Latest News

Friday, January 19, 2018

စပါးအသင်းကိုစွန့်ခွာနိုင်တဲ့ ဟယ်ရီကိန်းရဲ့အကြောင်းအရာများ

စပါးအသင်းကိုစွန့်ခွာနိုင်တဲ့ ဟယ်ရီကိန်းရဲ့အကြောင်းအရာများ

စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းအတွက် ၂ဝ၁၇ ကလည်း အကောင်းဆုံးဖြစ်ခဲ့တယ်။ ပြက္ခဒိန်တစ် နှစ်အတွင်း ဂိုးတွေသွင်းယူပြီး အလန်ရှီးယား ရားရဲ့  စံချိန်ကို  ဖြတ်ကျော်နိုင်ခဲ့တယ်။  ဒါ့ အပြင်  ပြီးခဲ့တဲ့အပတ်ကပဲ   ဂိုးတွေထပ်မံ သွင်းယူပြီး   စပါးအသင်းရဲ့   ထာဝရဂိုးသွင်း အများဆုံးကစားသမားအဖြစ်  စံချိန်တင်ထား တဲ့  ရှာရင်ဂမ်ရဲ့   ၉၇  ဂိုးစံချိန်ကို  ဖြတ်ကျော်ပြီး လက်ရှိအချိန်မှာအသင်းအတွက် ပရီမီယာလိဂ်မှာ ၉၈ ဂိုးသွင်းယူထားပြီးလည်း ဖြစ်တယ်။ လက်ရှိခြေစွမ်းတွေ အရ ဟယ်ရီကိန်းဟာ  က္ဘာ့အကောင်းဆုံး တိုက်စစ်မှူး အဖြစ် ရပ်တည်နေတာကတော့  သေချာလွန်းတယ်။   သူ့ရဲ့ ခြေစွမ်းတွေက  မက်ဆီ၊  ရော်နယ်ဒိုတို့နဲ့  ပျက်ကျန်မနေဘူး ဆိုတာက သေချာတယ်။  ဒါပေမယ့်  အခုချိန်အထိတော့ ဆု ဖလားကိုင်မြောက်နိုင်ခြင်း မရှိသေးဘူး။ ဒါကြောင့်လည်း သူ့လိုကစားသမားတစ်ဦးက အသင်းကို စွန့်ခွာဖို့ရှိတယ် ဆိုတာကတော့ အနှေးနဲ့အမြန် ဖြစ်လာမယ့် ကိစ္စတစ်ခု လည်း ဖြစ်တယ်။ ဖြစ်လာနိုင်စရာ အကြောင်းတရားတွေက လည်း ရှိနေတယ်လို့ ပြောရမှာပါ။

