္ေဖာ္ ေဖ်ာ္ေျဖမႈတို႔ႏွင့္ပတ္သက္၍ တပ္မေတာ္သတင္းထုတ္ျပန္ခ်က္


ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ-(၂၁)ရာစုပင္လံု ႀကိဳဆုိေထာက္ခံသည့္အေနျဖင့္ ၿငိမ္းခ်မ္းေရး သ႐ုပ္ေဖာ္ ေဖ်ာ္ေျဖတင္ဆက္ပြဲ၊ ေတးဂီတေဖ်ာ္ေျဖပြဲႏွင့္ ခ်စ္ၾကည္ေရးေဘာလုံးပြဲတို႔၌ ေျပာၾကားခ်က္ႏွင့္ ၿငိမ္းခ်မ္းေရး သ႐ုပ္ေဖာ္ ေဖ်ာ္ေျဖမႈတို႔ႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ခ်က္

ေနျပည္ေတာ္၊ ဇန္န၀ါရီ - ၂၈

၁။ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ-(၂၁)ရာစုပင္လံု ႀကိဳဆုိေထာက္ခံသည့္အေနျဖင့္ ၿငိမ္းခ်မ္းေရး သ႐ုပ္ေဖာ္ ေဖ်ာ္ေျဖတင္ဆက္ပြဲ၊ ေတးဂီတေဖ်ာ္ေျဖပြဲႏွင့္ ခ်စ္ၾကည္ေရးေဘာလုံးပြဲ တုိ႔ကို ၈၈ မ်ိဳးဆက္(ၿငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္းလူ႕အဖဲြ႕အစည္း) မွ ဦးမင္းကိုႏုိင္၊ ဦးဂ်င္မီ (ခ)ေက်ာ္မင္းယု၊ ေစာဖိုးခြားတုိ႔ဦးစီး၍ ၂၀၁၈ ခုႏွစ္၊ ဇန္န၀ါရီ ၂၇ ရက္တြင္ ရန္ကုန္တုိင္း ေဒသႀကီး၊ သဃၤန္းကြၽန္း၊ သု၀ဏၰလူငယ္ေလ့က်င့္ေရးစခန္းခြဲ၌ ျပဳလုပ္ခဲ့ေၾကာင္း သိရွိရသည္။

၂။အဆုိပါ ေဖ်ာ္ေျဖပြဲတြင္ အစီအစဥ္ ၁၀ ခုျဖင့္ေဆာင္ရြက္ခဲ့ၿပီး အစီအစဥ္ ၈ ပါ ၿငိမ္းခ်မ္းေရးသ႐ုပ္ေဖာ္ကကြက္ အားေဖ်ာ္ေျဖရာ၌ စစ္စိမ္းေရာင္ယူနီေဖာင္း(လက္ေမာင္း တံဆိပ္၊ အဆင့္တံဆိပ္မပါ) ၁၅ ဦးသည္ တပ္မေတာ္အျဖစ္လည္းေကာင္း၊ ေပ်ာက္က်ား ယူနီေဖာင္း၀တ္ဆင္ထားသည့္ ၁၅ ဦးသည္ တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္း အျဖစ္လည္းေကာင္း လက္နက္မ်ားကိုယ္စီကိုင္ေဆာင္၍ သ႐ုပ္ေဖာ္ထားေၾကာင္း ေတြ႕ရွိရ ပါသည္။ ၎သ႐ုပ္ေဖာ္ကကြက္တြင္ တပ္မေတာ္အျဖစ္ သ႐ုပ္ေဆာင္ထားသည့္ စစ္စိမ္းေရာင္ ယူနီေဖာင္း၀တ္စားဆင္ယင္မႈသည္ တပ္မေတာ္၏ခြင့္ျပဳခ်က္ရယူမႈမရွိသည့္အျပင္ တပ္မေတာ္မွ သတ္မွတ္ ထားေသာ စစ္၀တ္တန္ဆာစည္းမ်ဥ္းႏွင့္ ကိုက္ညီမႈမရွိျခင္း၊ ပြဲအခမ္းအနား တင္ဆက္ႏုိင္သည့္ အရည္အေသြး ႏွင့္ ကိုက္ညီမႈမရွိသည့္၀တ္စုံမ်ားကို ၀တ္ဆင္ထားျခင္း၊ ကိုင္ေဆာင္သည့္လက္နက္မ်ားသည္လည္း တပ္မေတာ္ မွ လက္ရွိတပ္ဆင္ကုိင္ေဆာင္ထားသည့္ လက္နက္ငယ္မ်ားမဟုတ္ျခင္းစသည့္အခ်က္မ်ားေၾကာင့္ တပ္မေတာ္ ၏ပုံရိပ္အား ႏုိင္ငံတကာမ်က္ႏွာစာႏွင့္ ျပည္သူတစ္ရပ္လုံး၏ ျမင္ကြင္း၌ ဆုိးရြားစြာ ထိခိုက္ေစ ေၾကာင္း ေတြ႕ရွိရပါသည္။

