ကားငှားစီးသည့် FDAမှ ဝန်ထမ်းအမျိုးသမီးအား သတ်ဖြတ်ပြီး
အလောင်းစွန့်ပစ်ခဲ့သူ အငှားယာဉ်မောင်းကို ဖော်ထုတ်အရေးယူ
နေပြည်တော် ဇန်နဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၃၃ တိုးချဲ့ရပ်ကွက် ငါးမာန်အောင်ဘုရားလမ်းမပေါ် ငမိုးရိပ် ချောင်းလက်တက် ချောင်းကူးတံတားဘေးရှိ သစ်ပင်အောက်၌ ဇန်နဝါရီ ၂၁ ရက် နံနက် ၇ နာရီခွဲ ခန့်က အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့ရာ မျက်နှာ၊ လည်ပင်းတို့တွင် ဖူးရောင်ညိုမည်း ဒဏ်ရာနှင့် လည်ပင်းရှေ့ ထိုးသွင်းဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။ သေဆုံးသူအား စိစစ်ဖော်ထုတ်ခဲ့ရာ ဒဂုံမြို့နယ် ဦးဝိစာရရပ်ကွက်နေ မရွှေရည်ဝင်း(ခ)ရွှေရည် (၂၅နှစ်)ဖြစ်ကြောင်း၊ နေပြည်တော်၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)တွင် ဒုတိယကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရှိရ၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်း၌ (ပ)၈၃/ ၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့သည်။
အမှုမှ တရားခံဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက အထူး အမှုစစ်အဖွဲ့ ဖွဲ့စည်းစစ်ဆေးဖော်ထုတ်ခဲ့ရာ မရွှေရည်ဝင်း မသေဆုံးမီ သွားလာသောနေရာ များ၏ CCTV မှတ်တမ်းများ၊ ပြည်သူလူထု ၏ သတင်းပေးပို့ချက်များ၊ အထူးအမှုစစ်အဖွဲ့ နှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၏ ကွင်းဆက် စုံစမ်းစစ်ဆေးဖော်ထုတ်ချက်များအရ ပြစ်မှု ကျူးလွန်သူ တက္ကစီ မော်တော်ယာဉ် အမှတ် 7E/---- တိုယိုတာဗစ် ငွေမင်ရောင် ယာဉ်မောင်းဖြစ်သော ဒဂုံမြို့သစ် (မြောက် ပိုင်း)မြို့နယ် ၃၃ တိုးချဲ့ရပ်ကွက် ပတ္တမြား-၄ လမ်းနေ မျိုးဇော်ဦး(၂၇နှစ်)အား ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီက ဖော်ထုတ်နိုင်ခဲ့ပြီး ၃ ရက်နှင့် ၆ နာရီအတွင်း မင်္ဂလာဈေး ယုဇန ပလာဇာ၌ သက်သေခံပစ္စည်း SAMSUNG လက်ကိုင်ဖုန်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ပြစ်မှုကျူးလွန်သူ မျိုးဇော်ဦးအား စစ်ဆေး ခဲ့ရာ အခင်းဖြစ်သည့်နေ့ ၂ဝ-၁-၂ဝ၁၈ ရက် ည ၇ နာရီ မိနစ် ၄ဝ ခန့်တွင် လှည်းတန်းလမ်းဆုံ အနီး အင်းစိန်လမ်းမပေါ်၌ အမျိုးသမီးတစ်ဦးက ဒဂုံမြို့နယ်ရှိ နေအိမ်သို့ ပြန်ရန်အတွက် ၄င်း၏ကားအား ငှားရမ်းကာ နောက်အခန်း၌ စီးနင်းလိုက်ပါခဲ့ကြောင်း၊ ဒဂုံမြို့နယ် မင်းမနိုင် အိမ်ရာအနီးအရောက်တွင် ကားငှားရမ်းခနှင့် ပတ်သက်၍ ဈေးပိုတောင်းခဲ့ရာမှ စကားများ ခဲ့စဉ် ကားအားရပ်တန့်၍ နောက်အခန်းသို့ ကူးကာ အမျိုးသမီး၏ လည်ပင်းအားညှစ်ပြီး ရင်ညွန့်အားခြေထောက်ဖြင့်ကန်ကာ ဖိနင်း ထားခဲ့ကြောင်း၊ ထို့နောက် တူးဘောက်(စ်)အတွင်းရှိ ဝက်အူလှည့်အားယူကာ လည်ပင်း အား တစ်ချက်ထိုးသွင်းခဲ့ပြီး သတိလစ်သွားစဉ် ကားအား ဆက်လက်မောင်းနှင်သွားခဲ့ကြောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) ၃၃ တိုးချဲ့ရပ်ကွက် ငါးမာန်အောင်ဘုရားလမ်းပေါ် ဖူဆယ် အားကစားရုံအနီးလမ်းဘေး မှောင်ရိပ်တွင် ကားကို ရပ်တန့်၍ သားမယားအဖြစ်ပြုကျင့် ခဲ့ကြောင်း၊ အမျိုးသမီးမှာ သတိမေ့နေရာမှ သေဆုံးသွားသဖြင့် ဝတ်ဆင်ထားသည့် ပလက်တီနမ်ဆွဲကြိုး၊ နားကပ်၊ ခြေချင်း၊ ပိုက်ဆံအိတ်နှင့် ဖုန်းတို့ကိုယူခဲ့ပြီး အလောင်းအား တွေ့ရှိရသည့်နေရာ ငမိုးရိပ်ချောင်း လက်တက်ချောင်းကူး တံတားဘေးရှိ သစ်ပင်အောက်တွင် စွန့်ပစ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုသည်။
အထူးအမှုစစ်အဖွဲ့မှ သက်သေခံ ပစ္စည်းတက္ကစီ အငှားယာဉ်၊ မရွှေရည် ဝင်း၏ SAMSUNG လက်ကိုင်ဖုန်း တစ်လုံး၊ ပလက်တီနမ်ဆွဲကြိုးတစ်ကုံး၊ အရည်ကျိုထားသော ရွှေအခဲငယ်တစ်ခု၊ အပြာရောင် မိန်းမစီးကတ္တီပါဖိနပ်တစ်ရန် FDA ဝန်ထမ်းကတ်တစ်ကတ်၊ မှတ်ပုံ တင်လိုင်စင်ဓာတ်ပုံ၊ ATM ကတ် တစ်ကတ်၊ ပန်းရောင်ပိုက်ဆံအိတ် တစ်အိတ်တို့အား ကနဦး သိမ်းဆည်း ရမိခဲ့ပြီး ကျန်သက်သေခံ ပစ္စည်းများ သိမ်းဆည်းရမိရေးနှင့် မျိုးဇော်ဦးအား ကျူးလွန်ခဲ့သည့် ပြစ်မှုဖြစ်စဉ်များ အလိုက် ထပ်မံအရေးယူသွားရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်
Wednesday, January 24, 2018
Subscribe to:
Post Comments (Atom)
No comments:
Post a Comment