ဆုဖလားကင်းမဲ့မှု
ကစားသမားတစ်ဦးအတွက်တော့ ဆုဖလားဟာ အသက် လို့ပြောရမယ်။ ဟယ်ရီကိန်းကလည်း ကစားသမားတစ်ဦးဖြစ် တာကြောင့် ဆုဖလားကို ရချင်တာကတော့သေချာတယ်။ သူ့လို ကစားသမားမျိုးက ရာသီတိုင်းဆုဖလားတွေ ရသင့်တယ်လို့ ပြောရမယ်။ ဒါပေမယ့်သူဟာ အသင်းနဲ့အတူ စံချိန်တင်ဂိုးတွေ သွင်းယူပေးနေပေမယ့် ဆုဖလားဆိုတာက ဗလာနတ္ထိလို့ပြောရ မယ်။ ကံမကောင်းစွာဘဲ ဒီနှစ်ရာသီမှာလည်း ဟယ်ရီကိန်းအတွက် ဆုဖလားဆိုတာက  မဖြစ်နိုင်သေးဘူး။  လိဂ်ဖလားကလည်း စောစီးစွာထွက်ခဲ့ရသလို  ပရီမီယာလိဂ်မှာဆိုရင်လည်း မန်စီးတီး အသင်းနဲ့ ရမှတ်ကွာခြားမှုက အလွန်ကို ကွာဟနေသေးတယ်။ လက်ရှိအချိန်မှာ    စပါးအသင်းအနေနဲ့   မျှော်လင့်တာက အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလားလို့ ပြောရမယ်။
ချန်ပီယံလိဂ်မှာတော့ စပါးအသင်းရဲ့ခြေစွမ်းတွေက အံ့သြ လေးစားစရာကောင်းခဲ့တယ်။   ရီးရဲမက်ဒရစ်၊  ဒေါ့မွန်တို့လို ထိပ်တန်းအသင်းကြီးတွေနဲ့  တစ်အုပ်စုတည်း   ကျခဲ့ပေမယ့် အုပ်စုထိပ်ဆုံးမှာ ရပ်တည်ပြီး ရှုံးထွက်အဆင့်ကို တက်ခဲ့တယ်။ စပါးအသင်းအနေနဲ့     ချန်ပီယံလိဂ်မှာ    အောင်မြင်မှုရနိုင် ဖို့ရှိတယ်လို ပြောဆိုမှုတွေရှိနေပေမယ့် စဉ်းစားစရာကောင်းတဲ့ အချက်တွေကလည်း  အများကြီးရှိတယ်။  စပါးအသင်းဟာ ယခင်က   အုပ်စုအဆင့်တွေနဲ့သာ  ကျေနပ်ခဲ့ရတဲ့အသင်းဖြစ် တယ်။    အခုတော့   စပါးအသင်းဟာ  ရှုံးထွက်အဆင့်မှာ ဂျူဗင်တပ်စ်အသင်းနဲ့  ရင်ဆိုင်ရတော့မယ်။
အခြားတစ်ဖက်ကိုကြည့်ရင်လည်း အက်ဖ်အေဆုဖလား ပြိုင်ပွဲလည်း ရှိနေပါသေးတယ်။ စပါးအတွက်က  အက်ဖ်အေ ဆုဖလားဟာ ချန်ပီယံလိဂ်ဆုဖလားထက်တော့ ပိုမိုလွယ်ကူ တယ်လို့  ပြောနိုင်ပါတယ်။  ဒါပေမယ့်   စပါးအသင်းရဲ့ အဓိက အခက်အခဲက အင်္ဂလန်ပြိုင်ဘက်အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး၊ လီဗာပူး၊ မန်ချက်စတာ နှစ်သင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။  ဒါကြောင့် စပါးအသင်းအတွက် အက်ဖ်အေဖလားရရှိရေးက ထင်သလောက်မလွယ်နိုင်ဘူးလို့ ပြောရမယ်။
ငွေကြေး
ဘရာဇီး တိုက် စစ် မှူး နေ  မာ ဘာစီ လို      နာ အသင်းက နေ ပီအက်စ် ဂျီ အသင်းကို ပြောင်းရွှေ့ ခဲ့ပြီးနောက်ပိုင်း   ဘောလုံး လောကရဲ့  ဘဏ္ဍာရေးဈေးကွက် ကလည်း အရှိန်အဟုန်နဲ့ ပိုမိုမြင့်တက်လာ ခဲ့တယ်။     အဲဒီနောက်ပိုင်းဖြစ်ပျက်ခဲ့တဲ့ အပြောင်းအလဲတွေကိုပဲကြည့်     ဒမ္ဘီလီ၊ အမ္ဘတ္ပီ၊   ကော်တင်ညိုတို့ရဲ့   အပြောင်း အရွှေ့တွေအားလုံးဟာ ယူရိုသန်း ၁ဝဝ ကျော်အထက်တွေမှာ ကြီးပဲ  ရှိနေခဲ့တယ်။  ဒါကိုကြည့်တာနဲ့  ဘောလုံးလောကရဲ့ ခေတ်သစ် တစ်ခုရောက်လာခဲ့ပြီဆိုတာက သေချာလွန်းနေခဲ့ပြီ။