၃။အဆုိပါ အခမ္းအနားအစီအစဥ္ ၇ ၌ အခမ္းအနားက်င္းပေရးလုပ္ငန္း ေကာ္မတီ၀င္ ဦးမင္းကိုႏုိင္က “လက္နက္ကိုင္အဖြဲ႕အစည္းအသီးသီးမွာ ကေလးစစ္သားမ်ား အျဖစ္ေတြ႕ျမင္ေနရျခင္းေၾကာင့္ အဲဒီကေလး စစ္သားမ်ားက တကၠသုိလ္တြင္ ဆုံၾကမည့္ အရြယ္မ်ားျဖစ္ေနေၾကာင္း” စသည္ျဖင့္ ကေလးစစ္သားမ်ား အသုံးျပဳျခင္းႏွင့္ပတ္သက္ၿပီး ေျပာၾကားခဲ့ေၾကာင္းေတြ႕ရွိရပါသည္။ ထုိသုိ႔ “လက္နက္ကိုင္အဖြဲ႕အစည္း အသီးအသီး” ဟု သုံးႏႈန္းေျပာၾကားျခင္းသည္ တပ္မေတာ္ကပါ ပါ၀င္သည့္ သေဘာသက္ေရာက္ေနပါသည္။ ျမန္မာ့တပ္မေတာ္သည္ ၂၀၁၂ ခုႏွစ္မွစတင္၍ အရြယ္မေရာက္ေသးသူ ကေလးသူငယ္မ်ား စစ္မႈထမ္း ေဆာင္ျခင္းမွ ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ေရးလုပ္ငန္းစဥ္ကို ကုလသမဂၢႏွင့္ ႏုိင္ငံတကာအဖြဲ႕အစည္း မ်ားျဖင့္ ပူးေပါင္းလ်က္ႀကိဳးပမ္းအေကာင္ အထည္ေဖာ္ေဆာင္ရြက္ခ့ဲပါသည္။ ထုိသို႔ေဆာင္ရြက္ခ်က္မ်ားေၾကာင့္ အေမရိကန္ႏုိင္ငံ၏ လူကုန္ကူးမႈ တုိက္ဖ်က္ေရးအစီရင္ခံစာ (Tier) အစီအစဥ္ အရ ကေလးသူငယ္အခြင့္အေရး ခ်ိဳးေဖာက္သူစာရင္းမွ ပယ္ဖ်က္ေပးျခင္းျဖင့္ ေကာင္းမြန္ေသာရလာဒ္မ်ားႏွင့္အတူ ကုလသမဂၢ၏ ကေလး စစ္သားအသုံးျပဳသူႏုိင္ငံစာရင္းမွ ပယ္ဖ်က္ႏိုင္ေရးအတြက္ အၿပီးသတ္ေဆာင္ရြက္ ႏုိင္ေတာ့မည့္အခ်ိန္တြင္ ယခုကဲ့သုိ႔ေျပာဆုိျခင္းသည္ ဦးမင္းကုိႏုိင္အေနျဖင့္ ႏုိင္ငံေတာ္ အစုိးရႏွင့္ တပ္မေတာ္က ကေလးသူငယ္မ်ား စစ္မႈထမ္းေဆာင္ျခင္းမွ ထိန္းသိမ္း ကာကြယ္ေစာင့္ေရွာက္ေရးလုပ္ငန္းစဥ္ဆိုင္ရာ ႀကိဳးပမ္းအေကာင္အထည္ ေဖာ္ေဆာင္ရြက္ေနမႈမ်ားႏွင့္ တုိးတက္မႈအေျခအေနမ်ားအေပၚ မ်က္ေျခမျပတ္သိရွိမႈမရွိေၾကာင္း ထင္ရွားေစ သည့္အျပင္ ႏုိင္ငံေတာ္အစုိးရႏွင့္ တပ္မေတာ္တုိ႔၏ ႀကိဳးပမ္းေဆာင္ရြက္မႈမ်ား ကိုလည္း လစ္လ်ဴ႐ႈရာ ေရာက္ေၾကာင္းေတြ႕ရွိရပါသည္။


