Latest News

Friday, January 26, 2018

လီဂါနက်စ်ကို ရှုံးနိမ့်ပြီး ရီးယဲလ် စပိန်ဘုရင့်ဖလားပြိုင်ပွဲမှထွက်ခဲ့ရ ပီအက်စ်ဂျီနှင့်ချန်ပီယံလိဂ်ပွဲတွင် ဇီဒန်း အနာဂတ်ဆုံးဖြတ်မည်

လီဂါနက်စ်ကို ရှုံးနိမ့်ပြီး ရီးယဲလ် စပိန်ဘုရင့်ဖလားပြိုင်ပွဲမှထွက်ခဲ့ရ
ပီအက်စ်ဂျီနှင့်ချန်ပီယံလိဂ်ပွဲတွင် ဇီဒန်း အနာဂတ်ဆုံးဖြတ်မည်

မက်ဒရစ်   ဇန်နဝါရီ    ၂၅

ရီးယဲလ်အသင်းသည် ယမန်နေ့ညက ကစား သော စပိန်ဘုရင့်ဖလားကွာတားဖိုင်နယ် ဒုတိယ အကျော့ပွဲစဉ်တွင် လီဂါနက်စ်ကို  ၂ ဂိုး-၁ ဂိုး ဖြင့် ရှုံးနိမ့်ခြင်းကြောင့် အဝေးဂိုးစည်းမျဉ်းအရ ပြိုင်ပွဲမှထွက်လိုက်ရပြီဖြစ်သည်။

ပထမအကျော့ တွင် ရီးယဲလ်အသင်းသည် လီဂါနက်စ်ကွင်း၌ တစ်ဂိုးတည်းဖြင့်  အနိုင်ရသော်လည်း  ယခု ဒုတိယ အကျော့ အိမ်ကွင်းပွဲ၌  စီရော်နယ်ဒို၊ ဂါရတ်ဘေးလ်နှင့် မိုဒရစ်တို့ကို အနားပေးကာ ပြီးခဲ့သည့်  သီတင်းပတ်ကုန်က  ဒီပို့တီဗိုကို ၇ ဂိုး-၁ ဂိုးဖြင့် အနိုင်ရသည့်ပွဲမှ ပွဲထွက်ကစား သမားတစ်ဦးကိုသာ ပြန်သုံးပြီး  ကစားခြင်းကြောင့် နည်းပြဇီဒန်းက  အလွန်ခက်ခဲသော အခြေအနေကို ရောက်ရကြောင်းနှင့် မိမိတွင် တာဝန်ရှိသည်ဟု ဝန်ခံသည်။ ထိုပွဲ ပွဲချိန် ၃၂ မိနစ်တွင် လီဂါနက်စ်အတွက် အဖွင့်ဂိုးကို ဂျားဗီးယားအီရာဆိုက သွင်းယူပြီး ပွဲချိန် ၄၇ မိနစ်တွင် ရီးယဲလ် အတွက် တိုက်စစ်မှူး ဘင်ဇီမာက  ချေပဂိုးသွင်းခဲ့သည်။  

ရီးယဲလ် အသင်းမှာ ပထမပိုင်းပွဲချိန် တစ်လျှောက်လုံး လီဂါနက်စ်ဂိုးပေါက်သို့ တစ်ကြိမ်မျှ ခြိမ်းခြောက် နိုင်ခဲ့ခြင်းမရှိဘဲ ပွဲချိန် ၅၆ မိနစ်တွင် လီဂါနက်စ် အတွက် ဂါဘရီရယ်က ခေါင်းတိုက်ပြီး အနိုင်ဂိုး သွင်းသွားခဲ့သည်။ လီဂါနက်စ်မှာ  ပြီးခဲ့သည့် လေးရာသီက စပိန် တတိယ တန်းတွင် ကစား သောအသင်းဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်  တက်နိုင် ခြင်းဖြစ်ကာ ပွဲအပြီးတွင်  သမိုင်းတွင်သော နိုင်ပွဲအတွက် ကစားသမားတချို့မှာ ငိုကြွေခဲ့ ကြရသည်။

 ပွဲအပြီးတွင် ဇီဒန်းက ''ကျွန်တော်တို့ ပွဲတစ် ပွဲကို ကစားနိုင်ခြင်းမရှိဘူး။ ပထမပိုင်းတစ်ပိုင်း လုံးကို ကစားတာနဲ့ မတူဘူး။ ပထမအကျော့ တုန်းကလည်း သူတို့ကွင်းမှာ ကောင်းကောင်း မကစားနိုင်ဘူး။ ဒါပေမဲ့ တစ်ဂိုးတည်းနဲ့ အနိုင် ရခဲ့တယ်။ ဒီညပွဲကတော့ လိုအပ်တဲ့ကစားပုံမျိုး ကို လုံးဝမရဘူး။ အရမ်းကို ခက်ခဲသွားရပါပြီ။ ခက်ခဲတဲ့  ညတစ် ညပါ။ ကျွန်တော်တို့  မိနစ် ၉ဝ စလုံး အလုပ်တစ်ခုကို အကောင်းဆုံးလုပ် နိုင်ရမှာကို မလုပ်နိုင်ခဲ့ဘူး'' ဟု ပြောသည်။ လီဂါနက်စ် အသင်းအတွက် အနိုင်ဂိုးသွင်းသူ ဂါဘရီရယ်က ''ဘာပြောရမှန်းတောင် မသိတော့ ဘူး။

ဘယ်သူကမှ ဒီလိုရလဒ်ဖြစ် လာမယ်လို့ ထင်ကြမှာမဟုတ်ဘူး။ အနိုင်ဂိုးသွင်းလိုက်နိုင် တာကို ဘယ်လိုစကားလုံးနဲ့ ပြောရ မလဲတောင် မသိတော့ဘူး။ ရီးယဲလ်အသင်း ဒုတိယဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် မရနိုင်ခဲ့ဘူး။ ကျွန်တော်တို့ ပရိသတ်တွေ ဒီမဟာ နိုင်ပွဲအတွက် ပျော်ရွှင်ကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ်'' ဟု ဂုဏ်ယူ ဝင့်ကြွားစွာပြောသည်။

ရီးယဲလ်အသင်းသည် လာလီဂါတွင်လည်း  ဘာစီလိုနာကိုမီရန် ၁၉ မှတ်လိုနေပြီး ပြည်တွင်း ဖလားလည်း ရနိုင်စရာ မရှိခြင်းကြောင့် နောက် နှစ်ပတ်အကြာတွင် ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ပွဲအဖြစ် ပီအက်စ်ဂျီနှင့်ပွဲ၌  ရလဒ် မကောင်းပါက  နည်းပြဇီဒန်း  ရာထူးမှထုတ်ခံရမည်ဟု သတင်းများက ဖော်ပြနေသည်။(MWD)

No comments:

Post a Comment