Latest News

Friday, January 19, 2018

မင်းဘူးမြို့အဝင် ဆားပွတ်ချောင်းတံတားအောက် ကိုင်းတောအတွင်း တရားမဝင်ခိုးဝင်လာသူ ၁၁ ဦး ဖမ်းဆီးရမိ

မင်းဘူးမြို့အဝင်  ဆားပွတ်ချောင်းတံတားအောက်
ကိုင်းတောအတွင်း  တရားမဝင်ခိုးဝင်လာသူ ၁၁  ဦး ဖမ်းဆီးရမိ

မင်းဘူး    ဇန်နဝါရီ     ၁၈

မကွေးတိုင်းဒေသကြီး  မင်းဘူးမြို့အဝင်   ဆားပွတ်ချောင်း တံတားအောက်  ကိုင်းတောအတွင်း၌   တရားမဝင်ခိုးဝင်လာသူ   ၁၁  ဦးနှင့် ယာဉ်မောင်းတစ်ဦးတို့ကို   မင်းဘူးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့်  တမာတန်းရပ်ကွက်နေပြည်သူများ  ပူးပေါင်း ကာ ယနေ့  နံနက်  ၈  နာရီခန့်တွင်   ဖမ်းဆီးရမိခဲ့ကြောင်း     သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ    ၁၇ ရက်  ညနေ  ၆   နာရီခန့်တွင်  မင်းဘူးမြို့   အမှတ်-၁ ရပ်ကွက်  ဆားပွတ်ချောင်းတံတားအနီး တွင် ယာဉ်မောင်း  သက်နိုင် (၃၁ နှစ်)   မောင်းနှင်လာသော EE/---- HONDA PARTNER   GJ3 ယာဉ်နှင့် ဇော်လင်း နိုင်  (၁၈  နှစ်)  မင်းတုန်းမြို့နေသူ    မောင်းနှင်လာသော  9M/ ----  HYUNDAI  STAREXယာဉ်တို့ တိုက်မိကြရာမှ  EE/---- HONDA  PARTNER GJ3 ယာဉ်ပေါ်ပါ  တရား မဝင်ခိုးဝင်လာသူများမှာ ဆားပွတ်ချောင်းအတွင်း   ထွက်ပြေး တိမ်းရှောင်ပုန်းအောင်းနေကြကြောင်း သိရသည်။

တရားမဝင်ခိုးဝင်လာသူများ     ထွက်ပြေးခိုအောင်းနေ ကြောင်း  သတင်းရသဖြင့် ရပ်ကွက်နေပြည်သူများက   စောင့် ကြည့်နေခဲ့ရာ တမာတန်းရပ်ကွက်ရာအိမ်မှူး     ဦးမျိုးချစ်က ဇန်နဝါရီ ၁၈  ရက်  နံနက် ၆ နာရီခန့်တွင်  ဆားပွတ်ချောင်းအနီး  နွားမွေးမြူရေးလုပ်ကိုင်နေသူ    ဦးဇော်ဦးနေအိမ်ဝိုင်းအတွင်း   တရားမဝင်ခိုးဝင်လာသူတစ်ဦးက သောက်ရေနှင့်အစားအစာ များ တောင်းယူနေသည်ကိုတွေ့ရသဖြင့် ¤င်းပြန်ထွက်သွား သည့်နေရာကို နောက်ယောင်ခံလိုက်ရာမှ   ကိုင်းတောအတွင်း ပုန်းအောင်းနေသည့် တရားမဝင်ခိုးဝင်လာသူများအား  တွေ့ရှိ ကြောင်း   မင်းဘူးမြို့  အမှတ်-၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး  ဦးအေးလွင်ထံ အကြောင်းကြားခဲ့ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးက  ရဲတပ်ဖွဲ့သို့  ဆက်လက်အကြောင်းကြားခဲ့သဖြင့်   ရဲတပ်ဖွဲ့ဝင်များ၊   ရပ်ကွက်နေပြည်သူ   ၅ဝ ခန့်တို့က ဝိုင်းဝန်းဖမ်းဆီးခဲ့သဖြင့်  တရားမဝင်ခိုးဝင်လာသူ ၁၁ ဦးနှင့် ယာဉ်မောင်းတို့အား  ဖမ်းဆီး ရမိခဲ့ကြောင်း  သိရသည်။

ဖမ်းဆီးရမိခဲ့သော  တရားမဝင်ခိုးဝင်လာသူ   ၁၁ ဦးနှင့် ယာဉ်မောင်း သက်နိုင် (၃၁ နှစ်) လှိုင်မြို့နယ်  ရန်ကုန်တိုင်းဒေသ ကြီးနေသူတို့အား မင်းဘူးမြို့မရဲစခန်းတွင်   အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း  စခန်းမှူး ဒုရဲမှူး မြင့်ဇော်ထံမှ  သိရသည်။မေသူလွင်(မကွေးကိုယ်ပွား)မြန်​မာ့အလင်း

No comments:

Post a Comment