၄။၎အျပင္ တပ္မေတာ္သည္ ၂၀၀၈ ခုႏွစ္၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၂၀ (င) ႏွင့္ ပုဒ္မ ၃၉၉ တို႔အရ ဒုိ႔တာ၀န္အေရးသုံးပါးကို ကာကြယ္ေစာင့္ေရွာက္ေရးႏွင့္ ႏိုင္ငံေတာ္အား ျပည္တြင္းျပည္ပအႏၲရာယ္မွ ကာကြယ္ေရးအတြက္ တပ္မေတာ္ကဦးေဆာင္ရမည္ဆုိသည့္ ဥပေဒျပဌာန္းခ်က္မ်ားႏွင့္အညီ ေဆာင္ရြက္လ်က္ ရွိပါသည္။ ၿငိမ္းခ်မ္းေရးသ႐ုပ္ေဖာ္အစီအစဥ္တြင္ စစ္စိမ္းေရာင္ယူနီေဖာင္း၀တ္ဆင္ထားသူမ်ားက ကေလးသူငယ္မ်ားကုိ ေသနတ္ခ်ိန္ရြယ္ထားေသာျပကြက္ကုိ ဖန္တီးသ႐ုပ္ေဖာ္ျခင္းကို ေတြ႕ရွိရပါသည္။ တပ္မေတာ္အေနျဖင့္ ျပည္သူလူထုအေပၚ လက္နက္ျဖင့္ၿခိမ္းေျခာက္ အႏိုင္က်င့္ျခင္း၊ အထိတ္တလန္႔ ျဖစ္ေစျခင္းစသည့္လုပ္ရပ္မ်ားကို လုပ္ေဆာင္ခဲ့ျခင္းမရွိသည့္အျပင္ အခ်ိဳ႕ေသာလက္နက္ကိုင္ အဖြဲ႕အစည္း မ်ား၏ နယ္ေျမေက်ာ္လြန္၀င္ေရာက္လႈပ္ရွားျခင္း၊ ျပည္သူလူထုထံမွ အဓမၼလူသစ္စုေဆာင္ၿပီး ဆက္ေၾကး ေကာက္ခံျခင္းစသည့္ လုပ္ရပ္မ်ားေၾကာင့္သာ တပ္မေတာ္စစ္ေၾကာင္းမ်ားက ၂၀၀၈ ခုႏွစ္၊ဖြဲ႕စည္းပုံအေျခခံ ဥပေဒပုဒ္မ ၃၉၉ အရ နယ္ေျမ၀င္ေရာက္ရွင္းလင္းစဥ္မ်ားတြင္သာ ထိေတြ႕မႈျဖစ္ေပၚ ေနျခင္းျဖစ္ပါသည္။ ယေန႔အခ်ိန္ထိလည္း တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (Nationwide Ceasefire Agreement-NCA) မေဆြးေႏြးမီကပင္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ား၏ အဓိကစခန္းဌာနခ်ဳပ္မ်ား တုိက္ခိုက္ျခင္းမျပဳဟူသည့္အခ်က္တုိ႔ကို တပ္မေတာ္က ယေန႔တုိင္ထိန္းသိမ္းထားလ်က္ရွိပါသည္။ တပ္မေတာ္ သည္ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ႏွင့္ ႏုိင္ငံေတာ္၏အခ်ဳပ္အျခာအာဏာ တည္တံ့ခုိင္ၿမဲေစရန္ ကာကြယ္ေရးတာ၀န္ကို ထမ္းေဆာင္လ်က္ရွိသည့္ တစ္ခုတည္းေသာ ျပည္ေထာင္စုတပ္မေတာ္ျဖစ္ပါသည္။ ထုိ႔ျပင္ သမုိင္းအဆက္ဆက္ႏုိင္ငံေတာ္ႏွင့္ႏုိင္ငံသားတုိ႔ အေပၚႀကဳံေတြ႕ခဲ့ရသည့္ ေဘးအႏၲရာယ္ အမ်ိဳးမ်ိဳးကုိ လည္း အသက္၊ ေသြး၊ ေခြၽး ေပးဆပ္ လ်က္ ကာကြယ္ေစာင့္ေရွာက္ခဲ့သည္မွာ အထင္အရွားပင္ျဖစ္ပါသည္။ လက္ရွိအေျခအေနတြင္လည္း ႏုိင္ငံေတာ္အစိုးရ၏ ဦးေဆာင္မႈႏွင့္အတူ ထာ၀ရၿငိမ္းခ်မ္းေရးရရွိေအာင္ ေဆာင္ရြက္လ်က္ရွိပါသည္။

