Latest News

Saturday, January 13, 2018

အ.ထ.က ဇီးဖြူကွင်ကျောင်းက ဆဌမတန်းကျောင်းသားမောင်ဇွဲ စာရိတ္တမောင်ဆု ချီးမြှင့်ခံရ

အ.ထ.က ဇီးဖြူကွင်ကျောင်းက ဆဌမတန်းကျောင်းသားမောင်ဇွဲ စာရိတ္တမောင်ဆု ချီးမြှင့်ခံရ

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့ နယ် အ.ထ.က ဇီးဖြူကွင်းကျောင်းမှာ ဆဌမတန်းကျောင်းသား မောင် ဇွဲ့ က်ု ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသန်းနှင့် Royal Lake ပိုင်ရှင် ဦး အောင်အောင်တို့ က စာရိတ္တမောင်ဆုကို ချီမြှုင့်ခဲ့ သည်။

အဆိုပါကျောင်းက ဇန်န၀ါရီလ (၁၂)ရက်နေ့ တွင်ပြုလုပ်သော ပညာရေး စုံညီပွဲတော်တွင် မောင်ဇွဲသည် ရွေနား ဆွဲ တစ်ရံ ကောက်ရခဲ့ သည်.။

ကောက်ရရချင်းပင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများကို  လာရောက်အပ်နှံခဲ့ ခြင်းဖြစ်သည်.။
“ဒီလိုမျိုးကလေးကကျောင်းအတွက်ရော မိဘတွေအတွက်ပါ ဂုဏ်ယူစရာပါ ကျွန်တော်တို့ ကျောင်းက ကျေးလက်ဒေသမှာ ဆင်းရဲ့ တဲ့ မိသားစုအများစုကြားထဲမှာရှိနေတဲ့  နေရာမှာ ဒီလို မျိုးအပြုအမူဟာအင်မတန်ကောင်းတဲ့  ပြယုဒ်ပဲ ကျွန်တော်တို့ ဆရာတွေကလဲ ဒီပီတိပဲ စားနေရတာ “ဟု အ.ထ.က ဇီးဖြူကွင်းမှကျောင်းဆရာတစ်ဦးကပြောသည်။

အဆိုပါကျောင်း်သားကို ယင်းနေ့ က ပညာရေးစုံညီပွဲတော်နေ့ တွင်ပင်ကြားဖြတ်အစီအစဉ်ဖြင့် စာရိတ္တမောင်ဆုကို ချီးမြှင့်ခဲ့ ခြင်းဖြစ်သည်။

မျိုးမင်းပိုင်

No comments:

Post a Comment