လက်ရှိဟယ်ရီကိန်းရဲ့ ခြေစွမ်းတွေအရဆိုရင် ယူရိုသန်း ၂ဝဝလောက်အထိ ဈေးခေါ်နိုင်တဲ့ ကစားသမားအဆင့်မျိုးမှာ ရှိတယ်။ သူ့ရဲ့လက်ရှိအခြေအနေဟာ ရီးရဲမက်ဒရစ်အသင်းကို ဂါရက်ဘေးလ် က္ဘာ့စံချိန်တင်ပြောင်းရွှေ့ ကြေးနဲ့ ပြောင်းသွား ခဲ့တဲ့အချိန်နဲ့တောင်  တူညီနေတယ်လို့ ပြောရမယ်။    ကိန်းရဲ့ အပြောင်းအရွှေ့တံခါးကို လာခေါက်ခဲ့မယ်ဆိုရင် စပါးအသင်း အနေနဲ့ ဘယ်လောက်အထိ ခံနိုင်ရည်ရှိမလဲ။ အဲဒီခံနိုင်ရည် ကတော့  ဘယ်လောက်အထိကြာရှည်ခံမလဲ။  ဟယ်ရီကိန်း ကိုယ်တိုင်ကရော  ထိပ်တန်းကစားသမားတွေ  လုပ်ခအမြင့်ဆုံး ဖြစ်နေချိန်မှာ သူကရောစံချိန်တင်လုပ်ခမရဘဲ  နေနိုင်မလား။ ဆုဖလားတွေရနေမယ်ဆိုရင်တောင် ငွေကြေးကတော့ ဘောလုံး သမားတွေအတွက် မက်မောစရာလို့ပြောရမယ်။ ဒါကြောင့်လည်း အချိန်ကျလာခဲ့ရင်တော့ စံချိန်တင်ပြောင်းရွှေ့မှုတွေနဲ့ ဟယ်ရီ ကိန်းကိုတွေ့ မြင်ရမှာပါ။
Ballon d'Or  ဆု
Ballon d'Or ဆုဟာ ကစားသမားတစ်ယောက်အတွက် အကြီးမြတ်ဆုံးသော   ဆုတံဆိပ်လို့  ပြောရမယ်။   ပြီးခဲ့တဲ့ ဆယ်စုနှစ်   တစ်ခုလောက်က     ရော်နယ်ဒိုနဲ့    မက်ဆီတို့ဟာ Ballon d'Orဆုကို ခွဲယူခဲ့ကြပြီးပြီ။ ပြီးခဲ့တဲ့ ၂ဝ၁၇ ပြက္ခဒိန် တစ်နှစ်အတွင်း ဟယ်ရီကိန်းရဲ့သွင်းဂိုးဟာ လာလီဂါစတားတွေ ထက်သာတယ်။   အခုချိန်မှာ  သူ့ရဲ့အသက်  ၂၄  နှစ်သာ ရှိနေသေးတာကြောင့် သူ့အနေနဲ့ ဒီထက်ပိုကောင်းဖို့သာရှိတယ်။ ဒါကြောင့် သူ့လိုကစားသမားမျိုးဟာBallon d'Orဆုကို မျှော်မှန်းနိုင်တဲ့   အဆင့်မျိုးမှာ  ရှိတယ်။ ဒါပေမယ့် အဲဒီဆုကို ရယူနိုင်ဖို့အတွက် စပါးအသင်းနဲ့ဆိုရင် ဖြစ်နိုင်မလား။ ရိုးရိုးလေးဖြေရရင်   မဖြစ်နိုင် ဘူးလို့  ပြောရမယ်။  အဲဒီ ဆုကို  နောက်ဆုံးရရှိ ခဲ့တဲ့ အင်္ဂလန်ကစား သမား   ဆိုလို့ မိုက်   ကယ် အို  ဝင် ပဲ ရှိတယ်။
သူ့အနေနဲ့  ရီးရဲမက်ဒရစ်လိုအသင်းကြီး  တစ်သင်းသင်းကိုပြောင်းရွှေ့ခဲ့မယ်ဆိုရင်တော့ Ballon d'Or ဆုဟာ သူ့အတွက် ပိုမိုမျှော်မှန်းနိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။
ဒါကြောင့် လက်ရှိအချိန်မှာ အင်္ဂလန်မှာသာမက က္ဘာ့ ဘောလုံးလောကမှာပါ အကောင်းအဆုံး  တိုက်စစ်မှူးအဖြစ် သက်မှတ်ထားခြင်းခံရတဲ့ ဟယ်ရီကိန်းက စပါးအသင်းကို စွန့်ခွာ နိုင်မှုဟာ မကြာမီ လာမည်လာမည်မျှော်လို့သာဆိုရမှာ ဖြစ်ပါ တယ်။ အောင်က(မြန်​မာ့အလင်း)

No comments:

Post a Comment