၅။ထုိသို႔ၿငိမ္းခ်မ္းေရးရရွိေအာင္တည္ေဆာက္လ်က္ရွိရာတြင္ (NCA)ႏွင့္အညီ တုိင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားကို အတူတကြ ပူးေပါင္း ပါ၀င္ေစလ်က္ ႏုိင္ငံေရးျပႆနာ မ်ားကုိ လက္နက္ကိုင္စြဲမေျဖရွင္းဘဲ ႏုိင္ငံေရးစားပြဲ၀ုိင္းေပၚတြင္ ၿငိမ္းခ်မ္းစြာအေျဖရွာလ်က္ ႏုိင္ငံေရးယဥ္ေက်းမႈအသစ္အျဖစ္ ႏုိင္ငံေရးေဆြးေႏြးမႈ လုပ္ငန္းစဥ္မ်ားကိုလည္း အေကာင္အထည္ေဖာ္ေဆာင္ရြက္လ်က္ရွိၿပီး တပ္မေတာ္ႏွင့္ တုိင္းရင္းသား လက္နက္ကိုင္မ်ားအၾကား အျပန္အလွန္ယုံၾကည္မႈတည္ေဆာက္ေနသည့္အခ်ိန္လည္းျဖစ္ပါသည္။ ထုိသို႔ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးကို အဖက္ဖက္မွ ၀ုိင္း၀န္းႀကိဳးပမ္းအေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနခ်ိန္တြင္ ယခုကဲ့သို႔ သ႐ုပ္ေဖာ္ေဖ်ာ္ေျဖတင္ဆက္မႈသည္ တပ္မေတာ္အေပၚ ႏုိင္ငံတကာႏွင့္ ျပည္သူလူထုက အထင္အျမင္လြဲမွားေစႏုိင္သည့္အျပင္ သမုိင္္းအစဥ္အလာ ႀကီးမားေသာ တပ္မေတာ္၏ ဂုဏ္သိကၡာ ကိုလည္းေကာင္း၊ (NCA)၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ား အေကာင္အထည္ေဖာ္မႈကိုလည္းေကာင္း၊ ေခတ္အဆက္ဆက္ၿငိမ္းခ်မ္းေရးကုိ ႀကိဳးပမ္းအေကာင္အထည္ေဖာ္ေဆာင္ရြက္ခဲ့ၾကသူမ်ားကုိလည္းေကာင္း မ်ားစြာထိခိုက္ နစ္နာေစပါသည္။

၆။ထုိ႔ျပင္ သ႐ုပ္ေဖာ္ျပကြက္၌ ျပည္သူမ်ားအျဖစ္ သ႐ုပ္ေဆာင္ထားသည့္ လူပုဂၢိဳလ္မ်ား ကလည္း အထိတ္တလန္႔ထြက္ေျပးေနသည့္ ျပကြက္မ်ားလည္း ပါရွိေၾကာင္းေတြ႕ရွိရပါသည္။ တပ္မေတာ္အေနျဖင့္ ၿငိမ္းခ်မ္းေရးမူ၀ါဒ ၆ ရပ္အား ခ်မွတ္ၿပီး ထာ၀ရၿငိမ္းခ်မ္းေရး ရရွိရန္ ႏုိင္ငံေတာ္အစိုးရ၏ ဦးေဆာင္မႈျဖင့္ ၂၀၁၁ ခုႏွစ္မွ စတင္၍ ေဆာင္ရြက္ခဲ့သည့္ (NCA) စာခ်ဳပ္အား ၂၀၁၅ ခုႏွစ္၊ ေအာက္တုိဘာ ၁၅ ရက္တြင္ တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္း ၈ ဖြဲ႕ျဖင့္ လက္မွတ္ေရးထုိးခ်ဳပ္ဆုိႏုိင္ခဲ့ၿပီး က်န္လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားျဖင့္ လက္မွတ္ေရးထုိးႏုိင္ေရး ဆက္လက္ၫႇိႏႈိင္းေဆြးေႏြးေဆာင္ရြက္ဆဲျဖစ္ပါသည္။ အဆုိပါ ျပကြက္အေနျဖင့္ (NCA) လက္မွတ္ေရးထုိးရန္ေဆာင္ရြက္ဆဲျဖစ္ေသာ အဖြဲ႕အစည္းမ်ား ႏွင့္လည္း တစ္ဖက္ႏွင့္ တစ္ဖက္အထင္အျမင္လြဲမွားမႈကို ျဖစ္ေပၚေစသလို တပ္မေတာ္ႏွင့္ (NCA)စာခ်ဳပ္လက္မွတ္ေရးထုိးၿပီးေသာ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား အေနျဖင့္ (NCA) စာခ်ဳပ္၊ အပုိဒ္(၉)ပါ အရပ္သားမ်ားကို အကာအကြယ္ေပးျခင္းဆုိင္ရာ လိုက္နာေဆာင္ရြက္ရမည့္ အခ်က္မ်ားကိုလည္းေကာင္း၊ တပ္မေတာ္၏ ၿငိမ္းခ်မ္းေရးမူ၀ါဒ ၆ ရပ္၊ အခ်က္(၄)ပါ ေဒသခံျပည္သူအေပၚ ၀န္ထုပ္၀န္ပုိးမျဖစ္ေစရန္ဆုိသည့္အခ်က္ကုိ လည္းေကာင္း ခ်ိဳးေဖာက္သည့္သေဘာသက္ေရာက္ေနၿပီး တပ္မေတာ္ႏွင့္ (NCA) စာခ်ဳပ္တုိ႔၏ ပုံရိပ္၊ အခ်ိဳ႕ေသာ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းတုိ႔၏ ပုံရိပ္တုိ႔ကို မ်ားစြာထိခိုက္ေစပါသည္။

