Latest News

Friday, January 26, 2018

ပညာရေးဝန်ကြီးဌာန ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်း ဆင်းလက်မှတ် ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပညာရေးဝန်ကြီးဌာန ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်း ဆင်းလက်မှတ် ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၆

ပညာရေးဝန်ကြီးဌာန ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်း ဆင်းလက်မှတ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၁)နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ ခန်းမတွင် ကျင်းပ ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာ စကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပညာရေး ဝန်ကြီးဌာန အနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပညာသင်ယူမှု အခွင့်အလမ်း မြင့်မားရေးနှင့် အရည်အသွေးပြည့်ဝသော ပညာရေးစနစ် ကို ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ပညာရေး ဝန်ကြီးဌာန အောက်ရှိ ဆရာ၊ ဆရာမများနှင့် ပညာရေး မိသားစုများအား အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ ICT၊ ရုံးလုပ်ငန်း၊ ဘာသာရပ်ဆိုင်ရာ မွန်းမံသင် တန်းစသည့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်းများကို ဖွင့်လှစ် ဆောင်ရွက်ပေး နေခြင်းဖြစ်ပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေးရှိသည့် ပညာရေး စနစ် ဖြစ်ထွန်းအောင်မြင်ရေး အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် မိမိတို့တာဝန်ကျရာ ကဏ္ဍအလိုက် မိသားစုစိတ်ဓာတ်ဖြင့် အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက အင်္ဂလိပ်စာကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁)၊ ရုံးလုပ်ငန်းအသုံးပြု ကွန်ပျူတာအခြေခံ ကျွမ်းကျင်မှုသင် တန်းအမှတ်စဉ်(၂)နှင့် ရုံးလုပ်ငန်း စွမ်းရည်မြှင့် သင်တန်းအမှတ်စဉ်(၃) များမှ သင်တန်းသား(၁၁၁)ဦးအား သင်တန်းဆင်း လက်မှတ်ပေးအပ်ချီး မြှင့်သည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ သင်တန်းသား၊ သင်တန်းသူ များသက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိ သည်။သတင်းစဉ်

No comments:

Post a Comment