Latest News

Friday, January 19, 2018

မန်ယူသို့ပြန်လာရန်တိုက်စစ်ကစားသမားရော်နယ်ဒိုရည်ရွယ်ထား

မန်ယူသို့ပြန်လာရန်တိုက်စစ်ကစားသမားရော်နယ်ဒိုရည်ရွယ်ထား

ရီးရဲမက်ဒရစ်အသင်း  တိုက်စစ်ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုသည်   သူ၏ အသင်းဟောင်းဖြစ်သည့်   မန်ယူ အသင်းသို့  ပြန်လည်ပြောင်းရွှေ့ ရန်  လိုလားလျက်ရှိကြောင်း သတင်းများ  ထွက်ပေါ်လာသည်။   တိုက်စစ်ကစားသမား ရော်နယ်ဒိုအနေဖြင့် ရီးရဲမက်ဒရစ်အသင်းသည် မိမိနှင့် စာချုပ် သစ်ချုပ်ဆိုရေး စီစဉ်နေမှုများတွင် မိမိအပေါ် လိမ်ညာမှုများ ရှိနေသည်ဟု ခံစားနေရကြောင်း သတင်းများတွင် ဆက်လက် ရေးသားထားသည်။
ရော်နယ်ဒိုသည် မန်ယူအသင်းသို့ ပြန်လည်ပြောင်းရွှေ့ ရန် ဆန္ဒရှိနေသည်ဟု  သူ၏  မိတ်ဆွေများကို ဖွင့်ဟပြော ဆိုခဲ့ခြင်းဖြစ်ကြောင်း  စပိန်သတင်းစာ  ဗှ  က  ရေးသား ဖော်ပြခဲ့ခြင်းဖြစ်သည်။
ပေါ်တူဂီလက်ရွေးစင်အသင်း  ကပ္ပတိန်   ရော်နယ်ဒို (၃၂နှစ်) သည် ၂ဝဝ၃ ခုနှစ်မှ ၂ဝဝ၉  ခုနှစ်အထိ  မန်ယူ အသင်းတွင် ပါဝင်ကစားခဲ့သူဖြစ်ပြီး မန်ယူအသင်းနှင့်အတူ ပရီမီယာလိဂ် ချန်ပီယံဆုဖလား သုံးကြိမ်၊ ချန်ပီယံလိဂ်ဆု ဖလားတစ်ကြိမ်အပါအဝင်  ဆုဖလားပေါင်း  ကိုးလုံး ရရှိခဲ့သူ ဖြစ်သည်။

ရီးရဲမက်ဒရစ်အသင်း  ဥက္ကဋ္ဌ  ဖလော်ရင်တီနို ပီရက်ဇ်သည် ရော်နယ်ဒိုအား စာချုပ်သစ် ချုပ်ဆို သွားရန် ရည်ရွယ်ထားသော်လည်း ရော်နယ်ဒို ကမူ  စာချုပ်သစ်ချုပ်ဆိုရေးအတွက်     မိမိ အား  ရီးရဲအသင်းက ပေးထားသည့် ကတိ များကို အသင်းတာဝန်ရှိသူများ မေ့လျော့ ထားကြသည်ဟု ယူဆနေသည်ဟု ဆို သည်။ ရီးရဲအသင်းသည် ရော်နယ်ဒိုနှင့် စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်နေမှု၌ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာအတွင်း ရီးရဲအသင်းနှင့် ၂ဝ၂၁    ခုနှစ်အထိ  ချုပ်ဆိုခဲ့သော စာချုပ်သစ်ပါ အချက်အလက်များကို ပြောင်းလဲခြင်း  မပြုဘဲ  ချုပ်ဆိုသွားရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ရီးရဲအသင်းက ပြီးခဲ့သည့် နွေရာသီအတွင်း ပြင်သစ်လူငယ် တိုက်စစ် မှူး အမ်ဘတ်ပီအား ခေါ်ယူရန် ကြိုးစား ခဲ့ပြီး    လက်ရှိအချိန်တွင်လည်း     ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာအား ခေါ်ယူရန် ကြိုးစား နေမှုများ ကြောင့် ရော်နယ်ဒိုနှင့် ရီးရဲအသင်းတို့အကြား ဆက်ဆံရေး အခြေအနေ ဆိုးရွားလျက်ရှိသည်ဟုဆိုသည်။
မန်ယူအသင်းအနေဖြင့်လည်း အသင်း၏ အဓိက ကစားသမားတစ်ဦးအဖြစ်  ရပ်တည်ခဲ့သူ  ရော်နယ်ဒိုအား ပြန်လည်ခေါ်ယူသွားရန် လိုလားမှုများ ရှိနေသည်။မြန်​မာ့အလင်း

No comments:

Post a Comment