၇။သို႔ျဖစ္ပါ၍ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ-(၂၁)ရာစုပင္လံု ႀကိဳဆုိေထာက္ခံ သည့္အေနျဖင့္ ၿငိမ္းခ်မ္းေရး သ႐ုပ္ေဖာ္ေဖ်ာ္ေျဖတင္ဆက္ပြဲ၊ ေတးဂီတေဖ်ာ္ေျဖပြဲႏွင့္ ခ်စ္ၾကည္ေရးေဘာလုံးပြဲတုိ႔ကို ျပဳလုပ္ျခင္း၏ ရည္ရြယ္ခ်က္ႏွင့္ အျခားအစီအစဥ္မ်ားသည္ အျပဳသေဘာေဆာင္သည့္ ေဖ်ာ္ေျဖမႈမ်ားျဖစ္ေသာ္လည္း အစီအစဥ္ ၇ ပါ အခမ္းအနား က်င္းပေရးလုပ္ငန္းေကာ္မတီ၀င္ ဦးမင္းကိုႏုိင္၏ ကေလးစစ္သားမ်ား အသုံးျပဳျခင္းဆုိင္ရာ ေျပာၾကားခ်က္သည္လည္းေကာင္း၊ အစီအစဥ္ ၈ ပါ ၿငိမ္းခ်မ္းေရး သ႐ုပ္ေဖာ္ျပသမႈသည္ လည္းေကာင္း ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ႏုိင္ငံေတာ္အစုိးရ၏ ဦးေဆာင္မႈျဖင့္ တပ္မေတာ္ႏွင့္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၏ ႀကိဳးပမ္းေဆာင္ရြက္ေနမႈမ်ားကို ထိခိုက္ေႏွာင့္ေႏွးေစႏုိင္ျခင္း၊ သမိုင္းအစဥ္အလာရွိခဲ့သည့္ တပ္မေတာ္၏ ဂုဏ္သိကၡာႏွင့္ ပုံရိပ္မ်ားကိုလည္း မ်ားစြာထိခုိက္နစ္နာေစျခင္းတုိ႔ေၾကာင့္ အဆိုပါၿငိမ္းခ်မ္းေရး သ႐ုပ္ေဖာ္ျပကြက္အစီအစဥ္အား စီစဥ္တင္ဆက္သည့္ တာ၀န္ရွိသူပုဂၢိဳလ္မ်ားအားလုံး အျပင္ ကေလးစစ္သားသုံးစြဲမႈႏွင့္ပတ္သက္၍ မွားယြင္းစြာမသိနားမလည္ဘဲ ေျပာၾကားခဲ့သည့္ ဦးမင္းကိုႏုိင္ တို႔အား တပ္မေတာ္အေနျဖင့္ ျပင္းထန္စြာကန္႔ကြက္႐ႈတ္ခ်ပါေၾကာင္း သတင္းထုတ္ျပန္အပ္ပါသည္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕

(Unicode Version)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကြိုဆိုထောက်ခံသည့်အနေဖြင့် ငြိမ်းချမ်းရေး သရုပ်ဖော် ဖျော်ဖြေတင်ဆက်ပွဲ၊ တေးဂီတဖျော်ဖြေပွဲနှင့် ချစ်ကြည်ရေးဘောလုံးပွဲတို့၌ ပြောကြားချက်နှင့် ငြိမ်းချမ်းရေး သရုပ်ဖော် ဖျော်ဖြေမှုတို့နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ဇန်နဝါရီ - ၂၈

