Latest News
Saturday, January 13, 2018
အဂတိလိုက်စားတဲ့ ဝန်ထမ်းတွေကို မန်ဂျော်နီ ခြိမ်းခြောက်နိုင်ခဲ့ သလား
အဂတိလိုက်စားတဲ့ ဝန်ထမ်းတွေကို မန်ဂျော်နီ ခြိမ်းခြောက်နိုင်ခဲ့ သလား
မန်းဂျော်နီက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ မှာ ၀န်ကြီးချုပ်အဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ တဲ့  အချိန်မှာ ၀န်ထမ်းတွေရဲ့  အဂတိ တိုက်ဖျက်ရေးကို ဥပဒေအတိုင်းလုပ်ဆောင်မယ်လို့ ကြွေးကြော်ခဲ့ ပါတယ်.။
တာဝန်ယူပြီး သိပ်မကြာခင်မှာ ပဲ ၀န်ထမ်းတစ်ချို့ ကို အရေးယူတာတွေ နယ်ပြောင်းတာတွေတော့ကြားခဲ့ ရပါတယ်။
ဒါကအရေအတွက်အားဖြင့်ဆိုရင်တော့ လက်ငါးချောင်းမပြည့် ခဲ့ ပါဘူး။
လုပ်ပိုင်ခွင့် ရှိတဲ့ ညွန်ကြားရေးမှူးအဆင့်ရှိသူတွေ နဲ့ ရာထူးအရာခံရှိသူတစ်ချို့ သာအဆင်ပြေသလို နေနိုင်ကြပေမဲ့ အောက်ခြေ၀န်ထမ်းအများစုရဲ့ လူမှုစီးပွါးရေးဘ၀ကိုတိုင်းဧရာအနေနဲ့  လေ့ လာကြည့်ရာမှာတော့ အလျင်မီယုံသာရှိပါတယ်.။
တိုင်းဧရာအနေနဲ့  အခြေခံအဆင့်က ပညာရေး ကျန်းမားရေးနဲ့  ရဲဝန်ထမ်း စုစုပေါင်း  ဆယ်ငါ့ဦးရဲ့ မိသားစုကိုလေ့ လာခဲ့ တာပါ.။
အစိုးရသက်တမ်းတစ်နှစ်အတွင်းမှာ ၀န်ထမ်းအရေးယူမှုတွေက တော့ ယခင်ကထက်များလာပါတယ်။အထူးသဖြင့် ပညာရေးဝန်ထမ်းအများစုနဲ့ ရဲဝန်ထမ်းများကိုအရေးယူခဲ့ သလို ထွေအုပ်နဲ့  သစ်တော လျှပ်စစ်နဲ့  စည်ပင်ဝန်ထမ်းတွေ ပါဝင်ခဲ့ ပါတယ်။
ဝန်ထမ်းအရေးယူမှုတွေ  ကလည်းများလာသလို အစိုးရဘက်က အသံထွက်လာတာကတော့ ညွန်ကြားရေးမှူးတစ်ချို့ နဲ့ ဝန်ထမ်းတစ်ချို့ ကလည်း အစိုးရသစ်ကို အားဆန်းတဲ့ သဘောနဲ့ ပညာပြခဲ့ တာပါ။
ဒါနဲ့ ပတ်သတ်ပြီး မန်းဂျော်နီက “မင်းတို့ ကို ပြည်သူအာဏာအပ်နှင်းထားသူတွေ မဟုတ်ဘူး ငါတို့ က ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပြည်သူအာဏာအပ်နှင့်ထားလို့ ဝန်ကြီးချုပ်တွေ ၀န်ကြီးတွေဖြစ်နေပြီ ဒါငါတို့ ကအစိုးရ မင်းတို့ အစိုးရမဟုတ်တဲ့ အတွက်ကြောင့် မင်းတို့  ငါတို့  စကားကို နားထောင်ရမယ် ဆိုပြီးခပ်ပြတ်ပြတ်ပြောခဲ့ ရတယ်”လို့ ဆိုပါတယ်။
အစိုးရဘက်က မလျော့တဲ့  အခါ တစ်ဖက်က အားလျော့လာတယ်လို့ ဆိုပြီး အရေးယူမှုတိုင်းကိုတော့ ဥပဒေအတိုင်းသာအဆင့်ဆင့်ဆောင်ရွက်ခဲ့ တယ်လို့ ဆိုပါတယ်.။
ဝန်ထမ်းအရေအတွက်ဘယ်လောက်အထိကိုအရေးယူခဲ့ လည်းဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုလာတာမရှိပါဘူး ။
ဝန်ကြီးချုပ်က ပြည်သူတွေကို ခဏခဏ ပြောတဲ့ အထဲမှာ ပြည်သူတွေ သက်သေအထောက်အထားနဲ့ တကွ တင်ပြတိုင်ကြားကြဖို့ ဖြစ်ပါတယ်.။
ဇန်န၀ါရီလ (၁၂)ရက်နေ့ ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုင်းဧရာက အရင်ကကြွေးကြော်လာတဲ့  အဂတိတိုက်ဖျက်ရေး နှစ်နှစ်အတွင်းဘယ်လောက်အောင်မြင်လဲလို့  မေးမြန်းခဲ့ တော့ ..”ပြည်သူမပါပဲဖြစ်နေတယ် ပြည်သူမပါသ၍တော့  ဘယ်အစိုးရမှလုပ်နိုင်မှာ မဟုတ်ဘူး “လို့ ဆိုပါတယ်.။
သို့ သော်လည်းပဲ အဂတိ တိုက်ဖျက်ရေးနဲ့ ပတ်သတ်ပြီးတော့ အစီအစဉ်ကောင်းတွေကိုတော့ဆက်လက်အကောင်ထည်ဖော်ဖို့ ချမှတ်နိုင်ခဲ့ တယ်လို့ ဆိုပါတယ်.။
သတိထားစရာတစ်ခုကလည်း ၀န်ထမ်းတစ်ချို့ ဖိအားတွေကြောင့် နှုတ်ထွက်တာတွေ အလုပ်ထွက်နေတာတွေရှိနေပါတယ်.။
အရေးကြီးတာတစ်ခုက ၀န်ထမ်းများလည်းပြည်သူတွေဖြစ်သလို လုပ်ဆောင်မှုတိုင်းက အာဃာတတွေထားဖို့ မလို ပြည်နယ်နှင့်တိုင်းဒေသကြီးရဲ့ အကျိုးကိုတော့ ဘက်စုံထောင့် စုံကချဉ်းကပ်သုံးသပ်ဆောင်ရွက်ဖို့ သာဖြစ်ပါတယ်။
လာမည့် ၀န်ကြီးချုပ်အသစ်က ဒါကို ပါးပါးနပ်နပ်ကိုင်တွယ်ပြီးရှေ့ ရောက်အောင်လုပ်ဆောင်နိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမည်သာဖြစ်ပါတယ်.။
မျိုးမင်းပိုင်
No comments:
Post a Comment