၁။ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကြိုဆိုထောက်ခံသည့်အနေဖြင့် ငြိမ်းချမ်းရေး သရုပ်ဖော် ဖျော်ဖြေတင်ဆက်ပွဲ၊ တေးဂီတဖျော်ဖြေပွဲနှင့် ချစ်ကြည်ရေးဘောလုံးပွဲ တို့ကို ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဦးမင်းကိုနိုင်၊ ဦးဂျင်မီ (ခ)ကျော်မင်းယု၊ စောဖိုးခွားတို့ဦးစီး၍ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်း၊ သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစခန်းခွဲ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

၂။အဆိုပါ ဖျော်ဖြေပွဲတွင် အစီအစဉ် ၁၀ ခုဖြင့်ဆောင်ရွက်ခဲ့ပြီး အစီအစဉ် ၈ ပါ ငြိမ်းချမ်းရေးသရုပ်ဖော်ကကွက် အားဖျော်ဖြေရာ၌ စစ်စိမ်းရောင်ယူနီဖောင်း(လက်မောင်း တံဆိပ်၊ အဆင့်တံဆိပ်မပါ) ၁၅ ဦးသည် တပ်မတော်အဖြစ်လည်းကောင်း၊ ပျောက်ကျား ယူနီဖောင်းဝတ်ဆင်ထားသည့် ၁၅ ဦးသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အဖြစ်လည်းကောင်း လက်နက်များကိုယ်စီကိုင်ဆောင်၍ သရုပ်ဖော်ထားကြောင်း တွေ့ရှိရ ပါသည်။ ၎င်းသရုပ်ဖော်ကကွက်တွင် တပ်မတော်အဖြစ် သရုပ်ဆောင်ထားသည့် စစ်စိမ်းရောင် ယူနီဖောင်းဝတ်စားဆင်ယင်မှုသည် တပ်မတော်၏ခွင့်ပြုချက်ရယူမှုမရှိသည့်အပြင် တပ်မတော်မှ သတ်မှတ် ထားသော စစ်ဝတ်တန်ဆာစည်းမျဉ်းနှင့် ကိုက်ညီမှုမရှိခြင်း၊ ပွဲအခမ်းအနား တင်ဆက်နိုင်သည့် အရည်အသွေး နှင့် ကိုက်ညီမှုမရှိသည့်ဝတ်စုံများကို ဝတ်ဆင်ထားခြင်း၊ ကိုင်ဆောင်သည့်လက်နက်များသည်လည်း တပ်မတော် မှ လက်ရှိတပ်ဆင်ကိုင်ဆောင်ထားသည့် လက်နက်ငယ်များမဟုတ်ခြင်းစသည့်အချက်များကြောင့် တပ်မတော် ၏ပုံရိပ်အား နိုင်ငံတကာမျက်နှာစာနှင့် ပြည်သူတစ်ရပ်လုံး၏ မြင်ကွင်း၌ ဆိုးရွားစွာ ထိခိုက်စေ ကြောင်း တွေ့ရှိရပါသည်။

၃။အဆိုပါ အခမ်းအနားအစီအစဉ် ၇ ၌ အခမ်းအနားကျင်းပရေးလုပ်ငန်း ကော်မတီဝင် ဦးမင်းကိုနိုင်က “လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှာ ကလေးစစ်သားများ အဖြစ်တွေ့မြင်နေရခြင်းကြောင့် အဲဒီကလေး စစ်သားများက တက္ကသိုလ်တွင် ဆုံကြမည့် အရွယ်များဖြစ်နေကြောင်း” စသည်ဖြင့် ကလေးစစ်သားများ အသုံးပြုခြင်းနှင့်ပတ်သက်ပြီး ပြောကြားခဲ့ကြောင်းတွေ့ရှိရပါသည်။ ထိုသို့ “လက်နက်ကိုင်အဖွဲ့အစည်း အသီးအသီး” ဟု သုံးနှုန်းပြောကြားခြင်းသည် တပ်မတော်ကပါ ပါဝင်သည့် သဘောသက်ရောက်နေပါသည်။ မြန်မာ့တပ်မတော်သည် ၂၀၁၂ ခုနှစ်မှစတင်၍ အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်း ဆောင်ခြင်းမှ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်ကို ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်း များဖြင့် ပူးပေါင်းလျက်ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ချက်များကြောင့် အမေရိကန်နိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးအစီရင်ခံစာ (Tier) အစီအစဉ် အရ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်သူစာရင်းမှ ပယ်ဖျက်ပေးခြင်းဖြင့် ကောင်းမွန်သောရလာဒ်များနှင့်အတူ ကုလသမဂ္ဂ၏ ကလေး စစ်သားအသုံးပြုသူနိုင်ငံစာရင်းမှ ပယ်ဖျက်နိုင်ရေးအတွက် အပြီးသတ်ဆောင်ရွက် နိုင်တော့မည့်အချိန်တွင် ယခုကဲ့သို့ပြောဆိုခြင်းသည် ဦးမင်းကိုနိုင်အနေဖြင့် နိုင်ငံတော် အစိုးရနှင့် တပ်မတော်က ကလေးသူငယ်များ စစ်မှုထမ်းဆောင်ခြင်းမှ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်ဆိုင်ရာ ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်နေမှုများနှင့် တိုးတက်မှုအခြေအနေများအပေါ် မျက်ခြေမပြတ်သိရှိမှုမရှိကြောင်း ထင်ရှားစေ သည့်အပြင် နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့၏ ကြိုးပမ်းဆောင်ရွက်မှုများ ကိုလည်း လစ်လျူရှုရာ ရောက်ကြောင်းတွေ့ရှိရပါသည်။


၄။၎င်းအပြင် တပ်မတော်သည် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀ (င) နှင့် ပုဒ်မ ၃၉၉ တို့အရ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရေးနှင့် နိုင်ငံတော်အား ပြည်တွင်းပြည်ပအန္တရာယ်မှ ကာကွယ်ရေးအတွက် တပ်မတော်ကဦးဆောင်ရမည်ဆိုသည့် ဥပဒေပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက် ရှိပါသည်။ ငြိမ်းချမ်းရေးသရုပ်ဖော်အစီအစဉ်တွင် စစ်စိမ်းရောင်ယူနီဖောင်းဝတ်ဆင်ထားသူများက ကလေးသူငယ်များကို သေနတ်ချိန်ရွယ်ထားသောပြကွက်ကို ဖန်တီးသရုပ်ဖော်ခြင်းကို တွေ့ရှိရပါသည်။ တပ်မတော်အနေဖြင့် ပြည်သူလူထုအပေါ် လက်နက်ဖြင့်ခြိမ်းခြောက် အနိုင်ကျင့်ခြင်း၊ အထိတ်တလန့် ဖြစ်စေခြင်းစသည့်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ခြင်းမရှိသည့်အပြင် အချို့သောလက်နက်ကိုင် အဖွဲ့အစည်း များ၏ နယ်မြေကျော်လွန်ဝင်ရောက်လှုပ်ရှားခြင်း၊ ပြည်သူလူထုထံမှ အဓမ္မလူသစ်စုဆောင်ပြီး ဆက်ကြေး ကောက်ခံခြင်းစသည့် လုပ်ရပ်များကြောင့်သာ တပ်မတော်စစ်ကြောင်းများက ၂၀၀၈ ခုနှစ်၊ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၉၉ အရ နယ်မြေဝင်ရောက်ရှင်းလင်းစဉ်များတွင်သာ ထိတွေ့မှုဖြစ်ပေါ် နေခြင်းဖြစ်ပါသည်။ ယနေ့အချိန်ထိလည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) မဆွေးနွေးမီကပင် လက်နက်ကိုင်အဖွဲ့အစည်းများ၏ အဓိကစခန်းဌာနချုပ်များ တိုက်ခိုက်ခြင်းမပြုဟူသည့်အချက်တို့ကို တပ်မတော်က ယနေ့တိုင်ထိန်းသိမ်းထားလျက်ရှိပါသည်။ တပ်မတော် သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် နိုင်ငံတော်၏အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေရန် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်လျက်ရှိသည့် တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော်ဖြစ်ပါသည်။ ထို့ပြင် သမိုင်းအဆက်ဆက်နိုင်ငံတော်နှင့်နိုင်ငံသားတို့ အပေါ်ကြုံတွေ့ခဲ့ရသည့် ဘေးအန္တရာယ် အမျိုးမျိုးကို လည်း အသက်၊ သွေး၊ ချွေး ပေးဆပ် လျက် ကာကွယ်စောင့်ရှောက်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်ပါသည်။ လက်ရှိအခြေအနေတွင်လည်း နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်လျက်ရှိပါသည်။

၅။ထိုသို့ငြိမ်းချမ်းရေးရရှိအောင်တည်ဆောက်လျက်ရှိရာတွင် (NCA)နှင့်အညီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို အတူတကွ ပူးပေါင်း ပါဝင်စေလျက် နိုင်ငံရေးပြဿနာ များကို လက်နက်ကိုင်စွဲမဖြေရှင်းဘဲ နိုင်ငံရေးစားပွဲဝိုင်းပေါ်တွင် ငြိမ်းချမ်းစွာအဖြေရှာလျက် နိုင်ငံရေးယဉ်ကျေးမှုအသစ်အဖြစ် နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်များကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား အပြန်အလှန်ယုံကြည်မှုတည်ဆောက်နေသည့်အချိန်လည်းဖြစ်ပါသည်။ ထိုသို့ ပြည်ထောင်စုငြိမ်းချမ်းရေးကို အဖက်ဖက်မှ ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ သရုပ်ဖော်ဖျော်ဖြေတင်ဆက်မှုသည် တပ်မတော်အပေါ် နိုင်ငံတကာနှင့် ပြည်သူလူထုက အထင်အမြင်လွဲမှားစေနိုင်သည့်အပြင် သမိုင်းအစဉ်အလာ ကြီးမားသော တပ်မတော်၏ ဂုဏ်သိက္ခာ ကိုလည်းကောင်း၊ (NCA)၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှုကိုလည်းကောင်း၊ ခေတ်အဆက်ဆက်ငြိမ်းချမ်းရေးကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသူများကိုလည်းကောင်း များစွာထိခိုက် နစ်နာစေပါသည်။

၆။ထို့ပြင် သရုပ်ဖော်ပြကွက်၌ ပြည်သူများအဖြစ် သရုပ်ဆောင်ထားသည့် လူပုဂ္ဂိုလ်များ ကလည်း အထိတ်တလန့်ထွက်ပြေးနေသည့် ပြကွက်များလည်း ပါရှိကြောင်းတွေ့ရှိရပါသည်။ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်အား ချမှတ်ပြီး ထာဝရငြိမ်းချမ်းရေး ရရှိရန် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ၂၀၁၁ ခုနှစ်မှ စတင်၍ ဆောင်ရွက်ခဲ့သည့် (NCA) စာချုပ်အား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့ဖြင့် လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ့ပြီး ကျန်လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ဆဲဖြစ်ပါသည်။ အဆိုပါ ပြကွက်အနေဖြင့် (NCA) လက်မှတ်ရေးထိုးရန်ဆောင်ရွက်ဆဲဖြစ်သော အဖွဲ့အစည်းများ နှင့်လည်း တစ်ဖက်နှင့် တစ်ဖက်အထင်အမြင်လွဲမှားမှုကို ဖြစ်ပေါ်စေသလို တပ်မတော်နှင့် (NCA)စာချုပ်လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် (NCA) စာချုပ်၊ အပိုဒ်(၉)ပါ အရပ်သားများကို အကာအကွယ်ပေးခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်၊ အချက်(၄)ပါ ဒေသခံပြည်သူအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်ဆိုသည့်အချက်ကို လည်းကောင်း ချိုးဖောက်သည့်သဘောသက်ရောက်နေပြီး တပ်မတော်နှင့် (NCA) စာချုပ်တို့၏ ပုံရိပ်၊ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့၏ ပုံရိပ်တို့ကို များစွာထိခိုက်စေပါသည်။

၇။သို့ဖြစ်ပါ၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကြိုဆိုထောက်ခံ သည့်အနေဖြင့် ငြိမ်းချမ်းရေး သရုပ်ဖော်ဖျော်ဖြေတင်ဆက်ပွဲ၊ တေးဂီတဖျော်ဖြေပွဲနှင့် ချစ်ကြည်ရေးဘောလုံးပွဲတို့ကို ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်နှင့် အခြားအစီအစဉ်များသည် အပြုသဘောဆောင်သည့် ဖျော်ဖြေမှုများဖြစ်သော်လည်း အစီအစဉ် ၇ ပါ အခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီဝင် ဦးမင်းကိုနိုင်၏ ကလေးစစ်သားများ အသုံးပြုခြင်းဆိုင်ရာ ပြောကြားချက်သည်လည်းကောင်း၊ အစီအစဉ် ၈ ပါ ငြိမ်းချမ်းရေး သရုပ်ဖော်ပြသမှုသည် လည်းကောင်း ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကြိုးပမ်းဆောင်ရွက်နေမှုများကို ထိခိုက်နှောင့်နှေးစေနိုင်ခြင်း၊ သမိုင်းအစဉ်အလာရှိခဲ့သည့် တပ်မတော်၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်များကိုလည်း များစွာထိခိုက်နစ်နာစေခြင်းတို့ကြောင့် အဆိုပါငြိမ်းချမ်းရေး သရုပ်ဖော်ပြကွက်အစီအစဉ်အား စီစဉ်တင်ဆက်သည့် တာဝန်ရှိသူပုဂ္ဂိုလ်များအားလုံး အပြင် ကလေးစစ်သားသုံးစွဲမှုနှင့်ပတ်သက်၍ မှားယွင်းစွာမသိနားမလည်ဘဲ ပြောကြားခဲ့သည့် ဦးမင်းကိုနိုင် တို့အား တပ်မတော်အနေဖြင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

No comments:

Post a Comment